News

POST TYPE

AUTOMOBILE

အလှမယ် ထားထက်ထက်နှင့် တွေ့ဆုံခြင်း
25-Jul-2016 tagged as

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာ ၂၀၁၃ ခုနှစ်အတွက် Miss Grand International ဆုရရှိထားတဲ့ အလှမယ် ထားထက်ထက်ရဲ့ လက်ရှိ စီးနေတဲ့ ကားလေးနဲ့ ကားဝယ်မယ့် သူ့မရဲ့ပရိသတ်တွေအတွက် အကြံပြု စကားသံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေးကို ပြောပြပေးပါ။

HHH : ထားထက် လက်ရှိစီးနေတဲ့ ကားအမျိုးအစား Toyota RAV 4 အမျိုးအစားပါ။

Voice : ကားကရော ကိုယ်တိုင်မောင်းတာလား။ 

HHH : ဟုတ်။ ထားထက် ကိုယ်တိုင်ပဲ မောင်းတာပါ။

Voice : ဆီကရော ဘာအမျိုးအစားလဲ ညီမလေး။ ဆီစားနှုန်းရော။

HHH : ဆီကတော့ ၉၂ အောက်တိန်း အမျိုးအစားပါ။ ဆီစားတော့ အရမ်း မသက်သာဘူး။ ၂.၅ (၂၅၀၀ စီစီ)လီတာ ဆိုတော့ အရမ်းများတယ်လို့တော့ ပြောလို့မရပါဘူး။ ကားအကြီးတွေလောက်တော့ ဆီအများကြီး မကုန်ပါဘူး။

Voice : ညီမလေးက ကား ကိုယ်တိုင် မောင်းနေတယ်ဆိုတော့ ရန်ကုန်မြို့တွင်းမှာ ကားမောင်းရင် ကြုံရလေ့ရှိတဲ့ အခက်အခဲလေးတွေ ပြောပြပေးပါဦး။

HHH : မြို့ထဲမှာဆိုရင်တော့ ကား Traffic (ယာဉ်ကြော ကျပ်တည်းမှု) တော့ အရမ်း ဖြစ်ပါတယ်။ နောက် မိုးရွာလို့ ရေကြီးတာတွေ၊ ဘာတွေဖြစ်ရင် သာမန်အချိန်တွေထက် သွားရလာရတာ ပိုကျပ်တော့ သွားရတာ စိတ် အနှောင့်အယှက်လေးတွေတော့ ဖြစ်ရတယ်။

Voice : ဒီကားအပြင် လူငယ်တွေ တော်တော်များများ သဘောကျတဲ့ ပြိုင်ကားမျိုးလေးတွေရော စိတ်ဝင်စားလား ညီမ။

HHH : ပြိုင်ကားလေးတွေတော့ စိတ်ဝင်စားပါတယ်။ ပြိုင်ကားတွေ့ရင် ကိုယ်တိုင်လည်း မောင်းချင်တဲ့စိတ် ရှိတယ်။ ဒါပေမဲ့ ဝယ်စီးဖို့တော့ အစီအစဉ် မရှိသေးဘူး။ နောက် အရမ်းကြီး ကြိုက်တဲ့ အထဲမှာတော့ မပါဘူး။ ပြိုင်ကားကျတော့ ရှုတင်တွေ၊ ဘာတွေသွားရင် ပစ္စည်းများများ မဆံ့ဘူး။ ထားထက် လက်ရှိစီးနေတဲ့ ကားလေးကတော့ ရှုတင်သွားတာရော၊ Highway သွားရတာရော အဆင်ပြေပါတယ်။

Voice : လက်ရှိ စီးနေတဲ့ကားအပြင် တခြားသဘောကျမိတဲ့ ကားလေးတွေရော ရှိလား။

HHH : ထားထက် ဒီကားလေးအပြင် တခြား Mark 2 တို့၊ Honda Civic တို့လို ကားလေးတွေ သဘောကျတယ်။ ကားအကြီးထဲက ဆိုရင်တော့ Alphard တို့၊ ဘာတို့ သဘောကျပါတယ်။

Voice : ညီမရဲ့ ပရိသတ်တွေကိုရော ကားဝယ်မယ်ဆို ညီမအနေနဲ့ အကြံပြုချင်တာလေးများ ရှိမလား။

HHH : အဓိကကတော့ သူတို့ရဲ့ လိုအပ်တဲ့ပေါ်မှာ မူတည်ပြီးတော့ပဲ ဝယ်စေချင်ပါတယ်။ ကိုယ်တကယ် အသုံးလိုမယ့်ဟာမျိုးပေါ့နော်။ ဥပမာ- အမြဲ Highway သွားနေတဲ့သူ မဟုတ်ရင်တော့ ဈေးနှုန်းလိုက်ပြီးတော့ ကားအသေးစားတွေဖြစ်တဲ့ Honda Fit တို့၊ Swift တို့က ပေါ့ပေါ့ပါးပါးနဲ့ သွားရလာရတာ လွယ်ကူတယ်။ Highway သွားတာ များရင်တော့ ထားထက် စီးနေတဲ့ Toyota RAV 4 လောက်ဆိုရင်တော့ အဆင်ပြေပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA
  • TAGS