News

POST TYPE

AUTOMOBILE

သရုပ်ဆောင် မင်းမြတ်စိုးစံနှင့်တွေ့ဆုံခြင်း
03-May-2018

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ Demensions ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မင်းမြတ်စိုးစံနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
MMSS : လက်ရှိကျွန်တော် စီးနေတာက Toyota Corolla Axio 2010 လေး စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။
MMSS : ဝယ်ထားတာတော့ သိပ်မကြာသေးဘူး။ သုံး၊ လေးလလောက်ပဲ ရှိသေးတယ်။ အရင်က Audi TT  2000 လေးစီးတာ။ ပြိုင်ကားလေး။ အဲဒါလေးစီးနေတာကနေ ဒါလေးလဲစီးဖြစ်သွားတာ။

Voice : ပြိုင်ကားစီးနေရာကနေ ဒီကားလေး ပြောင်းစီးဖြစ်သွားတာကရော ဘာလို့လဲ။ 
MMSS : ကျွန်တော်က အဓိကကြိုက်တာက Sport Type လေးတွေ ပိုသဘောကျတယ်။ ကားဆို လူငယ်ဆန်ဆန် Sport Type ပုံစံလေးတွေ သဘောအရမ်းကျတယ်။ အရင်ပြိုင်ကားလေးတုန်းက အင်ဂျင်ပါဝါကလည်း ၁.၈ ပဲရှိတဲ့အတွက် ဆီစားလည်း သက်သာတယ်။ အဲဒီကားလေးလည်း တော်တော်လေး သဘောကျတယ်။ ဒါပေမဲ့ မော်ဒယ်လ်က ၂၀၀၀ ဖြစ် နေတဲ့အတွက် အရမ်းကြီးတော့ ဖလန်းဖလန်းတော့ မဖြစ်တော့ဘူး။ အခုနောက်ပိုင်း ၂၀၁၄ တို့၊ ၂၀၁၅ တို့ဆို တော်တော်လေး မိုက်တယ်။ နောက်ပိုင်း ပိုက်ဆံလေး ရှိလာရင်တော့ ဝယ်စီးမလားလို့ စိတ်ကူးတယ်။ အဲဒီပြိုင်ကားလေးတွေ။ Audi TT လေးတော့ တော်တော် သဘောကျတယ်။ အင်ဂျင်ပါဝါ နည်းတယ်၊ ဆီစားသက်သာတယ်၊ လူလေးယောက်လောက်ဆံ့တယ်။

Voice : မော်ဒယ်လ် အမြင့်ကားလေးတွေ ပြောင်းစီးရတာမျိုးရော သဘောကျလား။ 
MMSS : စီးချင်တယ်။ အဲဒီလိုလေး ပြောင်းစီးရတာတော့ သဘောကျတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေဆို ကျွန်တော် စီးချင်တာ Max X လည်း စီးချင်တယ်။ အရင်ကဝယ်မယ်ဆိုပြီးလည်း မှန်းထားသေးတယ်။ နောက်မှမစီးဖြစ်ဘဲ ဒါလေးဝယ်ဖြစ်သွားတာ။ မော်ဒယ်လ်ကတော့ မြင့်လေ Function စုံလေပါပဲ။

Voice : အဲဒီလိုဆို Luxury ကားတွေထက် Sport Type ကားမျိုးကို သဘောကျတယ်လို့ ပြောလို့ရတာပေါ့။
MMSS : ဟုတ်တယ်။ Luxury ကားတွေထက် Sport Type ကားတွေ ပိုသဘောကျတယ်။ ဒီကားတွေက အင်ဂျင်ပါဝါ နည်းတဲ့အတွက် ဆီစားတော့ သက်သာပါတယ်။ တကယ်တမ်းဆို ကျွန်တော်က ပြိုင်ကားလေးတွေပဲ သဘောကျတာ။ ပြင်ပြီးတော့ပဲ စီးမယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ သူက Audi ဆိုတော့ ပျက်ပြီဆိုရင် နည်းနည်းလောက် ထိမိခိုက်မိသွားပြီးဆိုရင်ကို (သိန်း) တစ်ဆယ်အထက်ပဲ။ သေးသေးမွှားမွှားဖြစ်တဲ့ ဂိတ်တံလေးပျက်လို့လဲရင်ကို သူက တစ်သိန်း နှစ်သိန်း ထွက်နေတာဆိုတော့ တစ်ခုခု ပျက်ပြီဆိုရင်ကို အိမ်နဲ့ စကားပြောနေရတာ။ အဲဒါကြောင့် မတတ်သာလို့ ရောင်းလိုက်ပြီး ဒါလေးစီးနေရတာ။

Voice : Sport Type နဲ့ Luxury ကားရဲ့ အားသာချက် အားနည်းချက်တွေက ဘာတွေရှိလဲ။
MMSS : Sport Type ကတော့ ပုံမှန်ကားတွေထက် ဆီစား နည်းနည်းများတယ်။ မြန်မာပြည် အနေအထားနဲ့ကျတော့ အောက်ပိုင်း​တွေ တော်တော်ထိတာ များတယ်။ အောက်ပိုင်းတွေ အရမ်းထိတယ်။ ရှေ့ကာ၊ ဘန်ကာတွေတောင် ကျွန်တော်ဆို အော်ရီဂျင်နယ်အတိုင်း မဟုတ်ဘူး။ မိုလ်လောင်းပြီးကို စီးရတာ။ အဲဒါတောင် ခဏခဏ တိုက်လွန်းလို့ ဝပ်ရှော့နဲ့တောင် အတော်လေး ရင်းနှီးနေပြီ။ အခု ဒီကားလေး ပြောင်းပြီး တော့တောင် ဝပ်ရှော့ရုံက အစ်ကိုက စနေသေးတယ်။ မင်းကားလဲပြီးမှ ငါ့ဆီ မရောက်လာတော့ဘူးနော်ဆိုပြီး။ နောက် Sport Type က တစ်ခုခုဖြစ်ပြီဆို သာမန်ထက်ပိုပြီး အကုန်အကျ များတယ်။

ခိုင်ချယ်ရီထွန်း