News

POST TYPE

AUTOMOBILE

သရုပ်ဆောင် နန်းသီရိမောင်နှင့် တွေ့ဆုံခြင်း
30-Jul-2018
“စိတ်ပြေလက်ပျောက်အနေနဲ့ ညဘက်တွေမှာ ကားထွက်မောင်းတယ်”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် နန်းသီရိမောင်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
NTM : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားက Royal Saloon 2014 စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား ညီမ။
NTM : ဝယ်ထားတာတော့ ၂ နှစ်လောက် ရှိသွားပါပြီ။

Voice : ဒီကားရဲ့ အားသာချက်လေးတွေ ပြောပြပေးပါဦး။ 
NTM : ဒီကားလေးက စီးရတာ အရမ်း Luxury ဖြစ်တယ်။ နောက်ပြီး ဈေးလည်းအရမ်းကြီးမများတဲ့အတွက် အဆင်ပြေပါတယ်။ ပြီးတော့ ခရီးတွေထွက်တာတို့၊ ရှုတင်သွားတာတို့ အတွက်လည်း အရမ်းအဆင်ပြေပါတယ်။

Voice : အားနည်းချက်ကရော ဘာတွေရှိလဲ။
NTM : အားနည်းချက်ကတော့ အောက်ပိုင်းနိမ့်တယ်။ အခုလို မိုးရာသီဆို ပိုပြီးဆိုးတယ်။ အောက်ပိုင်းတွေ အမြဲထိတယ်။

Voice : ဒီကားအပြင် တခြားဘယ်လိုကားအမျိုး အစားတွေသဘောကျလဲ။ 
NTM : ဒီကားအပြင် နန်း BMW တို့၊ မာစီဒီးတို့လိုကားတွေ သဘောကျပါတယ်။ 

Voice : ကိုယ်စိတ်ညစ်နေတဲ့အချိန်တွေမှာ စိတ်ပြေလက်ပျောက် ကားမောင်းထွက်တာတို့ ဘာတို့လို ကားကို စိတ်ထွက်ပေါက်အနေနဲ့ သုံးတာမျိုးရော ရှိလား။
NTM : အဲဒီလိုမျိုး အမြဲလုပ်လေ့ရှိတဲ့အတွက် မာမီကတော့ဆူတယ်။ စိတ်ညစ်စရာရှိလာပြီဆို စိတ်ပြေလက်ပျောက်အနေနဲ့ ညဘက်တွေမှာ ကားထွက်မောင်းတယ်၊ ကားထဲမှာ သီချင်းဖွင့်နားထောင်တယ်၊ စတာမျိုးတွေလုပ်ဖြစ်တယ်။ ကိုယ်ကကားကို ကွန်ထရိုး လုပ်ရတာကိုကြိုက်တယ်။

Voice : ကားကျတော့ ကိုယ်တိုင်မောင်းတာ များလား။
NTM : ကားကတော့ ကိုယ်တိုင်ပဲမောင်းတာများတယ်။ တခြားသူမောင်းရင် စိတ်မရှည်ဘူး။ မရဘူး ကိုယ်ကိုယ်တိုင် မောင်းရမှ။ အလုပ်ဆိုလည်း ကိုယ်တိုင်လုပ်ရမှ။ ငယ်ငယ်လေးကတည်းက ကိုယ့်ဘာသာကိုယ်ပဲ အားကိုးခဲ့လို့လားမသိဘူး၊ အဖေဆုံးပြီးကတည်းက အရာရာကို ကိုယ်တိုင်လုပ်ရတာပဲ ကြိုက်တယ်။ 

Voice : ကားကို ဘယ်အရွယ်လောက်ကတည်းက စမောင်းခဲ့တာလဲ။
NTM : ဘယ်အရွယ်လောက်လဲဆို ၁၇ နှစ်၊ ၁၈ နှစ် လောက်ကတည်းက အိမ်ကကားကို ခိုးခိုးမောင်းတယ်။ ပြီးရင် သူငယ်ချင်းတွေကားကိုလည်း ခိုးမောင်းတယ်။ ကားအက်ဆီးဒင့်တွေလည်း မကြာခဏဖြစ်တယ်။ 

Voice : အဲဒီအထဲကနေပြီး အခုအထိ အမှတ်တရ ဖြစ်ခဲ့ဖူးတာမျိုးရောရှိလား။
NTM : ကားက ရှစ်ခါ၊ ကိုးခါလောက်အထိ တိုက်ဖူးတယ်။ မောင်းခါစကဆို လမ်းတွေလည်း ပြောင်းပြန်တွေမောင်းလို့ ယာဉ်ထိန်းရဲတွေ အဖမ်းလည်းခံရဖူးတယ်။ ဖမ်းတဲ့မော်တော်ပီကယ်တွေကိုယ်တိုင် နန်းကို အိမ်အထိပြန်လိုက်ပို့ခဲ့ဖူးတယ်။ 

ခိုင်ချယ်ရီထွန်း