News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဆုမြတ်နိုးဦးနှင့် တွေ့ဆုံခြင်း
12-Feb-2018


“အဝတ်အစားတွေအပြင် မိတ်ကပ်ဆရာလည်း ခေါ်ရတာဆိုတော့ ကားကြီးတာက မြတ်နိုးအတွက် ပိုပြီးအဆင်ပြေတယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ “ဟီးရိုးနဲ့ဇီးရိုး” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
SMNO : မြတ်နိုး လက်ရှိစီးနေတဲ့ ကားအမျိုးအစား GAC ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား ညီမ။
SMNO : မကြာသေးပါဘူး။ တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။

Voice : ဒီကားရဲ့ အားသာချက်တွေက ဘာတွေရှိလဲ။ 
SMNO : ကားက နည်းနည်းကြီးတော့ ပစ္စည်းလည်း ထည့်လို့ရတဲ့အပြင်ကို ဆီစားလည်းသက်သာတယ်။ မြတ်နိုးတို့ မိန်းကလေးတွေအတွက်လည်း သင့်တော်တယ်။ ခရီးတွေဘာတွေ သွားတာကျလည်း ဆီစားသက်သာတယ်။ 

Voice : အနုပညာရှင်တစ်ယောက်အနေနဲ့ ကျတော့ရော ဘယ်လိုကားအမျိုးအစားတွေက ပိုသင့်တော်လဲ။ ကားကြီးတာမျိုးကို ရွေးချယ်သင့်တာလား။
SMNO : အဲဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူချင်မှ တူမှာပေါ့နော်။ မြတ်နိုးအတွက်ကျ ကားအကြီးကို ကြိုက်တာဆိုတော့ အခုစီးနေတဲ့ ကားဆိုက်လောက်ဆို အဆင်ပြေတယ်။ သူက Saloon သေးသေးလေးတွေကျ မြတ်နိုးထည့်ချင်တာ ထည့်လို့မရဘူး။ အဝတ်အစားတွေအပြင် မိတ်ကပ်ဆရာလည်း ခေါ်ရတာဆိုတော့ ကားကြီးတာက မြတ်နိုးအတွက် ပိုပြီးအဆင်ပြေတယ်။ 

Voice : ကားက ကိုယ်တိုင်ပဲ မောင်းတာလား။
SMNO : ဟုတ်။ မြတ်နိုးကိုယ်တိုင်ပဲ မောင်းတယ်။ နောက် ဒရိုင်ဘာမောင်းတာကိုလည်း စိတ်မချဘူး။ ပြီးတော့ ကိုယ့်ဘာသာကိုယ် မောင်းရတာကို ပိုအားရတယ်။ ပြီးတော့ ဒရိုင်ဘာက အရင်ကတည်းကကို ထားနေကျမဟုတ်တော့ ကိုယ်တိုင်မောင်းတာ အဆင်ပြေပါတယ်။ ကိုယ့်ဘာသာမောင်းရတာက ပိုပြီးတော့လည်း အားရတယ်။ ပိုပြီးတော့လည်း Safe ဖြစ်တယ်လို့ ခံစားရတယ်။ 

Voice : မြတ်နိုးအနေနဲ့ လူငယ်လည်းဖြစ်တယ်ဆိုတော့ ဘယ်လိုကားအမျိုးအစားတွေ စီးရတာ သဘောကျလဲ။ 
SMNO : မြတ်နိုးက ကားလှလှလေးတွေမြင်ရင်တော့ သဘောကျတာပဲ။ ဒါပေမဲ့ ပြိုင်ကားတွေတော့ သဘောမကျဘူး။ ပြိုင်ကားက နိမ့်နေတာလည်း သဘောမကျဘူး။ နောက် ပြိုင်ကားထဲမှာပါတဲ့ ထိုင်ခုံတွေကိုလည်း မကြိုက်ဘူး။ အောက်နိမ့်တာတွေ၊ ပစ္စည်းမဆံ့တာတွေ ခရီးတွေဘာတွေ ထွက်ဖို့ဆိုလည်း ပြိုင်ကားက အဆင်မပြေဘူး။ ကျယ်ကျယ်ဝန်းဝန်းနဲ့ အဆင်ပြေပြေ စီးလို့ရတဲ့ ကားမျိုးကိုသဘောကျတယ်။ 

Voice : မိန်းကလေးတွေအတွက် ဘယ်လိုကားမျိုး ရွေးချယ်သင့်တယ်လို့မြင်လဲ။
SMNO : ဒါကတော့ တစ်ဦးတစ်ယောက်ချင်းပေါ် မူတည်ပါတယ်။ မြတ်နိုးကတော့ အရမ်းအကြီးမဟုတ်ဘဲ Saloon Type လောက်လေးဆိုလည်း အဆင်ပြေတာပဲ။ ကိုယ့်အတွက် မောင်းရလွယ်မယ်လို့ထင်တဲ့ ကားအမျိုးအစားမျိုးက ကိုယ်နဲ့သင့်တော်မယ်လို့ ထင်တာပဲ။ 

Voice : ကားကို ပုံမှန်ထိန်းသိမ်းတာမျိုးကိုရော လုပ်လေ့ရှိလား။
SMNO : လုပ်တော့ လုပ်ဖြစ်ပါတယ်။ ခရီးသွားမယ်ဆို အောက်ပိုင်းတွေ သေချာစစ်တယ်။ ပြီးတော့ ကားအင်ဂျင်ဝိုင်လဲတာတို့ ဘာတို့ကျ လဲရမယ့်အချိန်ဆို Show Room မှာ သွားလဲတယ်။ သူတို့ဆီမှာ ဆားဗစ်လည်းရှိတယ်ဆိုတော့ အဲဒီမှာပဲ လုပ်ဖြစ်တယ်။ အားရင်အားသလို ကားရေဆေးတာတို့ ဘာတို့တော့ လုပ်ဖြစ်ပါတယ်။ 

ခိုင်ချယ်ရီထွန်း



  • VIA