News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ခိုင်နှင်းဝေနှင့် တွေ့ဆုံခြင်း
27-Mar-2017 tagged as


ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေနဲ့တွေ့ဆုံပြီး သူ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ထားတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : အခု ဘာကားလေး စီးနေလဲ။ 
KHW : အခုလက်ရှိ Alphard စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ဘယ်လောက် ကြာပြီလဲ။ 
KHW : သုံးနှစ်လောက်တော့ ရှိသွားပါပြီ။ 

Voice : ကားဝယ်ထားတာ ကြာပြီဆိုတော့ ဒီကားရဲ့ အားသာချက်တွေက ဘာတွေရှိလဲ။
KHW : အစ်မက သရုပ်ဆောင်လည်း ဖြစ်တယ်ဆိုတော့ ကားကြီးတာနဲ့က ပိုပြီး အဆင်ပြေတယ်။ ကားသေးရင် အဝတ်အစားလဲရတာ အဆင်မပြေဘူး။ အောက်ဒိုးတွေ ထွက်ရိုက်ရတဲ့အခါ အဝတ်အစားလဲရတာ အဆင်ပြေတယ်။ ပစ္စည်းဆံ့တယ်။ ဒါကြောင့် Alphard ကို သဘောကျပါတယ်။ 

Voice : ဒီကားနဲ့ ခရီးတွေ ဘာတွေရော ထွက်ဖြစ်လား။ 
KHW : ထွက်ဖြစ်ပါတယ်။ 4 Wheels လို အရမ်းကြီး မောင်းလို့ မရဘူးဆိုပေမယ့် ဒီကားလေးက အဆင်ပြေပါတယ်။ နောက် Alphard က အခု တော်တော်များများ စီးနေကြတယ်။ တော်တော်လည်း မာတယ်။ 

Voice : မြို့တွင်းမှာကျတော့ ကားကြီးတဲ့အတွက် ယာဉ်လမ်းကြောင်းတွေ ဘာတွေရှုပ်တော့ သွားရတာ ဘယ်လိုရှိလဲ။ 
KHW : ယာဉ်လမ်းကြောင်းကျတော့ နည်းနည်းလေးတော့ ကျပ်သွားတာပေါ့။ ကားသေးရင်တော့ အဆင်ပြေပါတယ်။ နောက် အစ်မက Kluger လေးစီးတယ်။ အဲဒီကားလေးကို မြို့ထဲတွေ ဘာတွေ သွားတဲ့အခါ နည်းနည်းလေး မျှသုံးတာပေါ့။ 

Voice : Alphard နဲ့ Kluger မှာ ဘယ်လို ကွာခြားချက်တွေရှိလဲ။ 
KHW : Kluger ကျတော့ 4 Wheels ထဲမှာ ပါသွားတာပေါ့။ အမှန်တကယ်ကတော့ ကားအသေးလေး စီးချင်တယ်။ နောက်ထပ်လည်း ဝယ်ချင်သေးတယ်။ အိမ်က အမေက ဆူနေလို့ မဝယ်ဖြစ်သေးတာ။

Voice : ကားထဲမှာဆိုရင်ရော ဘယ်လို ကားအမျိုးအစားလေးတွေ သဘောကျလဲ။ 
KHW : အစ်မက ကားဆိုရင်တော့ ကားကြီးတာတွေပဲ သဘောကျတယ်။ အမှန်တကယ်တော့ Land Cruiser တွေလည်း သဘောကျတယ်။ ဒါပေမဲ့ အဲ့ဒီကားတွေကျတော့ ထည်ဝါတာပေါ့နော်။ ပွဲတက်တွေ ဘာတွေဆိုလည်း အရမ်းလှတယ်။ ဒါပေမဲ့ အစ်မကတော့ ဒီကားလေးတွေပဲ စီးဖြစ်နေသေးပါတယ်။ 

Voice : ဒီကားက ဆီစားနှုန်းရော။
KHW : သက်သာတယ်။ ဆီလည်း သိပ်မစားဘူး။ အောက်တိန်း ထည့်စီးတာဆိုတော့ ခရီးသွားရင်လည်း ဆီစား သက်သာပါတယ်။ 

Voice : ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနဲ့ ပတ်သက်ပြီးတော့ရော ပရိသတ်ကို အကြံပြု စကားလေး ပြောပေးပါဦး။  
KHW : ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းက တစ်ဦးတစ်ယောက်တည်း ကောင်းနေလို့လည်း ရတာမျိုး မဟုတ်ဘူး။ အခုနောက်ပိုင်း မြင်နေရတာကတော့ တော်တော်လေး အသိတရားလေးတွေ ရှိလာတယ်လို့ မြင်တယ်။ အရင်တုန်းကဆို ကားတွေကို ဟွန်းတွေ စွတ်တီးတာတွေ၊ နောက် ကြားဖြတ် ကျော်ဖြတ်တာတွေပေါ့နော်။ စည်းကမ်းအတိုင်း မလိုက်နာဘဲ ကြားဖြတ်ဝင်တိုးတာမျိုးတွေ၊ မီးပွိုင့်နား ရောက်တော့မှ ထကွေ့လိုက်တာတွေ တွေ့နေရတယ်။ အခုနောက်ပိုင်းတော့ အဲလိုလုပ်နေတာတွေ ပပျောက်သွားတာမျိုး မဟုတ်ပေမယ့် အရင်တုန်းကလောက်တော့ မဆိုးတော့ဘူး။ အဲလိုမျိုးလေးတွေ ကောင်းလာတာတော့ မြင်ရပါတယ်။ ဆက်ပြီးတော့လည်း ယာဉ်စည်းကမ်း လမ်း စည်းကမ်းကို လိုက်နာကြပါလို့ မှာချင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း

  • TAGS