News

POST TYPE

AUTOMOBILE

Jade Dragon Dance Crew at Artist ရဲ့ အဖွဲ့ခေါင်းဆောင် ချမ်းမြေ့ဦးနှင့် တွေ့ဆုံခြင်း
24-Apr-2017 tagged as


ဒီတစ်ပတ် Celebrities’ Choice ကဏ္ဍအတွက် Jade Dragon Dance Crew at Artist ရဲ့ အဖွဲ့ခေါင်းဆောင် ချမ်းမြေ့ဦးရဲ့ သူစီးနေတဲ့ကားနဲ့ သူဘယ်လို ကားအမျိုးအစားတွေ ကြိုက်တတ်လဲ ဆိုတာ အပါအဝင် ကားနဲ့ပတ်သက်တဲ့ အကြောင်းလေးတွေ မေးမြန်းထားတာကို ကောက်နုတ်တင်ပြ လိုက်ပါတယ်။ 

Voice : အခု ဘာကားလေး စီးနေလဲ။
CMO : ကျွန်တော် အခု Alphard စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။ 
CMO : ဝယ်ထားတာ တစ်နှစ်၊ ၂ နှစ်လောက် ရှိပါပြီ။ 

Voice : ဒီကားရဲ့ အားသာချက်၊ အားနည်းချက်တွေကရော ဘာတွေရှိလဲ။
CMO : အဓိက သူ့ရဲ့ အားသာချက်ကတော့ ကျွန်တော်တို့က အဖွဲ့လိုက်သွားရတာဆိုတော့ လူများများဆံ့တယ်။ နောက် ရှုတင်တို့၊ ပွဲတို့သွားရင် ပစ္စည်းတွေ ဘာတွေ ထည့်ရတာ ဆံ့တယ်။ ဒါက သူ့ရဲ့ အားသာချက်ပေါ့။ သူ့ရဲ့ အားနည်းချက်က ကားက နည်းနည်းကြီးနေတဲ့အတွက် လမ်းကျဉ်းတွေထဲ ဝင်ရတဲ့အခါမျိုးမှာ နည်းနည်း ခက်ခဲတယ်။ နောက် ကားပြန်ကွေ့တဲ့အခါ ကျရင် နည်းနည်း ခက်ခဲတယ်။ အဲဒါလေးတွေတော့ နည်းနည်း အခက်အခဲ ရှိတယ်။ 

Voice : ကိုယ်တိုင်ပဲ မောင်းတာလား။
CMO : ကျွန်တော်ကိုယ်တိုင်ပဲ မောင်းဖြစ်ပါတယ်။ 

Voice : ကားမောင်းရတာရော ဝါသနာပါလား။ 
CMO : ကားမောင်းတာ ဝါသနာပါတယ်ရယ်လို့ တော့ မဟုတ်ဘူး။ ကားမမောင်းတတ်ခင်တုန်းက ကားအရမ်း မောင်းချင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ကားမောင်း သက်တမ်းလည်း ကြာလာတယ်၊ နောက်ပွဲတွေ ဆက်လာတဲ့အခါမျိုးကျရင်တော့ အရမ်းပင်ပန်းလို့ မမောင်းချင်တော့ဘူး။ 

Voice : လူငယ်ပိုင်းလည်း ဖြစ်နေတော့ သူများတွေလို ညဘက်တွေ ကားပတ်မောင်းရတာမျိုးရော သဘောကျလား။ 
CMO : အဲဒီလိုတော့ ကျွန်တော် သဘောမကျဘူးဗျ။ 

Voice : ကားတွေထဲမှာ ဘယ်လို ကားအမျိုးအစားတွေ သဘောကျသေးလဲ။
CMO : ကျွန်တော် ကျယ်ကျယ်ဝန်းဝန်းနဲ့ ပစ္စည်းတွေ ဘာတွေ ထည့်လို့ အဆင်ပြေတဲ့ ကားအကြီးကြီးတွေ သဘောကျပါတယ်။

Voice : လက်ရှိမြို့တွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုအပိုင်းကိုရော မောင်လေးအနေနဲ့ ဘယ်လိုမြင်လဲ။
CMO : အခုနောက်ပိုင်းက သူလိုကိုယ်လို လူတိုင်း ကားစီးလာနိုင်တဲ့အတွက် ယာဉ်လမ်းကြောင်းတွေကတော့ အရင်ကထက် ပိုကျပ်လာတယ်။ တစ်နေရာနဲ့ တစ်နေရာ အချိန်ပေးရတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ကျွန်တော် ထင်တာပေါ့နော်။ တချို့ ယာဉ်မောင်းတွေဆို စည်းကမ်း မလိုက်နာကြဘူး။ လမ်းပြောင်းပြန်တွေ မောင်းကြတယ်။ မီးပွိုင့်တွေ ဖြတ်ကြတယ်။ အဲဒီလိုမျိုးတွေတော့ ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS