News

POST TYPE

AUTOMOBILE

နယ်လိုင်စင် အဝယ်များ၍ အရောင်းစင်တာ မော်တော်ယာဉ်များ အရောင်းအဝယ်ကောင်း
15-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၄


ရန်ကုန်လိုင်စင် ပိတ်ထားခြင်းကြောင့် မော်တော် ယာဉ်အရောင်းစင်တာများ၌ သုံးလခန့် အရောင်းအဝယ် အေးစက်နေရာမှ ယခုနောက်ပိုင်းတွင် နယ်လိုင်စင် ကပ်၍ မော်တော်ယာဉ် အရောင်းစင်တာများက ရောင်းချလာနိုင်ခြင်းကြောင့် အရောင်းအဝယ် ကောင်းမွန်ကြောင်း ရန်ကုန်မြို့တော်အတွင်းရှိ မော်တော်ယာဉ် အရောင်းစင်တာများထံမှ သိရသည်။

 

''တကယ် လိုအပ်တဲ့သူကတော့ တကယ် ဝယ်ကြတာပဲလေ''ဟု အရောင်းပြခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမျိုးဇင်ဝင်းက ပြောဆိုသည်။

 

လက်ရှိ ရန်ကုန်မြို့တော်၌ အခြားနယ်များမှ ဝင်ရောက်သည့် မော်တော်ယာဉ်များကို မြို့ဝင်ကြေး ကောက်ခံနေမှုများကိုလည်း ပယ်ဖျက်ထားခြင်းကြောင့် နယ်လိုင်စင်များဖြင့် ကပ်၍ မော်တော်ယာဉ် ဝယ်ယူသူ များပြား လာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

 

အရောင်းအဝယ် များပြားသည့် နယ်လိုင်စင်များမှာ မန္တလေး၊ ပဲခူးတို့ဖြစ်ပြီး မန္တလေးလိုင်စင် မော်တော်ယာဉ်များက ပိုမို ရောင်းချရကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

 

''ရန်ကုန်လိုင်စင် ပိတ်ထားတာကြောင့် နယ်လိုင်စင်ကားနဲ့ ရန်ကုန် လိုင်စင်ကားဈေးက အရင်က ထက် တော်တော် ဟသွားတယ်'' ဟု လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးသိန်းဌေးက ဆိုသည်။

 

တစ်ပတ်ရစ် မော်တော်ယာဉ်များ၏ ဈေးနှုန်းသည် ကျပ် ၁၅ သိန်းခန့်မြင့်တက်ပြီး Free Permit မော်တော်ယာဉ်များမှာ ကျပ်သိန်း ၂ဝ မှ ၃ဝ ခန့် အထိ မြင့်တက်ကာ စလစ်ကပ် မော်တော်ယာဉ်များ၏ ဈေးနှုန်းသည်လည်း ကျပ် ၁ဝ သိန်းခန့်အထိ မြင့်တက်ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။



  • VIA