News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဝါဆိုမိုးဦးနှင့် တွေ့ဆုံခြင်း
08-Aug-2016

ဒီတစ်ပတ်ရဲ့ Celebrities's Choice ကဏ္ဍမှာတော့ မကြာသေးခင်ကမှ ၂၁ နှစ်ပြည့်ခဲ့တဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ လက်ရှိ စီးနေတဲ့ကားနဲ့ ဘယ်လို ကား အမျိုးအစားတွေ သဘောကျတယ် ဆိုတာကို ဝါဆိုမိုးဦးရဲ့ ပရိသတ်တွေအတွက် ဖော်ပြ ပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ကားက ဘာအမျိုးအစားလဲ။
WSMO : ညီမ အခုလက်ရှိ Cadillac အမျိုးအစားကို စီးနေပါတယ်။

Voice : ကားကိုရော Driver နဲ့ မောင်းတာလား။ ကိုယ်တိုင် မောင်းတာလား။
WSMO : သူများမောင်းရင် စိတ်က လောနေတာနဲ့ စိတ်မရှည်လို့ ညီမ ကိုယ်တိုင် မောင်းတာ များတယ်။

Voice : ကားကို ကိုယ်တိုင် မောင်းနေတာဆိုတော့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ရှုပ်ထွေးမှုတွေကြောင့် ကား မောင်းတဲ့အခါရော အဆင် မပြေတာမျိုးတွေ ရှိလား။
WSMO : ယာဉ်ကြော ကျပ်တာတွေ များတဲ့အတွက် ကားမောင်းရတာ အသက်တော့ တော်တော် တိုတယ်။ ဝါဆိုကိုယ်တိုင်က စိတ်မရှည်တာလည်း ပါတာပေါ့နော်။

Voice : လက်ရှိ ယာဉ်ကြောကျပ်တဲ့ ပြဿနာကိုရော ဘယ်လို ဖြေရှင်းသင့်တယ်လို့ ညီမ မြင်သလဲ။
WSMO : ယာဉ်ကြောကျပ်တဲ့ ပြဿနာက ကားတွေ အရမ်းများလာတော့ ဘယ်လိုမှ ဖြေရှင်းလို့ မရတဲ့ပုံ ဖြစ်နေတာပေါ့နော်။ ဝါဆို အပြင် ထွက်တော့မယ်ဆို အချိန် တစ်နာရီလောက် ယူရတယ်။ နောက်ပြီး ဘယ်လမ်းကသွားရင် ယာဉ်ကြောပိတ်တာ သက်သာမယ်ဆိုတာမျိုး ကြိုတွေးရတာပေါ့နော်။ အဲဒီလို အခက်အခဲလေးတွေတော့ ရှိပါတယ်။

Voice : နောက်ထပ်ရော ဘယ်ကားမျိုးကို ပြောင်းစီးချင်လဲ။
WSMO : Bentley စီးချင်ပါတယ်။ Bentley ကို ဝါဆို အရမ်းကြိုက်တာ။

Voice : လက်ရှိ စီးနေတဲ့ ကားကရော ညီမအတွက် ဘယ်လောက်အထိ အသုံးဝင်လဲ။
WSMO : လက်ရှိ ညီမ စီးနေတဲ့ ကားကတော့ ပြောရမယ်ဆို အရမ်းကြီးတဲ့အတွက် သွားရ လာရတာ နည်းနည်း ခက်ပါတယ်။ ကိုယ်တိုင်လည်း မောင်းနေတာ ဆိုတော့လေ။ ဒါပေမဲ့ ဝါဆိုက ကားအကြီးတွေ သဘောကျတယ်။ ကားကြီးတဲ့အတွက် စိတ်ထဲမှာလည်း လွတ်လွတ်လပ်လပ် ကျယ်ကျယ်ဝန်းဝန်း ရှိတယ်လို့ ခံစားရပါတယ်။

Voice : ကားကို အလှ ဆင်ရတာမျိုးတွေ သဘောကျလား။
WSMO : အဲဒီလိုတော့ ဝါဆို သဘော မကျဘူး။ ဝါဆိုက ကားဆို သူ့ Brand နဲ့သူ ရှင်းရှင်းလေး ဖြစ်နေတာမျိုး သဘော ကျတယ်။ ဝါဆိုက ကား Crazy တစ်ယောက်ပါ။ မော်ဒယ်လ်အသစ်တွေ ထွက်လာပြီဆိုရင်လည်း စီးချင်တယ်။

Voice : ပြိုင်ကားတွေ ဘာတွေရော သဘောကျလား။ 
WSMO : ပြိုင်ကားတွေ ဘာတွေလည်း သဘောကျပါတယ်။ ဒါပေမဲ့ လောလောဆယ် ဝါဆို အရမ်း စီးချင်နေတာက Bently ပါ။

Voice : ညီမ ကိုယ်တိုင်လည်း ကားမောင်းတယ်ဆိုတော့ ညီမရဲ့ ပရိသတ်တွေကိုရော ကားနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေ အမှာ စကားလေး ပြောပေးပါဦး။
WSMO : ကား Traffic ကတော့ အရမ်းကျပ်တဲ့ အချိန်ဆို ဝါဆို ကိုယ်တိုင်လည်း စိတ် မရှည်တတ်ပါဘူး။ တစ်ခါတလေ ရန်တောင် ဖြစ်ချင်တဲ့အထိ ဖြစ်လို့ ဝါဆို့ ပရိသတ်တွေကိုလည်း ကားမောင်းရင် စိတ်ရှည်ဖို့ မလောဖို့ အကြံ ပေးချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA