News

POST TYPE

AUTOMOBILE

တေးသံရှင် ပိုးမီနှင့် တွေ့ဆုံခြင်း
12-Mar-2018 tagged as အနုပညာ



“ပထမဆုံးစီးတဲ့ ကားလေးဖြစ်တဲ့အတွက် ပိုပြီးတော့ မြတ်နိုးတန်ဖိုးထားတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ Myanmar Idol ပြိုင်ပွဲကတစ်ဆင့် ပရိသတ်အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီး လက်ရှိ “နောက်ထပ်တစ်ယောက်မရှိ” အယ်လ်ဘမ်ထွက်ရှိထားတဲ့ တေးသံရှင်ပိုးမီနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားအမျိုးအစားလေးနဲ့ ပတ်သက်တာလေးတွေ မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
PM : ညီမလက်ရှိ Ciaz စီးနေပါတယ်။ 

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။ 
PM : အားသာချက်က ခရီးဝေးသွားတဲ့အခါ ပိုပြီးတော့ အဆင်ပြေတယ်။ နောက် သူက ဘယ်မောင်းဆိုတော့ ပိုပြီးတော့ မောင်းရတာကောင်းတယ်။ နောက်တစ်ခုက ဒါ ပိုးမီ ပထမဆုံးစီးတဲ့ကားပါ။ အခုမှ ကားလေးစီးနိုင်တာဆိုတော့ ပထမဆုံးစီးတဲ့ကားလေးဖြစ်တဲ့အတွက် ပိုပြီးတော့ မြတ်နိုးတန်ဖိုးထားတယ်။ နောက်အားသာချက်တစ်ခုက ဆီစားသက်သာတယ်။ ပုံစံလေးကလည်း လှတယ်။ သင့်တင့်တဲ့ဈေးနှုန်းထဲမှာ ကောင်းကောင်းစီးလို့ရတဲ့ အနေအထားထဲမှာပါတယ်။ Brand New ကားတစ်စီးကို ဈေးနှုန်းသက်သက်သာသာနဲ့ စီးလို့ရတယ်။ နောက်တစ်ခုက အရစ်ကျတွေလည်း ဝယ်လို့ရတယ်။ 

Voice : ကားကျ ကိုယ်တိုင်ပဲမောင်းတာလား။ 
PM : ဟုတ်၊ ကိုယ်တိုင်လည်း မောင်းတယ်။ တစ်ခါတလေ ခရီးဝေးတွေဘာတွေသွားရင်တော့ ဒရိုင်ဘာနဲ့သွားတယ်။ 

Voice : ရွေးချယ်စရာကားတွေ အများကြီးရှိတဲ့အထဲကမှ ဘာလို့ဒီကားအမျိုးအစားကို ရွေးဝယ်ဖြစ်သွားတာလဲ။ 
PM : ကားအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကနေ ဒီကားအမျိုးအစားကို ရွေးဝယ်ဖြစ်သွားတာက ပိုးက စဉ်းစားတယ်။ ကားအကြောင်း ကိုယ်က သိပ်လည်းနားမလည်ဘူး။ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ ကိုယ်သုံးနိုင်တဲ့ငွေပမာဏနဲ့ ကောင်းကောင်းမွန်မွန်လေးလည်း စီးချင်တယ်။ ဇီးရိုးကီလိုလည်း ဖြစ်တယ်။ Brand New ကားလည်း စီးရတယ်။ ကိုယ့်မှာရှိတဲ့ ငွေပမာဏနဲ့လည်း အဆင်ပြေတယ်။ ပြီးတော့ ကားပုံစံလေးက ဆလွန်းလေးဆိုတော့ စီးရတာလည်း အဆင်ပြေတာနဲ့ ဝယ်ဖြစ်သွားတာ။ 

Voice : အခုဝယ်ထားတာ ဘယ်မောင်းဆိုတော့ မောင်းရတာ သဘောကျလား။ 
PM : စဉ်းစားတာတော့ အရင်က ညာမောင်းတွေ မောင်းတာများတယ်။ ဒါပေမဲ့ ပိုးသိတာကျ ဘယ်မောင်းက ခရီးဝေးတွေ၊ ဘာတွေသွားတဲ့အခါကျရင် ဘယ်မောင်းဖြစ်နေတဲ့အတွက် ကိုယ့်ဆုံးဖြစ်ချက်နဲ့ ကိုယ်မောင်းလို့ရတယ်။ ဘေးနားက တစ်ယောက်က ထိုင်ကြည့်ပေးပြီး ရှေ့မှာကားရှိလား၊ လမ်းရှင်းရဲ့လား၊ ကျော်လို့ရရဲ့လားဆိုတာ ဘေးကတစ်ယောက်က မပြောနေရဘဲ ကိုယ်တိုင်ကြည့်လို့ရတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ မောင်းလို့ရတာကို သဘောကျတယ်။ ပိုးက အမှန်အတိုင်းပြောရရင် ကားပုံစံကိုကြည့်ပြီး ကြိုက်လို့ဝယ်ဖြစ်သွားတာ။ နောက်မှ ဘယ်မောင်းဆိုတာသိတာ။ 

Voice : Brand New ကားသစ်တစ်စီး ဝယ်ထားတာဆိုတော့ ကုမ္ပဏီအပိုင်းက ဆားဗစ် ဘာတွေပေးထားလဲ။ အဆင်ပြေလား။
PM : ကုမ္ပဏီက ဆားဗစ်ပိုင်းနဲ့ပတ်သက်ပြီး အင်ဂျင်ကို တစ်နှစ်အာမခံ ပေးထားပါတယ်။ တခြားတော့ မရှိပါဘူး။

ခိုင်ချယ်ရီထွန်း