News

POST TYPE

AUTOMOBILE

ဖက်ရှင်ဒီဇိုင်နာ သက်နှင်းအေးနှင့် တွေ့ဆုံခြင်း
07-May-2018


“ကားကိုအလှဆင်ရတာတွေ သိပ်သဘောမကျပါဘူး”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ သက်နှင်းအေးနဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်းလေး မေးမြန်းဖြစ်ခဲ့ပါတယ်။ 

Voice : လက်ရှိ ညီမစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
THA : လက်ရှိ ညီမစီးနေတာက Toyota Vang-uard စီးနေပါတယ်။ 

Voice : ဝယ်ထားတာရောကြာပြီလား ညီမ။
THA : ဝယ်ထားတာတော့လေး၊ ငါးလလောက်ရှိပြီ။

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိတယ်လို့မြင်လဲ ညီမ။
THA : ဒီကားရဲ့အားသာချက်ကတော့ ပုံ့က အရမ်း ခရီးသွားရတယ်။ အရင်ကဆို ကားအမြင့်မောင်းနေကျကနေ မိန်းကလေးဆိုတော့ ကားအမြင့်တွေနဲ့ သိပ်မကိုက်တဲ့အတွက် ဒီကားလေးလဲဖြစ်သွားတာ။ SUV Type လည်းဖြစ်တယ်၊ နောက် မိန်းကလေးတွေနဲ့လည်း အဆင်ပြေတယ်။ အရမ်းကြီးလည်း မနိမ့်သလို အရမ်းကြီးလည်း မမြင့်တဲ့အတွက် စီးဖြစ်သွားတာပါ။ 

Voice : ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အနေနဲ့ကျတော့ ကားကဘယ်လောက်အထိ အရေးပါတယ်လို့ မြင်လဲ။
THA : ကားက ပုံ့တို့အတွက်က တော်တော်လေးကို အရေးပါပါတယ်။ အင်္ကျီတွေထည့်ဖို့တွေ နေရာလိုတယ်။ နောက်ပြီး အခုလက်ရှိမှာ ကျောင်းက ရန်ကုန်မှာရော မန္တလေးပါ နှစ်ကျောင်းရှိနေတဲ့အတွက် ခရီးအရမ်းသွားရတယ်။ အဲဒီအတွက် Safe ဖြစ်ဖို့လိုတယ်။ ပြီးတော့ မောင်းတဲ့နေရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုတယ်လို့ မြင်တဲ့အတွက် ပုံ့အတွက်တော့ အရေးပါတယ်လို့ မြင်ပါတယ်။ 

Voice : ကားပေါ်မှာရော ပုံ့အနေနဲ့ ခရေဇီဖြစ်တာတို့၊ ဘယ်ကားမှ စီးချင်တာတို့ဆိုပြီး သတ်မှတ်ထားတာ မျိုးရှိလား။ 
THA : ဟုတ်ရှိပါတယ်။ ပုံ့ဘယ်ကားမှစီးချင်တာလို့ မသတ်မှတ်ထားပေမယ့် သိပ်မကြာခင် နောက်တစ်စီး ထပ်ပြောင်းသွားဖို့ အစီအစဉ်ရှိပါတယ်။ ကြိုက်တဲ့ကားလေးလည်း တွေ့ထားတယ်။

Voice : ဘယ်လိုပုံစံလေးတွေ သဘောကျလဲ။
THA : ပုံ့က SUV ကားလေးတွေကို အရမ်းသဘောကျတယ်။ အမြင့်ပုံစံလေးတွေပေါ့နော်။ အမြင့်ကိုမှ လုံးလုံးလေးတွေနဲ့ အရမ်းအမြင့်ကြီးလည်း မဟုတ်ဘဲ ဆလွန်းပုံစံမျိုးလည်းမဟုတ်တဲ့ ကားအမျိုးအစားလေးတွေကို သဘောကျပါတယ်။ 

Voice : ပုံ့အနေနဲ့ အမြဲလည်း ရန်ကုန်၊ မန္တလေးက ကူးနေရတာဆိုတော့ ကားကို Safety ပိုင်းအနေနဲ့ ဘာတွေပြင်ဆင်ထားလဲ။ 
THA : Safety ပိုင်းအနေနဲ့ဆိုရင်တော့ ပုံ့အရင်ကဆို အရမ်းမြန်မြန်မောင်းတဲ့အကျင့်ရှိတယ်။ ကိုယ့်အရှိန်နဲ့ကိုယ်နိုင်လောက်တဲ့ အနေအထားနဲ့ မောင်းတယ်။ ပြီးရင် ခါးပတ်သေချာပတ်တယ်။ ပြီးရင် လူကအဲဒီလိုမျိုး ဂရုစိုက်ပြီးမောင်းရတဲ့ အပိုင်းရှိသလို ကားအင်ဂျင်ပိုင်းတို့၊ ဆီတို့၊ နောက်ပြီး ဘီးတွေ။ အဲဒီလိုမျိုးတွေကတော့ ပုံ့အနေတဲ့ Check လုပ်ရတာပေါ့။ ဘာလို့လဲဆို အမြဲခရီးသွားနေရတဲ့သူဆိုတော့ မလုပ်မဖြစ်လုပ်ရတာပေါ့။

Voice : ကားမှာ စတစ်ကာလေးတွေ ကပ်ရတာတို့၊ ကားအတွင်းပိုင်းမှာ အလှဆင်ရတာတို့ ဘာတို့ရော သဘောကျလား။ 
THA : ပုံ့အနေနဲ့ကတော့ ကားကိုအလှဆင်ရတာတွေ သိပ်သဘောမကျပါဘူး။ ကားကို Classic ပုံစံလေးပဲ သဘောကျတယ်။

ခိုင်ချယ်ရီထွန်း