News

POST TYPE

AUTOMOBILE

သရုပ်ဆောင် မျိုးသူရကျော်နှင့် တွေ့ဆုံခြင်း
29-Jan-2018


“ပြိုင်ကားဆန်ဆန်လေးတွေ ပိုကြိုက်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ တက်သစ်စသရုပ်ဆောင် မျိုးသူရကျော်နဲ့ တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအမျိုးအစားနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
MTYK : ကားအမျိုးအစားက Toyota AXIO 2007 ပါ။

Voice : ဒီကားရဲ့ အားသာချက်တွေက ဘာတွေရှိလဲ။
MTYK : အားသာချက်က ဆီစားအရမ်းသက်သာပြီး စီးလို့ကောင်းတယ်။

Voice : ဘယ်လိုကားအမျိုးအစားတွေ စီးရတာသဘောကျလဲ။
MTYK : ြကိုက်တဲ့ကားအမျိုးအစားက WISH လည်း ကြိုက်တယ်။ ခရီးသွားရတာ လူဆံ့တယ်။ 

Voice : ကားအပေါ်မှာ ခရေဇီဖြစ်တာမျိုးရော ရှိလား။
MTYK : ခရေဇီဖြစ်တာပေါ့ လူငယ်ပဲ။ ပြိုင်ကားဆန်ဆန်လေးတွေ ပိုကြိုက်တယ်။ 

Voice : ကားကို ပုံမှန်ထိန်းသိမ်းတာတွေဘာတွေ လုပ်လေ့ရှိလား။
MTYK : ကားကို ပုံမှန်ထိန်းသိမ်းတာကတော့ တစ်နေ့တာ ကားစထွက်ပြီဆို တန်းမထွက်ဘဲ ကားကို စက်ငါးမိနစ်လောက် နှိုးထားတယ်။ ပြီးမှ အိမ်ကထွက်တယ်။ အဲဒီလိုလေး အမြဲထိန်းသိမ်းတယ်။ နောက် အင်ဂျင်ဝိုင်ကို ကီလိုငါးထောင်ပြည့်ရင် တစ်ခါလဲတယ်။

Voice : ဘယ်ဆိုင်တွေမှာ လုပ်လေ့ရှိလဲ။
MTYK : ဆိုင်ကတော့ အဓိကမရွေးဘူး။ ကားက အဆင်ပြေတော့ ပြင်ရတာကို မရှိသလောက်ပဲ။

Voice : ကားတစ်စီးဝယ်တော့မယ်ဆို ဘာတွေက အဓိကကျတယ်လို့မြင်လဲ။
MTYK : ကားတစ်စီးဝယ်တော့မယ်ဆို သူများတွေအတွက်တော့ မသိဘူး။ ကျွန်တော်ကတော့ ဆီစားသက်သာတာလေးကို ပိုကြိုက်မိတယ်။ ရန်ကုန်မှာ ကားလမ်းပိတ်တော့ ဆီစားသက်သာတာလေးပဲ စီးချင်မိတော့ အဲဒါလေး အဓိကကျမယ်ထင်တာပဲ။

Voice : ယာဉ်အန္တရာယ်ကင်းရှင်းဖို့အတွက် ကိုယ့်ဘက်က ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ရှိလဲ။
MTYK : ယာဉ်အန္တရာယ်ကင်းဖို့က ကျွန်တော့်ဘက်က ပြင်ဆင်တာကတော့ ခါးပတ်ပတ်တယ်။ သတ်မှတ်ကီလိုလေးပဲ မောင်းတယ်။ အမြဲ ဘေး၊ ရှေ့၊ နောက် သတိထားကြည့်တယ်။ ဘယ်လိုအန္တရာယ်လာမယ် မသိရလို့ အဲဒီလို ဂရုစိုက်မောင်းပါတယ်။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပရိသတ်အတွက် အမှာစကားပြောပေးပါဦး။ 
MTYK : အမှာစကားကတော့ ခါးပတ်ပတ်စီးပါ။ ချမှတ်ထားတဲ့ စည်းကမ်းလေးတွေကို လိုက်နာပြီး မောင်းပါလို့။ ကျေးဇူးတင်ပါတယ်ဗျ။

ခိုင်ချယ်ရီထွန်း