News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဆောင်းမင်းပိုင်နှင့် တွေ့ဆုံခြင်း
01-May-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် မော်ဒယ်လ် သရုပ်ဆောင် ဆောင်းမင်းပိုင်နဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားလေးနဲ့ ပတ်သက်ပြီး မေးမြန်းထားတာတွေကို ဖော်ပြလိုက်ပါတယ်။

Voice : အခု ဘာကားအမျိုးအစား စီးနေလဲ။
SMP : Mazada RX-8 ပြိုင်ကားလေး စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
SMP : ဝယ်ထားတာ တစ်နှစ်လောက် ရှိပါပြီ။ 

Voice : ပြိုင်ကားကို လူငယ်သဘာဝအနေနဲ့ ကြိုက်လို့ ဝယ်ဖြစ်သွားတာလား။ ဘာကြောင့်လဲ။ 
SMP : ပြိုင်ကား အဓိက ဝယ်ရတဲ့ အကြောင်းအရင်းက ကားပြိုင်မောင်းရတာ သဘောကျတာလည်း ပါတယ်ပေါ့နော်။ ဒါပေမဲ့ ကားရှုပ်တဲ့အချိန်တွေ ဘာတွေတော့ မဟုတ်ဘူးပေါ့နော်။ မနက် အစောထပြီး မောင်းတာတို့၊ ညဘက် ကားရှင်းတဲ့အချိန် ထွက်မောင်းတာတို့ ကိုယ့်ဘလိုင်းကြီး လာကျော်သွားတာတို့ ဘာတို့ဆိုရင်တော့ ပြိုင်မောင်းဖြစ်ပါတယ်။ ငွေကြေးနဲ့ ပြိုင်မောင်းတာတို့ ဘာတို့တော့ မလုပ်ပါဘူး။ အဲလိုတွေက အသက် အန္တရာယ်လည်း များတယ်လေ။ တစ်ခါတလေ သူငယ်ချင်းတွေ အပျော်သဘော စုပြီး ချိန်းမောင်းတာတို့တော့ လုပ်ဖြစ်ပါတယ်။ 

Voice : ဒီကားရဲ့ အားသာချက်လေး ပြောပြပေးပါ။
SMP : ဒီကားရဲ့ အားသာချက်က လီဘာနင်းရတာ အရမ်းပေါ့တယ်။ နင်းသလောက်လည်း ပါတယ်။ နောက်ပြီး ဆွဲတာတို့၊ ရုန်းတာတို့လည်း ကောင်းတယ်။ 

Voice : အားနည်းချက်ကျတော့ရော။
SMP : အားနည်းချက်ကတော့ ကားက ဝပ်တယ်။ ဝပ်တော့ အောက်နဲ့ သိပ်မလွတ်ဘူး။ ဗိုက်နဲ့ငြိမိတာတို့ မကြာခဏ ဖြစ်တယ်။ ချိုင့်တွေ ဘာတွေဖြတ်ရင် အောက်ပိုင်းနဲ့ ထိမိတာတို့ ဘာတို့ ဖြစ်တယ်။

Voice : ပြိုင်ကား မောင်းတာဆိုတော့ မြို့ထဲကလမ်းတွေနဲ့ အဆင်ပြေရဲ့လား။ 
SMP : မြို့ထဲမောင်းရတာက အဆင်ပြေတယ်။ ဒါပေမဲ့ ရပ်ကွက်ထဲတွေ ဘာတွေမှာ မောင်းရတာကျ အဆင်မပြေဘူး။ အောက်ပိုင်းထိလိုက်၊ ဘန်ပါထိလိုက်၊ ဘေးဘက်ထိလိုက်နဲ့ ခဏခဏ ကားက ထိခိုက်မိတယ်။

Voice : သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပြိုင် ကားစီးရတာ အဆင်ပြေလား။
SMP : ပြိုင်ကားနဲ့ သရုပ်ဆောင်နဲ့က သိပ်တော့ အဆင်မပြေဘူး။ ဒါပေမဲ့ ကျွန်တော့် အသက်အရွယ်နဲ့ကျ ပြိုင်ကားလေးစီးရတာ Feel ဖြစ်လို့ စီးတာပါ။ ရှုတင်သွားဖို့ကျ အဆင်မပြေပါဘူး။

Voice : ပြိုင်ကားအပြင် တခြား ဘယ်လိုကားအမျိုးအစားတွေ သဘောကျသေးလဲ။
SMP : ပြိုင်ကားအပြင် အလုပ်အတွက်ဆိုရင်တော့ Arphard လို ကားအကြီးကြီးတွေ သဘောကျပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS