News

POST TYPE

AUTOMOBILE

ယာဉ်အို ယာဉ်ဟောင်းအပ်ကား ဈေးထပ်တက်
15-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၄

ဈေးကွက်အတွင်း ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် (အပ်ကား) အဖြစ် အပ်နှံနိုင်သည့်ကားများတွင် ကားကောင်းများသာ ကျန်သည့်အတွက် အပ်ကားရှားပါးပြီး ဈေးနှုန်းထပ်မံမြင့်တက်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါအပ်ကားဈေးသည် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်အတွင်းကထက် အပ်ကားတစ်စီးလျှင် ကျပ် ၂ သိန်းခန့် ထပ်မံမြင့်တက်လာခဲ့သော်လည်း စလစ်ဈေးမှာမူ အမြင့်ဈေးဖြင့် ငြိမ်သက်နေကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

“အဝယ်က ရှိပေမယ့် ပစ္စည်းအရမ်းရှားနေတယ်။ ကားရော၊ စလစ်ရောပေါ့၊။ စလစ်မှာဆို နာမည်ပေါက်စလစ်ကို အဝယ်များကြတယ်”ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။

စလစ်ဈေးကွက်၌လည်း ဖောက်စွပ်ဂယက်မှာရိုက်ခတ်နေပြီး အပ်ကားဝယ်ယူရာတွင် ယာဉ်စစ်ပြီးမှသာ ဝယ်ယူနေရကြောင်း ၎င်းကဆိုသည်။

လက်ရှိစလစ်ဈေးကွက်အတွင်း နှစ် ၂၀ အပ်ကားတစ်စီးလျှင် ကျပ်သိန်း ၁၂၀ ခန့်၊ နှစ် ၂၀ စလစ် တစ်စောင်လျှင် ကျပ် ၁၁၇ သိန်းခန့်နှင့် နှစ် ၂၀ အမည်ပေါက်စလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၃၀ ခန့် ဈေးရှိကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်။

S-04