News

POST TYPE

AUTOMOBILE

တေးသံရှင် ချောငယ်နှင့် တွေ့ဆုံခြင်း
15-Jan-2018 tagged as



“ဒါလေးကျ ညီမကိုယ်တိုင်လည်း သဘောကျလို့ ဝယ်ဖြစ်သွားတာ”

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ စိတ်ကူးလေးပါပဲ တေးအယ်လ်ဘမ်နဲ့ လူသိများခဲ့ပြီး ဒုတိယမြောက် အိပ်မက်မြစ် တေးအယ်လ်ဘမ် ထပ်မံထွက်ရှိထားတဲ့ တေးသံရှင်ချောငယ်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
CN : လက်ရှိစီးနေတာက KIA Niro စီးနေပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။
CN : ဝယ်ထားတာတော့ သိပ်မကြာသေးဘူး။ နှစ်လလောက်ပဲ ရှိပါသေးတယ်။ 

Voice : ဒီကားအရင်တုန်းကရော ဘယ်လိုကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။ 
CN : ရန်ကုန်ရောက်ရောက်ချင်းတုန်းကတော့ မစီးဖြစ်ဘူး။ တက္ကစီနဲ့သွားတာများတယ်။ ဒီကြားထဲမှာတော့ Honda Fit လေး စီးဖြစ်ပါတယ်။ ပြီးတော့ ဒါလေးလဲလိုက်တာပေါ့။ 

Voice : ဒီကားရဲ့ အားသာချက်ကရော ဘာတွေရှိလဲ။
CN : အားသာချက်ကတော့ ဘယ်မောင်းဆိုတော့ မောင်းတဲ့သူကိုယ်တိုင် ရှေ့ကို ကားကျော်ချင်တယ်ဆိုရင်တော့ အရမ်းအဆင်ပြေတယ်။ ဒါပေမဲ့ တစ်ချက်ကျတော့ ညာဘက်ကပ်မယ်ဆိုရင်တော့ ကိုယ်လွတ်လား မလွတ်လား သေချာမမြင်ရဘူး။ အဲဒါလေးကတော့ ခြွင်းချက်ပေါ့နော်။ နောက် ကားကအသစ်ဆိုတော့ ကောင်းပါတယ်။ 

Voice : ဒီကားကို ဘယ်လိုဖြစ်ပြီး ဝယ်ဖြစ်သွားတာလဲ။ 
CN : KIA ကို အရင်ကတည်းကလည်း ကြိုက်တယ်။ ပြီးတော့ ဒီကားဝယ်မယ်ဆိုပြီး လိုက်စုံစမ်းကြည့်တော့လည်း အတော်လေး အဆင်ပြေတယ်ပြောတာနဲ့ ဝယ်လိုက်တာ။ ပြီးတော့ မိန်းကလေးအတွက်လည်း အဆင်ပြေတယ်ဆိုတော့ ဝယ်ဖြစ်သွားတာ။ 

Voice : ဒီကားကျ မော်ဒယ်လ်အသစ်ဆိုတော့ အပိုပစ္စည်းတွေဘာတွေ ဝယ်ရတာရော လွယ်လောက်လားညီမ။ 
CN : သူက Service Center ရှိတော့ အဆင်ပြေပါတယ်။

Voice : ကားပြုပြင်ထိန်းသိမ်းတာတို့ ဘာတို့ရော ပုံမှန်လုပ်လေ့ရှိလား ညီမ။
CN : လောလောဆယ်ကတော့ အသစ်ဆိုတော့ သိပ်တော့မလုပ်ဖြစ်ဘူး။ အင်ဂျင်ဝိုင်လဲတာကလည်း ကီလို ၅၀၀၀ ပြည့်မှ လဲရမယ်ဆိုတော့ ညီမစီးတာလည်း သိပ်မများသေးဘူးဆိုတော့ ဘာမှထွေထွေထူးထူး သိပ်မလုပ်ဖြစ်သေးဘူး။ နောက်ပိုင်း စီးတာနည်းနည်းကြာသွားရင်တော့ လုပ်ဖြစ်မှာပါ။ 

Voice : အရင်စီးခဲ့ဖူးတဲ့ Honda Fit နဲ့ အခုလက်ရှိ စီးနေတဲ့ KIA နဲ့ကျတော့ ဘာတွေကွာသွားတယ်လို့ မြင်လဲ။ 
CN : ဒီကားလေးကတော့ အသစ်ဆိုတော့ စီးရတာ ပိုကောင်းတာပေါ့နော်။ ဒါပေမဲ့ တစ်မျိုးစီတော့ စီးလို့ကောင်းပါတယ်။ Honda Fit တုန်းကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒါလေးကျ ညီမကိုယ်တိုင်လည်း သဘောကျလို့ ဝယ်ဖြစ်သွားတာ။

Voice : ကားမှာ စတစ်ကာကပ်တာတို့ အလှဆင်ရတာတို့ရော လုပ်ရတာ သဘောကျလားညီမ။
CN : အရင်တုန်းကတော့ ကားလေးဝယ်ပြီးရင် အလှဆင်မယ်လို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ဒီကားကျတော့ လုံးဝဆင်စရာမလိုအောင် Facility ကအစ အကုန်လုံး ဘာမှပြောစရာမလိုဘူး။ ပြီးတော့ အပြင်ကလည်း ကားက ဆင်ရက်စရာမရှိဘူး။

ခိုင်ချယ်ရီထွန်း

  • TAGS