News

POST TYPE

AUTOMOBILE

ရှမ်းမြောက်တွင် ကျွဲတင်ကားပစ်ခတ်ခံရ၊ နှစ်ဦးသေဆုံး
08-Sep-2018
လားရှိုး၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းပိုင်း ကျောက်မဲနှင့်သီပေါကြား ဗူးခါးရွာအနီးတွင် ယနေ့ စက်တင်ဘာ ၈ ရက်၊ နံနက်ပိုင်းက ကျွဲများတင်ဆောင်လာသည့်ကား သေနတ်အပစ်ခံရပြီး ယာဉ်မောင်းနှင့်အဖော်တစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်မသိရသေးသော်လည်း ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်း စိုင်းလောင်ဝ်စိုင်းနှင့် နွားထိန်းရန်ပါလာသူ ကိုဟာစင်ဆိုသူတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုလမ်းပိုင်းတွင် မော်တော်ယာဉ်များ မကြာခနပစ်ခတ်ခံရလေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဗူးခါးရွာမှ ရွာခံတစ်ဦးက “သေနတ်သံတွေကြားတယ်။ ဒါပေမဲ့ သေနတ်သံက အဆက်မပြတ်ပစ်နေတာမို့လို့ ကျွဲကားအပစ်ခံရတာသိပေမယ့် ထွက်မကယ်နိုင်ဖြစ်ရပါတယ်”ဟု ပြောကြားသည်။ သေနတ်အဆက်မပြတ်ပစ်ခတ်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့ကလည်း အတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းပိုင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် အဓိကအသုံးပြုသော လမ်းဖြစ်ပြီးပြောင်း၊ သစ်သီးဝလံ၊ သကြား၊ ပဲ၊ နှမ်းစသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပြင် ကျွဲ၊ နွားများလည်းတင်ပို့သည်။

R-07


  • VIA