News

POST TYPE

AUTOMOBILE

တေးသံရှင် ဂေဂေးနဲ့ တွေ့ဆုံခြင်း
22-Jan-2018



“ကားမှာ စတစ်ကာလေးတွေကပ်ရတာ ဝါသနာပါတော့ Gae ကြိုက်တဲ့ သံစဉ်ပုံလေးတွေ ကပ်ထားတယ်”

ဒီတစ်ပတ်ရဲ့ Celebrities's Choice ကဏ္ဍမှာတော့ နင်သာရှိရင် တစ်ကိုယ်တော်အယ်လ်ဘမ်နဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ တေးသံရှင်ဂေဂေးနဲ့ တွေ့ဆုံပြီး ကားနဲ့ ပတ်သက်တာလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။ 

Voice : ညီမ လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
GG : အခုလက်ရှိစီးနေတာကတော့ Honda Fit GE 6 ပါ။

Voice : ဒီကားရဲ့ အားသာချက်လေးလည်း ပြောပြပေးပါဦး။
GG : အားသာချက်ကတော့ ဆီစားသက်သာတယ်။ ပေါ့ပေါ့ပါးပါးလေးရှိတယ်။

Voice : ဒီကားရဲ့ အားနည်းချက်ကရော ဘာတွေရှိလဲ။
GG : အားနည်းချက်ကတော့ Gae စစီးကတည်းက ဘီးနဲ့ပတ်သက်ပြီးပဲ ခဏခဏလုပ်နေရတယ်။ ကျန်တာတော့ ကောင်းပါတယ်။ 

Voice : ကားမှာ စတစ်ကာလေးတွေကပ်ရတာတို့၊ အပူခံစတစ်ကာ ကပ်ရတာတို့ရော လုပ်လေ့ရှိလား။ 
GG : ကားမှာ စတစ်ကာလေးတွေကပ်ရတာ ဝါသနာပါတော့ Gae ကြိုက်တဲ့ သံစဉ်ပုံလေးတွေ ကပ်ထားတယ်။

Voice : ကားကိုရော ပုံမှန်စစ်ဆေးတာမျိုး လုပ်လေ့ရှိလား။
GG : တစ်လတစ်ခါ ပုံမှန်တော့မဟုတ်ပေမယ့် ကားနဲ့ ခရီးဝေးသွားမယ့်အခါတိုင်းတော့ စစ်ဖြစ်တယ်။

Voice : ဒီကားလေးနဲ့ နယ်ဘက်ခရီးထွက်ရတာရော အဆင်ပြေလား။
GG : ဒီကားလေးက နယ်ဘက်သွားလို့လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အရမ်းတော့မသွားဖြစ်ဘူး။

Voice : မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်လိုကားမျိုးက သင့်တော်တယ်လို့ ခံစားရလဲ။
GG : မိန်းကလေးတစ်ယောက်အနေနဲ့ ဆိုရင်တော့ Honda Fit လေးတွေကတော့ စီးတာများကြမယ်။ Gae ဆို ကားနည်းနည်းကြီးရင် မမောင်းရဲဘူး။

Voice : ကားနဲ့ပတ်သက်ပြီး ပရိသတ်အတွက် အမှတ်တရစကားလေး ပြောပေးပါဦး။
GG : အမှတ်တရအနေနဲ့ဆိုရင်တော့ ကားကို အမြဲတမ်း ဂရုတစိုက်နဲ့ စည်းကမ်းရှိရှိ ဘေးကင်းစွာ မောင်းနှင်ကြပါလို့။

ခိုင်ချယ်ရီထွန်း