POST TYPE
AUTOMOBILE
မော်ဒယ်လ် အောင်ဂျူးလူနှင့် တွေ့ဆုံခြင်း
05-Feb-2018

“Safety ပိုင်းကတော့ မောင်းတဲ့လူပေါ်မှာပဲ မူတည်ပါတယ်”
ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ တက်သစ်စမော်ဒယ်လ် အောင်ဂျူးလူနဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။
Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
AJL : Ipsum ၂၀၀၃ စီးနေပါတယ်။
Voice : ဝယ်ထားတာရော ကြာပြီလား။
AJL : တစ်နှစ်ခွဲလောက်တော့ ရှိသွားပါပြီ။
Voice : ဒီကားရဲ့ အားသာချက်က ဘာတွေရှိလဲ။
AJL : အားသာချက်ကတော့ ဟိုင်းဝေးကျရင် သိသာတယ်။ ပြီးတော့ Round Air-Con ဆိုတော့ အနောက်က လိုက်စီးတဲ့သူတွေလည်း တော်တော်သက်သာတယ်။
Voice : Safety ပိုင်းအတွက်ရော ဒီကားက ဘာတွေကောင်းလဲ။
AJL : Safety ပိုင်းကတော့ မောင်းတဲ့လူပေါ်မှာပဲ မူတည်ပါတယ်။ ခရီးဝေးသွားတော့မယ်ဆို ပြန်စစ်ရတာတို့ ဘာတို့တော့ လုပ်ရတာပေါ့။
Voice : မြို့တွင်းမှာရော ကားမောင်းရတာ အဆင်ပြေလား။
AJL : မြို့ထဲမှာတော့ ကားမကျပ်ရင် ပြေပါတယ်။
Voice : ဒီကားအရင်ကရော ဘယ်ကားတွေ စီးခဲ့ဖူးလဲ။
AJL : အရင်က Surf စီးခဲ့ဖူးတယ်။
Voice : Surf ကနေ ဒီကားပြောင်းစီးတော့ ဘာတွေ ကွာသွားတယ်လို့မြင်လဲ။
AJL : Surf ကတော့ လမ်းကြမ်းတွေသွားတဲ့အခါ ကောင်းတာပေါ့။ ဒါကျတော့ နည်းနည်းငြိမ်တယ်လို့ ပြောလို့ရတယ်။ Surf ကျ မြင့်တော့လူးတယ်။ Engin Power ကျတော့ Surf က သာတယ်။ ဒီကောင်က ၂.၄ ဟိုကောင်ကျ ၃.ဝ ဆိုတော့။
Voice : မောင်လေးအနေနဲ့ရော ဘယ်ကားကို ပိုကြိုက်လဲ။
AJL : ကျွန်တော်က ဒီကားကိုပိုကြိုက်ပါတယ်။ ဟိုကားကျ နည်းနည်း လူကြီးဆန်တယ်။
Voice : မောင်လေးအနေနဲ့ လူငယ်လည်းဖြစ်တယ်ဆိုတော့ ဒီကားအပြင် တခြား ဘယ်လိုကားတွေ သဘောကျသေးလဲ။
AJL : ပြိုင်ကားတော့ သိပ်မကြိုက်ဘူး။ Luxury ပုံစံတွေတော့ကြိုက်တယ်။ Saloon တွေလည်း ကြိုက်တယ်။
Voice : ကားကို ပုံမှန်ထိန်းသိမ်းတာတို့ ဘာတို့ကျတော့ရော ပုံမှန်လုပ်ဖြစ်လား။ ဘယ်ဆိုင်တွေမှာ လုပ်ဖြစ်လဲ။
AJL : Body တစ်ခုလုံးရယ် အောက်ပိုင်းတွေရယ်ကျတော့ မြို့မကျောင်းလမ်းက မြို့မပွိုင့်မှာ လုပ်ဖြစ်တယ်။
Voice : အဲဒီမှာလုပ်ရတာရော အဆင်ပြေလား။
AJL : ပြေပါတယ်။ အဲဒီဆိုင်က အရင်ကတည်းက လုပ်နေကျ။
Voice : ကားမှာ စတစ်ကာတွေ ဘာတွေ ကပ်ရတာရော သဘောကျလား။
AJL : ကားမှာတော့ မှန်မှာနေမပူအောင် ကပ်တာလောက်ပဲ သဘောကျတယ်။ Body ကို ကပ်တာကျ သဘောမကျဘူး။
Voice : ကားဝယ်ချင်တဲ့သူတွေအတွက် အမှာစကားလေး ပြောပေးပါဦး။
AJL : ကားဝယ်မယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်မယ့် ကားအမျိုးအစားကိုရွေးတာ အကောင်းဆုံးပါပဲ။
ခိုင်ချယ်ရီထွန်း
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019