News

POST TYPE

AUTOMOBILE

ကမ္ဘာ့ဈေးအကြီးဆုံး ကား ၁၀ စီး
07-May-2018

တစ်ပတ်မှာတော့ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးကားတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးကားလို့ ပြောလိုက်တာနဲ့ မြန်မာနိုင်ငံက ကားချစ်ပရိသတ်ကြီးအများစု သိကြတဲ့ Lamborghini၊ Bugatti Veyron၊ Aston Martin နဲ့ Ferrari တို့လိုကားတွေက ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒီအထဲမှာ ထူးခြားတာက Ferrari နဲ့ ဆွီဒင်နိုင်ငံထုတ် Koenigsegg ကထုတ်တဲ့ ကားတွေက အစီးရေ အများဆုံးအနေနဲ့ ၂ စီးစီ ပါဝင်နေပါတယ်။ ကမ္ဘာ့ကြေးအကြီးဆုံးကားတွေကတော့ -



(၁) Koenigsegg CCXR Trevita (အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း)

ဒီကားက လက်ရှိကမ္ဘာ့ဈေးအကြီးဆုံးကားဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ သန်း တန်ကြေးရှိပါတယ်။ ဒီကားကို ၂၀၁၅ ခုနှစ် ဩဂုတ်က စတင်မိတ်ဆက်ခဲ့တာပါ။ ကုမ္ပဏီက ဒီကားကို ကန့်သတ်အစီးရေအဖြစ် ၂ စီးပဲ ထုတ်ခဲ့ပါတယ်။ အဲဒီထဲကမှ တစ်စီးကို ဈေးကြီးကားတွေ ဝယ်စုရတာ ဝါသနာပါတဲ့ ကမ္ဘာ့လက်ဝှေ့အကျော်အမော်ကြီး မေဝယ်သာက တစ်စီးပိုင်ပါတယ်။ ဒီကားက သူများကားတွေ သာလွန်အောင် ထူးထူးခြားခြားအဖြစ်နဲ့ ထုတ်လုပ်ထားတာကတော့ ကားရဲ့ဘီးတွေအကုန်လုံးကို စိန်တွေနဲ့ တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားရဲ့ အင်ဂျင်ပါဝါက ၄၈၀၀ လီတာ၊ V8 အင်ဂျင်၊ မြင်းကောင်ရေအား ၁၀၁၈ ဖြစ်ပါတယ်။ ဒီကားရဲ့ မြန်နှုန်း က ၂ ဒသမ ၉ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ အထိ သွားနိုင်ပါတယ်။



(၂) Lamborghini Veneno Roadster (အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း)

ဒီကားကတော့ ဒုတိယမြောက် ကမ္ဘာ့ဈေးအကြီးဆုံး ကားတစ်စီးဖြစ်ပါတယ်။ ဒီ ဆူပါကားကို ၂၀၁၄ ခုနှစ် စထုတ်ခဲ့ပြီး အစီးရေ ၉ စီးသာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ စထုတ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုက ဒီကားကို မြင်လိုက်တာနဲ့ ပြင်းပြတက်ကြွတဲ့ဆန္ဒတစ်ခု ဖြစ်ပေါ်လာအောင် ထုတ်လုပ်ထားတဲ့ တကယ့်စပယ်ရှယ် ကားတစ်စီးဖြစ်ပါတယ်။ ဒီကားရဲ့ မြင်းကောင်ရေအားက ၇၄၀၊ V12 အင်ဂျင်နဲ့ ကီလိုမီတာ ၃၅၅ အထိ အလျင်နှုန်းရှိပါတယ်။



(၃) Lykan HyperSport (အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်း)

ဒီကားကတော့ ကမ္ဘာ့တတိယမြောက် ဈေးအကြီးဆုံးကားတစ်စီးဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းအထိ တန်ကြေးရှိပါတယ်။ ဒီကားကို အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဒူဘိုင်းရဲ့ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့တဲ့ အကောင်းဆုံးနဲ့ ပထမဆုံးကားတစ်စီးဖြစ်ပါတယ်။ ဒီကားကို Fast and Furious 7 မှာ ထည့်သွင်းပါဝင်ခဲ့သလို ဈေးအကြီးဆုံးနဲ့ အစီးရေကန့်သတ်ထုတ်လုပ်တဲ့ ကားတစ်စီးဖြစ်ပါတယ်။ ဒီကားကို W Motors က ၇ စီးသာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားရဲ့ အင်ဂျင်စွမ်းအားက ၃၇၀၀ လီတာ Twin-Turbocharged Flat-Six အင်ဂျင်နဲ့ ထုတ်လုပ်ထားတာပါ။



(၄) Koenigsegg One:1 (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း)

ဒီကားရဲ တန်ကြေးနဲ့ အမြန်နှုန်းက ဆူပါကားတစ်စီးရဲ့ စံပါပဲ။ တန်ကြေးက ဒေါ်လာ ၂ ဒသမ ၈၅ သန်း၊ အမြန်နှုန်းက ၃၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီးတော့ ဒီအမြန်နှုန်းကို ၁၁ ဒသမ ၉၂၂ စက္ကန့်အတွင်း ရပ်တန့်ပစ်လိုက်နိုင်ပါတယ်။ ဒီကားရဲ့ အင်ဂျင်စွမ်းအားက ၅၀၀၀၊ V 8 အင်ဂျင်၊ မြင်းကောင်ရေအား ၁၃၄၀ နဲ့ ကားရဲ့အလေးချိန်က ၁၃၄၀ ကီလိုဂရမ်ရှိပါတယ်။




(၅) Bugatti Veyron Grand Sport Vitesse (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်း)

အရင် Bugatti Veyron က ကမ္ဘာပေါ်မှာ အမြန်ဆုံးကားအဖြစ် စံချိန်တင်ထားခဲ့သလို ဒီကားကလည်း ကားတွေထဲမှာ မြင်လိုက်တာနဲ့ လူတွေအလိုချင်ဆုံး ကားအဖြစ် ရပ်တည်နေတာပါ။ အရင် Bugatti Veyron တုန်းက မြင်းကောင်ရေအား ၉၈၇၊ ၉၂၂ ပေါင်နဲ့ ထုတ်ခဲ့ပြီး ဒီ Grand Sport Vitesse မှာ မြင်းကောင်ရေအား ၁၂၀၀ ကို ၁၁၀၆ ပေါင်အဖြစ်နဲ့ ထုတ်လုပ်လာခဲ့တာပါ။ ဒီနှစ်စီးကို ယှဉ်ကြည့်လိုက်ပါ ဘယ်သူပိုမြန်မလဲလို့။



(၆) Ferrari F60 America (အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း)

Ferrari က ဒီကားကို သူတို့ရဲ့ မြောက်အမေရိကမှာ ထုတ်လုပ်တဲ့ သက်တမ်း နှစ် ၆၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဒီကားကို ရှေ့ဘီးယက်၊ V 12 အင်ဂျင်၊ မြင်းကောင်ရေအား ၇၃၀ နဲ့ ထုတ်လုပ်ထားတဲ့ ဆူပါကားတစ်စီးဖြစ်ပါတယ်။ ဒီကားဟာ  Ferrari F 12 Berlinetta  အမျိုးအစားကို အခြေခံပြီး ထုတ်လုပ်လာတာဖြစ်ပါတယ်။ ဒီကားကို ၂၀၁၄ အောက်တိုဘာလက မိတ်ဆက်ခဲ့ပြီး အမေရိက မှာ ၉ စီးတည်း ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် ကမ္ဘာ့အချမ်းသာဆုံးသောလူတွေက ဝယ်လိုတာကြောင့် ၁၀ စီး အထိ ထပ်မံထုတ်လုပ်ခဲ့ရပါတယ်။ F 12 နဲ့ F60 ရဲ့ ခြားနားချက်မှာက F60 မှာက လူငယ်ဆန်တဲ့ စတိုင်လ်၊ အမိုးဖွင့်နဲ့ အတွင်းခန်းက အနီရောင်ဖြစ်နေတာပါပဲ။



(၇) Aston Martin One (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း)

နာမည်ကြားတာနဲ့တင် ကမ္ဘာပေါ်က ကားချစ်ပရိသတ်တွေအနေနဲ့ နာမည်ကျော်ဈေးကြီးကားတွေပဲ ထုတ်တဲ့ကုမ္ပဏီမှန်း သိကြပါတယ်။ အခုကားရဲ့ တန်ကြေးကလည်း ကမ္ဘာ့ဈေးအကြီးဆုံးကားထဲမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းနဲ့ နံပါတ် ၇ မှာ ရပ်တည်နေတာပါ။ ဘယ်လိုပဲဆိုစေ ဒီကားက ကမ္ဘာပေါ်မှာ ကားတွေထဲက အလှဆုံးကားတစ်စီးဖြစ်ပါတယ်။ ဒီကားကို အစီးရေ ၇၇ စီးပဲ ထုတ်ခဲ့ပါတယ်။ ဒီကားရဲ့ အင်ဂျင်အားက ၇၃၀၀ လီတာ V12 အင်ဂျင်နဲ့ မြင်းကောင်ရေအား ၇၅၀ နဲ့ထုတ်လုပ်ထားတာပါ။ ပျမ်းမျှ အမြင့်ဆုံးမြန်နှုန်းက ၃၂၀ ကီလိုမီတာဖြစ်ပေမယ့် ၃ ဒသမ ၅ စက္ကန့်အတွင်းကို ကီလိုမီတာအထိ သွားနိုင်ပါတယ်။



(၈) Ferrari LaFerrari (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း)

ဖာရာရီလို့ဆိုလိုက်တာနဲ့ ကမ္ဘာကျော် တန်ဖိုး အကြီးဆုံးကားတွေ ထုတ်လုပ်တတ်တဲ့ ကုမ္ပဏီမှန်း သိကြပါတယ်။ အဲဒီလိုပဲ အခုင်္နေမမမေင လေးက ကမ္ဘာ့ ဈေးအကြီးဆုံးကား ၁၀ စီးစာရင်း ဒုတိယမြောက် ထပ်စာရင်းဝင်လာခဲ့ပါတယ်။ ပထမဆုံး ဟိုက်ဘရစ်နဲ့ စမ်းသပ်ထုတ်လုပ်လာတဲ့ကားဖြစ်ပါတယ်။ ဒီကားကို အင်ဂျင်ပါဝါ ၆၃၀၀၊ V 12 အင်ဂျင်မှာ မြင်းကောင်ရေ ၇၈၉ နဲ့ လျှပ်စစ်မြင်းကောင်ရေ ၁၆၁ တို့ ပေါင်းစပ် ထုတ်လုပ်ပေးထားတာဖြစ်လို့ ဆီစားနှုန်းကို ၄၀ ရာခိုင် နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒီကားလေးရဲ့ မြန်နှုန်းက ၃၅၀ ကီလိုမီတာအထိရှိပြီး သုံးစက္ကန့်အတွင်း ကီလိုမီတာအထိသွားနိုင်ပါတယ်။ 



(၉) McLaren P1 (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်း)

ဒီကားလေးက ဟိုက်ဘရစ်ကို စံနမူနာယူပြီး ထုတ်လုပ်ထားတာပါ။ အင်ဂျင်အား ၃၈၀၀ လီတာ Twin-Turbocharged အင်ဂျင်ကိုမှ လျှပ်စစ်မော်တာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ မြင်းကောင်ရေအားက ၉၀၃ ဖြစ်ပါတယ်။ ဒီကားကို ၂၀၁၂ ပဲရစ် ကားပြပွဲမှာ ပထမဆုံးပွဲထုတ်ခဲ့ပြီး ၂၀၁၃ စက်တင်ဘာမှာ အောင်မြင်လာခဲ့ပါတယ်။ P1 ကို ၂၀၁၅ ဒီဇင်ဘာအထိ အစီးရေ ၃၇၅ စီးအထိ ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ 



(၁၀) Pagani Huayra (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း)

ကမ္ဘာ့ဈေးအကြီးဆုံးရဲ့ နောက်ဆုံးမြောက်ကားလေးဖြစ်ပါတယ်။ ဒီကားရဲ့တန်ဖိုးတောင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်းအထိရှိနေတာပါ။ ဒီကားလေးရဲ့နာမည် Huayra-tata ရဲ့ အဓိပ္ပာယ်က အင်ကာလူမျိုးတွေ ကိုးကွယ်တဲ့ လေနတ်ဘုရားလို့ အဓိပ္ပာယ်ရတဲ့နာမည် ဖြစ်ပါတယ်။ ဒီအီတလီကား အမျိုးအစားလေးဟာ Mercedes AMG V12 Twin-turbocharged အင်ဂျင်စွမ်းအား ၆၀၀၀ နဲ့ ထုတ်လုပ်ထားတာပါ။ မြင်းကောင်ရေအား ၇၃၀ ရှိပြီး အမြင့်ဆုံးမြန်နှုန်း ၃၇၂ ကီလို မီတာကို ၃ ဒသမ ၃ စက္ကန့်အတွင်းမှာ ကီလိုမီတာ ၁၀၀ အထိသွားနိုင်ပါတယ်။

ဟိန်းမြတ်စိုး