News

POST TYPE

AUTOMOBILE

အမြန်လမ်းနှင့် ယာဉ်စည်းကမ်း
19-Nov-2018
“အမြန်လမ်းမှာ ဒဏ်ရိုက်မခံရဖူးဘူး”
ကိုနန္ဒမင်းထွဋ် (ကိုယ်ပိုင်ယာဉ်မောင်း)

ခါးပတ်တော့ အမြဲတမ်းပတ်တယ်။ ကီလိုကျော် မောင်းတာတော့ နေပြည်တော်အမြန်လမ်းမှာ အဲဒီနေရာတစ်ခုရှိတယ်။ သတိထားပြီး အရှိန်လျှော့မောင်းရတယ်။ ကားသမား တော်တော်များများလည်း သိတယ်။ အဲဒီနေရာမှာ အရှိန်လျှော့မောင်းရင်ရတယ်။ အဲဒီနားရောက်ရင် နည်းနည်း မှေးလိုက် ကီလိုမကျော်တော့ဘူး။ နေပြည်တော် အဝင်ဘက် အခြမ်းနားက နေရာကို သတိထား။ အမြန်လမ်းပါဆိုမှ အမြန် မောင်းချင်လို့ပေါ့။ အမြန်လမ်းမှာ ဒဏ်ရိုက်မခံရဖူးဘူး။ ကားတွေကို Hijet ကို ကီလို ၆၀ ပဲမောင်းခိုင်းတာ အရမ်းနည်းတယ်။ ရန်ကုန်မြို့ထဲမှာတောင် လမ်းရှင်းရင် ကီလို ၇၀ လောက် မောင်းနေတာ။

“၁၁၅ မိုင် မရောက်ခင်နားမှာ မိတဲ့အတွက် ဖြူးတရားရုံးမှာ ဒဏ်ငွေ သွားဆောင်ရတယ်”
ကိုအောင်အာကာ (ကိုယ်ပိုင်ယာဉ်မောင်း) 

အမြန်လမ်းမှာ ကီလိုကျော်မောင်းလို့ အဖမ်းခံရဖူးတယ်။ ဖမ်းတဲ့နေရာမှာပဲ ပြန်သွားရွေးရတယ်။ ကျွန်တော်မိတာက ၁၁၅ မိုင် မရောက်ခင်နားမှာ မိတဲ့အတွက် ဖြူးတရားရုံးမှာ ဒဏ်ငွေသွားဆောင်ရတယ်။ ကီလိုကျော်မောင်းမိတဲ့အတွက် ငါးသောင်းဆောင်ခဲ့ဖူးတယ်။ တချို့ တလေလည်း အမြန်လမ်းရဲစခန်းမှာတင် ပြီးတယ်။ ဒါပေမဲ့ နေ့ချင်းတော့မရဘူး။ မိတဲ့မြို့နယ်မှာပဲ နောက်တစ်ခေါက် ထပ်သွားရွေးရတယ်။ သူတို့ဖမ်းတယ်ဆိုတာ ပေါ်တင်ဖမ်းတာ မဟုတ်တဲ့အတွက် ဘယ်နားကနေ ဖမ်းတယ်ဆိုတာ ကျွန်တော်မသိဘူး။ ၁၁၅ မိုင် ရဲစခန်းရောက်မှ အမြန်လမ်းယာဉ်ထိန်းရဲက လာဖမ်းတာ။ သူတို့ဘက်က ဒီလို စည်းကမ်းတွေ သတ်မှတ်ထားတဲ့အတွက် ကောင်းပါတယ်။ ကျွန်တော်ကတော့ ဖမ်းလည်းမောင်းမှာပဲ။ ဒဏ်ငွေဆောင်မယ်။