News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဂျူဂျူးကေနှင့် တွေ့ဆုံခြင်း
10-Sep-2018

“ပစ္စည်းတွေများများဆံ့ရင် သဘောကျတယ်”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ဂျူဂျူးကေနဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
JJK : လက်ရှိစီးနေတာ Wish ပါ။

Voice : ဒီကားရဲ့ အားသာချက်လေးတွေကရော ဘာတွေရှိလဲ။
JJK : အားသာချက်က ထိုင်ခုံသုံးတန်းပါတယ်။ ထိုင်ခုံက ခေါက်ထားရင်လည်း ပစ္စည်းများများဆံ့တယ်။ လူများတယ်ဆိုရင်လည်း အဆင်ပြေတယ်။

Voice : ဒီကားနဲ့ကျ ခရီးဝေးတွေ၊ ဘာတွေ ထွက်ရင်ရော အဆင်ပြေလား။ 
JJK : အင်း မဆိုးပါဘူး။ ခရီးတွေဘာတွေထွက်လည်း ဒီကားနဲ့ပဲ သွားဖြစ်တယ်။

Voice : ကားထဲမှာဆိုရင် ဘယ်လိုကားအမျိုးအစားမျိုးကို သဘောကျလဲ။ 
JJK : ကားနဲ့ပတ်သက်ရင် အရမ်းကြီးတော့ ကားကို ခရေဇီဖြစ်တဲ့အထဲမှာ မပါဘူး။ အဲလိုဆိုတော့ အစ်မအတွက်က ပစ္စည်းတွေများများဆံ့ရင် သဘောကျတယ်။ 

Voice : လက်ရှိမှာရော ဘယ်အမှတ်တံဆိပ်အမျိုးအစားတွေကို သဘောကျလဲ။
JJK : လက်ရှိမှာတော့ ကိုယ်စီးနေတဲ့ Wish လေးကို သဘောအကျဆုံးပဲ။ 

Voice : ယာဉ်ကြောကျပ်တည်းမှုတွေ ဖြစ်နေတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။ 
JJK : လူတိုင်းလူတိုင်းက စည်းကမ်းလေးနဲ့ ကိုယ့်လမ်းကြောင်းလေးအတိုင်းသွားမယ်ဆိုရင်တော့ ယာဉ်လမ်းကြောက ပိတ်စရာမရှိပါဘူး။

Voice : ကားကရော ကိုယ်တိုင်ပဲမောင်းတာလား။ 
JJK : ကားက ကိုယ်တိုင်မမောင်းပါဘူး။ မောင်းတဲ့သူ သတ်သတ်ရှိတယ်။

Voice : ဘာလို့လဲ။ ကိုယ်တိုင်မောင်းရတာ မကြိုက်လို့လား။
JJK : အဖေက သဘောမကျတာလည်းပါတယ်။ စိတ်မချတာပေါ့နော်။ နောက်ပြီး ကိုယ်က အနုပညာလည်းလုပ်နေတာဆိုတော့ တစ်နေရာရာသွားရင် စိတ်ကအရမ်း Stress များတော့ ကားမောင်းတဲ့အပေါ် အာရုံမထားချင်လို့။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော အမှတ်တရအဖြစ်အပျက်တွေ ရှိခဲ့ဖူးလား။
JJK : ကားနဲ့ပတ်သက်ပြီး အမှတ်တရကတော့ လက်ရှိစီးနေတဲ့ကားလေးနဲ့ ပရဟိတအလုပ်လေးတွေသွားတယ်ဆို ဒီကားလေးနဲ့ပဲ သွားတာမျိုးရှိတယ်။ 

Voice : ကားဆိုရင် ဘယ်လိုအရောင်မျိုးလေးတွေ သဘောကျလဲ။
JJK : ခဲရောင်လေး သဘောကျတယ်။ အနက်တွေတော့ သဘောမကျဘူး။ သူဖုန်တင်ရင် အရမ်းသိသာလို့။

Voice : ကားရဲ့ Safety ပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်အတွက် အမှာစကားလေး ပြောပေးပါဦး။ 
JJK : ကားမောင်းတဲ့အခါ အမြဲခါးပတ်ပတ်ထားဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း