News

POST TYPE

AUTOMOBILE

တေးသံရှင် မိစန္ဒီနှင့် တွေ့ဆုံခြင်း
02-Apr-2018
“ငယ်ငယ်ကတော့ Chevrolet ကားလေးတွေ သဘောကျတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာဆိုရင်တော့ တေးသံရှင်မိစန္ဒီနဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်းလေး မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
MSD : ညီမ အခုလက်ရှိ Alphard စီးနေပါတယ်။

Voice : မော်ဒယ်လ်ဘယ်လောက်လဲ ညီမ။
MSD : မော်ဒယ်လ်တော့ အတိအကျမသိဘူး။

Voice : ဝယ်ထားတာရော ကြာပြီလား။ 
MSD : ကြာပြီ။ တော်တော်ကြီးကိုကြာပြီ။ 

Voice : ဘယ်လောက်လောက်ရှိပြီလဲ။
MSD : လေးနှစ်လောက်ရှိပြီ။

Voice : ဒီလောက်အကြာကြီးစီးခဲ့တာဆိုတော့ ဒီကားလေးမှာ ကောင်းတဲ့အချက်လေးတွေတော့ ရှိမှာပေါ့နော်။ 
MSD : ဟုတ်တယ်။ ဒီကားလေးက ကျယ်လည်းကျယ်တယ်။ ပစ္စည်းလည်းဆံ့တယ်။ နောက် ရှုတင်တွေလည်း ရှိနေတာဆိုတော့ Make-up Artist တွေလည်း တစ်ခါတည်းခေါ်သွားလို့ရတယ်။ 

Voice : မိစန္ဒီအနေနဲ့ကော ကားအပေါ်မှာ ခရေဇီဖြစ်တာမျိုးရှိလား။
MSD : မိစန္ဒီအနေနဲ့ကတော့ ကားအပေါ်မှာ သိပ်ပြီးတော့ ခရေဇီဖြစ်တာမျိုး ဘာညာမရှိပါဘူး။ ကားအသစ်ပေါ်လာလို့ လဲချင်တာလည်း မရှိဘူး။ လဲဖို့လည်း ပိုက်ဆံလည်းမရှိဘူး။

Voice : မိစန္ဒီအနေနဲ့ရော ဘယ်လိုကားအမျိုးအစားတွေကို သဘောကျမိတာမျိုးရှိလဲ။ 
MSD : မိစန္ဒီအနေနဲ့ကတော့ ကားပေါ်မှာ ဘယ် Brand မှ ဘာညာဆိုပြီး မရှိဘူး။ နောက် မိစန္ဒီက အမှန်တိုင်းပြောရရင် ကားလည်းမမောင်းတတ်ဘူး။

Voice : ကားနဲ့ပတ်သက်တဲ့ အမှတ်တရတွေရော မိစန္ဒီဘဝမှာ ရှိခဲ့ဖူးလား။ 
MSD : ငယ်ငယ်ကတော့ Chevrolet ကားလေးတွေ သဘောကျတယ်။ အဲဒီကားက ဘဝမှာပထမဆုံး စီးတဲ့ကားအဟောင်းကြီး။ အဲဒါကြောင့် အဲဒီကားကတော့ မိစန္ဒီဘဝမှာ ပထမဆုံးစီးတဲ့ကားမို့ မှတ်မှတ်ရရရှိနေတယ်။

Voice : လက်ရှိစီးနေတဲ့ကားကိုရော လဲဖို့အစီအစဉ်ရှိလား။
MSD : လဲတော့လဲမယ်ဆိုပေမယ့် ဒီကားကို တော်တော်ကြီး ဖွတ်ဖွတ်ညက်ညက်ကြေအောင်စီးပြီးမှပဲ လဲဖြစ်မယ်။

ခိုင်ချယ်ရီထွန်း