News

POST TYPE

AUTOMOBILE

Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံခြင်း
12-Sep-2016

ဒီတစ်ပတ် Celebrities’ Choiceကဏ္ဍအတွက် Miss Universe Myanmar 2014 ဆု ရရှိထားပြီး အနုပညာ လုပ်ငန်းတွေ တောက်လျှောက် လုပ်နေတဲ့ Miss သျှားထွဋ်အိန္ဒြာရဲ့ အခု လက်ရှိ စီးနေတဲ့ ကားနဲ့ ကားအပေါ် ထားရှိတဲ့ သူ့ရဲ့ စိတ်နေစိတ်ထားတွေကို တွေ့ဆုံမေးမြန်း ထားပါတယ်။

Voice : လက်ရှိ စီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါဦး။
Sharr : သျှား လက်ရှိက Toyota Wish နဲ့ Pajero စီးပါတယ်။

Voice : ဘာလို့ အဲဒီကားတွေ ရွေးဖြစ်တာလဲ။
Sharr : သျှားက ကားဆို အစုံကြိုက်တယ်။ ဒီအတိုင်း ရွေးချယ်တယ်ဆိုတာ မရှိဘူး။ Wish ကျတော့လည်း ရှုတင်တွေ သွားတဲ့အခါကျတော့ အဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ လူလည်း များများ ဆံ့တယ်။ ပြီးတော့ သျှားပစ္စည်းတွေ ဘာတွေထည့်၊ အင်္ကျီတွေ ဘာတွေ လဲတာကျတော့ ဒီ Wish လေးက အဆင်ပြေတယ်။ Pajero ကတော့ သျှား ကားအကြီးတွေ ကြိုက်တယ်။ ကားအကြီးကြီးတွေ မောင်းရတာ သဘောကျတယ်။ ကား သေးသေးလေးတွေဆို ကြားထဲမှာ ညပ်နေမှာ အရမ်း ကြောက်တာ။ အဲဒီတော့ ကားကြီးကြီး မောင်းရတာကို ကြိုက်တယ်။ ဒါကြောင့်မို့ သျှား Pajero နဲ့ Wish လေးကို ရွေးချယ်ဖြစ်သွားတာ။ မိန်းကလေး တော်တော်များများကတော့ ကားသေးသေးလေးတွေ သဘောကျတာ များတယ်။ သျှားကျတော့ အကြမ်းခံ ပြီးတော့ ကိုယ်နဲ့ အသုံးတည့်တဲ့ ကားမျိုးကို ပိုကြိုက်တယ်။

Voice : နောက်ပြီး ပြိုင်ကားတွေ ဘာတွေရော သဘောကျလား။
Sharr : ပြိုင်ကားတော့ သျှား သဘောကျပါတယ်။ မောင်းကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ သျှား အရမ်းကြီးတော့ မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အတွက် အဆင် မပြေဘူး။ မိန်းကလေး တစ်ယောက် အနေနဲ့ ပြိုင်ကားလေးနဲ့ လှတာကတော့ လှတယ်။ ဒါပေမဲ့ သျှား ရှုတင်တွေ ဘာတွေ သွားတာကျ အဆင်မပြေဘူးပေါ့နော်။ ပြီးတော့ ကားတွေ ဘာတွေ ကျပ်တာနဲ့ဆိုတော့ ပြိုင်ကားနဲ့ကျတော့ အဆင် သိပ်မပြေတာလည်း ပါတယ်။

Voice : အခု စီးနေတဲ့ ကားအပေါ်မှာရော သျှား သဘောကျမိတဲ့ အချက်လေးတွေရှိလား။
Sharr : အခု Wish ဆိုရင် ငြိမ့်လည်း ငြိမ့်တယ်။ စီးရတာ ကျယ်လည်း ကျယ်တယ်။ အဓိက ကားကျယ်ဖို့ပဲ အရေးကြီးတာပေါ့နော်။ ကားကျယ်တော့ သွားရ လာရတာလည်း အဆင်ပြေတယ်။ နောက် ကားဆိုဒ်ကလည်း အကြီးလည်း မဟုတ်ဘူး။ သေးသေးလေးလည်း မဟုတ်ဘူး။ အနေတော်လေး ဖြစ်နေလို့ သဘောကျ မိတာပါ။

Voice : Pajero ကျတော့ရော။
Sharr : Pajero ကျတော့ သျှား အရင် ပြောခဲ့သလို ပဲ။ ကားကြီးတော့ ကိုယ်မောင်းရတာ သက်သာတယ်။ ဒါပေမဲ့ မိန်းကလေး တစ်ယောက် အနေနဲ့ကျတော့ နည်းနည်း ခက်တယ်။ ဒါပေမဲ့ သျှားကတော့ ကား မောင်း စသင်ကတည်းက ဒီကားနဲ့ စသင်ထားတော့ ဒီကားကိုပဲ မောင်းရတာ သဘောကျတယ်။

Voice : ဒါဆို သျှားက ကားကို ကိုယ်တိုင် မောင်းတာပေါ့။
Sharr : ဟုတ်။ ကိုယ်တိုင်လည်း မောင်းသလို တစ်ခါတလေကျရင် မေမေလည်း မောင်းပို့ပေးတယ်။ တစ်ခါတလေကျတော့လည်း ခရီးတွေ ဘာတွေ သွားတဲ့အခါမျိုးမှာ ဒရိုင်ဘာခေါ်သွားတယ်။

Voice : လက်ရှိ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်နေတဲ့ အခြေအနေကရော။ ကားမောင်းရသူ တစ်ယောက်အနေနဲ့ ဘယ်လို အကြံပေးချင်လဲ။
Sharr : လက်ရှိမှာတော့ ကားတွေ အရမ်းများလာတာလည်း ပါတယ်။ နောက် ကားတွေလည်း ဝယ်နိုင်နေကြပြီဆိုတော့ အနည်းနဲ့ အများတော့ စည်းကမ်းတကျ မောင်းမယ်ဆိုရင်တော့ ကားကျပ်တာတွေ လျော့ သွားမယ်လို့ ထင်ပါတယ်။ ကားကျပ်တာကြီးကိုတော့ သျှားအနေနဲ့ အပြစ် တစ်ခုလို့ မမြင်ဘူး။ ကိုယ့်နိုင်ငံ တိုးတက်လာတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ အလုပ်တွေ ဘာတွေ ရှိရင်တော့ ကိုယ်သွားရမယ့် အချိန်ကို တွက်ဆပြီးမှ သွားစေချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA