News

POST TYPE

AUTOMOBILE

မော်ဒယ်လ်နွယ်နွယ်ထွန်းနှင့် တွေ့ဆုံခြင်း
16-Jul-2018 tagged as အနုပညာ



“အက်ဆီးဒင့်ဖြစ်ပြီးကတည်းက ကားမောင်းဖို့ ကြောက်နေတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ လူမှုကွန်ရက်စာမျက်နှာမှာ အလှဓာတ်ပုံတွေကြောင့် လူသိများတဲ့ Photo Model နွယ်နွယ်ထွန်းနဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ကားလေးအကြောင်း ဖော်ပြလိုက်ပါတယ်။ 

Voice : လက်ရှိ ညီမစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
NNT : လက်ရှိစီးနေတာ Harrier ၂၀၀၄ ပါ။

Voice : ဒီကားလေးကို ဘာလို့ဝယ်ဖြစ်သွားတာလဲ။
NNT : Harrier မဝယ်ခင်က KIA Sportage ဘယ်မောင်းစီးတယ်ရှင်။ အမြဲ ညာမောင်းပဲစီးနေတော့ ဘယ်မောင်းအယူအဆကျတော့ နည်းနည်းစိုးရိမ်တယ်။ ကားမောင်းလိုက်တိုင်း အမြဲသတိထားနေရတယ်။ တစ်နေ့တည်းမှာ အက်ဆီးဒင့်နှစ်ခါဖြစ်သွားပြီးတော့ အရမ်းကြောက်သွားတယ်။ အဲဒါနဲ့ ညာမောင်းဖြစ်တဲ့ Jh Harrier ပြောင်းစီးလိုက်တာပါရှင့်။

Voice : မိန်းကလေးတစ်ယောက်အနေနဲ့ရော လက်ရှိစီးနေတဲ့ကားက ကိုယ်နဲ့လိုက်ဖက်တယ်လို့မြင်လား။ 
NNT : ညီမအကြိုက်ဆိုရင် BMW ကို ကြိုက်တာပါ။ လက်ရှိစီးနေတဲ့ကားကျတော့ တန်ဖိုးသိပ်မကြီးတော့ ဘယ်နားထားထား အဆင်ပြေတယ်။ ကားကိစ္စခေါင်းမစားရတော့လို့ တော်တော်အဆင်ပြေနေတယ်ရှင့်။

Voice : Sport Type နဲ့ Luxury ကားဆို ဘယ်ကားအမျိုးအစားကို ပိုသဘောကျလဲ။
NNT : Luxury ကို ပိုသဘောကျတယ်။ ညီမ ကားစီးရင် ဆူညံနေတာမျိုး သဘောမကျဘူး။

Voice : လက်ရှိမှာရော ကိုယ်တိုင်ပဲ မောင်းတာလား။
NNT : လက်ရှိမှာ ညီမကားကိုယ်တိုင်မမောင်းတော့တာ တစ်နှစ်ကျော်ပြီ။ အက်ဆီးဒင့်ဖြစ်ပြီးကတည်းက ကားမောင်းဖို့ကြောက်နေတယ်။ ဟိုင်းဝေးသွားရင်တော့ တစ်ခါတလေ မမကိုကူမောင်းပေးတယ်ရှင့်။

Voice : ကားမှာ အလှဆင်ရတာမျိုးတွေ သဘောကျလား။
NNT : ကားကိုအလှဆင်ရတာ ညီမမကြိုက်ဘူး။ ဆင်စရာမလိုတဲ့ကားမျိုးကိုသဘောကျတယ်။ တကယ်လို့ ဆင်ရမယ့်ကားမျိုးဆို ကားဘီးခွေပဲ ဆင်ဖြစ်တယ်။ ကားဘီးခွေကိုတော့ ပုံမှန်ဆိုက်ထက် ပိုကြီးတာလဲစီးဖြစ်တယ်။

Voice : ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဖောက်ဖျက်လို့ အရေးယူတာမျိုး ခံခဲ့ရဖူးလား။ 
NNT : ဟုတ်ကဲ့။ နေပြည်တော်အမြန်လမ်းမှာ အမြန်မောင်းလို့ လိုင်စင်သိမ်းတာ ခံရဖူးတယ်။

Voice : ကား Safety ပိုင်းနဲ့ပတ်သက်ပြီးရော ပုံမှန်စစ်ဆေးတာမျိုးလုပ်ဖြစ်လား။
NNT : ခရီးသွားတော့မယ်ဆိုရင် အမြဲစစ်ဆေးတယ်ရှင့်။

Voice : နောက်ဆုံးတစ်ခုအနေနဲ့ စီးခဲ့ဖူးတဲ့ကားတွေထဲမှာ ကိုယ့်စိတ်ထဲမှာ အမှတ်တရတွေရှိခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုခုလောက် ပြောပြပေးပါ။
NNT : ဟုတ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကကားက လမ်းဘေးမှာပဲရပ်တော့ ကားခေါင်မိုးပေါ်ကမှန် သူများထုခွဲသွားတာမျိုး ကြုံဖူးတယ်။ အဲဒါမသိဘဲ မောင်းလာပြီးမွေး နေ့ပွဲသွားတာ ရောက်ခါနီးမှ အပေါ်ကိုဆွဲဖွင့်တာ မှန်အကြေတွေ လူပေါ်လည်းကျလာတယ်။ ဘာလုပ်ရမလဲမသိ၊ မွေးနေ့လည်း မသွားဖြစ်တော့တာ အမှတ်တရပါပဲ။

ခိုင်ချယ်ရီထွန်း