News

POST TYPE

AUTOMOBILE

အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း
17-Oct-2016

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာနဲ့ တွေ့ဆုံမေးမြန်း ထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

Voice : နန်းခင် လက်ရှိစီးနေတဲ့ ကားအမျိုးအစား လေး ပြောပြပေးပါဦး။
NKZY : လက်ရှိ နန်းခင် Toyota Crown 2010 စီးနေပါတယ်။ 

Voice : ဒီကားဝယ်ထားတာ ကြာပြီလား ညီမ။
NKZY : ဒီကား ဝယ်ထားတာ သိပ်မကြာသေးဘူး။ ခြောက်လလောက်ပဲ ရှိသေးတယ်။

Voice : လက်ရှိ စီးနေတဲ့အခါမှာရော ကားက တခြား ကားတွေနဲ့ ဘာကွာလဲ။
NKZY : ကောင်းတာကတော့ စီးရတြာ ငိမ့်တယ်။ လူမပင်ပန်းဘူး။ တစ်ခါတလေ ခရီးသွားတာပဲဖြစ်ဖြစ် သူ့ရဲ့ထိုင်ခုံက မော်တာတွေလည်း ပါတယ်။ ပြီးတော့ အင်ဂျင်ပါဝါကလည်း နန်းခင်က 2.5 ကို Grade အပြည့်ရတော့ ဘယ်လို ပြောရမလဲ အရမ်း အဆင်ပြေပါတယ်။ နောက်ပြီး ဓာတ်ဆီလည်း အရမ်းကြီးမစားဘူး။

Voice : လက်ရှိ စီးနေတဲ့ကားအပြင် တခြား ဘယ်လိုကား အမျိုးအစားတွေရော နန်းခင် သဘောကျသေးလဲ။
NKZY : နန်းခင်တို့ အတွက်ကတော့ ရှုတင်ဆိုလည်း ရှုတင်ကား ရှိတယ်။ နောက် အပြင်သွားရင် အပြင် သွားတဲ့ကား သတ်သတ်ထားထားပါတယ်။ နောက်ပြီး နန်းခင်က ကားကို အရမ်းတော့ Crazy မဖြစ်ဘူး။ 

Voice : ရန်ကုန်မြို့တွင်းမှာ ကားမောင်းရတဲ့အခါ ယာဉ်လမ်းကြောင်း အခြေအနေကိုရော နန်းခင် ဘယ်လိုမြင်လဲ။
NKZY : ရန်ကုန်မြို့တွင်း ကားပိတ်တာကတော့ အတော်ကြီးကို အဆင် မပြေဘူး။ အရင်တုန်းကဆို အလုပ်ကို လေး၊ ငါးခုလောက် ပြီးတယ်။ ခုတော့ ကားတွေ အရမ်း ပိတ်နေတာနဲ့ အလုပ်က တစ်ခု၊ နှစ်ခုလောက်ပဲ ပြီးတော့တယ်။ ကားတွေ အရမ်း ပိတ်တယ်။

Voice : ယာဉ်မောင်း တစ်ယောက် အနေနဲ့ရော လက်ရှိမှာ ယာဉ်မောင်းသမားတွေရဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုအပေါ် ဘယ်လိုမြင်လဲ။
NKZY : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ လိုင်းကားတွေပဲဖြစ်ဖြစ်၊ အိမ်စီးကားတွေပဲဖြစ်ဖြစ် စနစ်တကျ မောင်းသင့်တယ်။ ကျော်တယ်၊ ခွတယ် အဲဒီလိုမျိုးတွေဖြစ်လေ လမ်းတွေက ပိုပိတ်လေ ဖြစ်နေပါတယ်။ အဲဒါကြောင့် စည်းကမ်းတကျနဲ့ မောင်းနှင်မယ်ဆို လိုရာခရီးကို အချိန်တိုတိုနဲ့ရောက်မှာပဲ ဖြစ်ပါတယ်။

Voice : ကားဝယ်တဲ့အခါမှာရော ဘယ်လိုကားမျိုး ရွေးဝယ်သင့်တယ်လို့ နန်းခင် အကြံပေးချင်လဲ။
NKZY : ကားဝယ်တဲ့အခါ ဈေးမများစေဘဲ တစ်နေရာတည်းမှာ စုံစမ်းပြီး ဝယ်လိုက်တာထက် နေရာစုံအောင် လိုက်မေးပြီး ဝယ်ပါလို့ အကြံ ပေးချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA