POST TYPE

AUTOMOBILE

တေးသံရှင် ဇွဲပြည့်နှင့် တွေ့ဆုံခြင်း
12-Dec-2016 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ စာချွန်တော် တေးစီးရီးခွေ ထွက်ရှိထားပြီး အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ သီချင်းနဲ့ လူသိများခဲ့တဲ့ တေးသံရှင် ဇွဲပြည့်နဲ့ တွေ့ဆုံမေးမြန်း ထားတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
ZP : လက်ရှိမှာ Nissan Note 2013 စီးနေပါတယ်။

Voice : ဘာကြောင့် ဒီကားလေး ရွေးဝယ်ဖြစ်သွားတာလဲ။
ZP : အမှန်အတိုင်းပြောရင် ဒီကားက ဈေးသက်သာတဲ့ထဲမှာလည်း မပါဘူး။ နောက် ဒီကားက အိမ်စီးကား သီးသန့်ပဲ ထုတ်တာဆိုတော့ အရင်ကတည်းကလည်း ဦးလေး ဝယ်ထားတာ စီးဖူးတော့ သဘောကျလို့ ရွေးဝယ်ဖြစ်သွားတာပါ။ နောက်ပြီး ဒီကားက ခရီး သွားရတာလည်း ကောင်းတယ်။ အတွင်းခန်းလည်း ကျယ်တော့ ရှုတင်တွေ ဘာတွေသွားရင် ကားထဲမှာတင် အင်္ကျီလဲရတာတို့၊ အဝတ်အစားတွေ သယ်လာရတာတို့တွေရှိတော့ ဒီကားလေးက အတော်လေး အသုံးဝင်ပါတယ်။

Voice : ဝယ်ထားတာရော ဘယ်လောက်ကြာပြီလဲ။
ZP : တစ်နှစ် ရှိသွားပါပြီ။

Voice : နောက်ထပ်လဲဖို့ အစီအစဉ် ရှိသေးလား။
ZP : ခုလောလောဆယ်က ရန်ကုန်လိုင်စင် မချပေးသေးလို့ မလဲဖြစ်သေးတာပါ။ လိုင်စင်ချပေးမယ်ဆို လဲဖို့ အစီအစဉ် ရှိပါတယ်။

Voice : တကယ်လို့ လဲဖြစ်မယ် ဆိုရင်ရော ဘယ်လိုကားမျိုး လဲချင်လဲ။
ZP : နောက်လဲမယ်ဆိုရင်တော့ Mazda လေး လဲချင်ပါတယ်။

Voice : ကားက ကိုယ်တိုင်ပဲ မောင်းတာလား။
ZP : ဟုတ် ကျွန်တော် ကိုယ်တိုင်ပဲ မောင်းတာပါ။

Voice : ကားမောင်းတာက ဘယ်ချိန်ကတည်းက စမောင်းခဲ့တာလဲ။
ZP : ကျွန်တော် လိုင်စင် မရှိခင် ခြောက်တန်း၊ ခုနစ်တန်းလောက်ကတည်းက အဖေက ကျောင်းလိုက်ပို့ရင် ကားကို ကျောင်းရှေ့အထိ ကိုယ်တိုင် မောင်းခဲ့ဖူးတယ်။

Voice : ကားမောင်းနေတဲ့အခါတွေမှာရော ဘာတွေ သတိထားပြီး မောင်းသင့်လဲ မောင်လေး။
ZP : ကားမောင်းတဲ့အခါ တစ်ခါတလေ ကိုယ်မှန်တိုင်းလည်း မောင်းလို့ မရဘူး။ နောက် လုံခြုံမှုအတွက် ခါးပတ်လည်း ပတ်ထားသင့်ပါတယ်။ နောက် ကားမောင်းတဲ့အခါ ကိုယ်နိုင်တဲ့ Speed လောက်နဲ့ပဲ မောင်းသင့်ပါတယ်။ ကိုယ်က ၆၀ လောက်နိုင်ရင် ၆၀ လောက်နဲ့ပဲ မောင်းသင့်ပါတယ်။ ကားမောင်းတဲ့အခါ ရှေ့ကိုကြည့် မောင်းနေရုံတင် မဟုတ်ဘဲ နောက်ကြည့်မှန်တွေကိုလည်း ကြည့်ပြီး သတိနဲ့ မောင်းသင့်ပါတယ်။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးရော ပရိသတ်ကို ဘယ်လို အကြံပြုချင်လဲ မောင်လေး။
ZP : အဓိက ကတော့ လိုင်စင်ပေါ့နော်။ လိုင်စင်မရှိဘဲ ကား မမောင်းဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆောင်ပုဒ်ထဲကလို မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့ ဆိုတာမျိုး။ မူးနေရင် ကားကို ကိုယ်တိုင် မမောင်းတာ အကောင်းဆုံးပါ။ နောက်ထပ်မှာချင်တာက မန္တလေးမှာဆို ကားတွေရော၊ ဆိုင်ကယ်တွေရော ရှုပ်တော့ မီးပွိုင့် ဖြတ်မမောင်းဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS