News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ဇင်မျိုးနှင့် တွေ့ဆုံခြင်း
08-Jan-2018


“ကားဆို ရှင်းရှင်းလင်းလင်းပဲ သဘောကျတာ”

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ သရုပ်ဆောင်ဇင်မျိုးနဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
ZM : လက်ရှိစီးနေတဲ့ ကားအမျိုးအစားကတော့ Suzuki Swift ပုံပြောင်း ၂၀၁၁ ပါ။

Voice : ဒီကားရဲ့ အားသာချက်တွေက ဘာတွေရှိလဲ။ 
ZM : ဒီကားရဲ့ အားသာချက်က Smart Key ဖြစ်သွားတယ်။ ရီမုပါတယ်။ နောက်ပြီး စတီယာရင်တို့ ဘာတို့က Swift က ချိုးလို့ပြုလို့ တအားကောင်းသွားတယ်။ ကားကသွက်တယ်။ အခုထိတော့ Swift က တော်ရုံတန်ရုံဆို ဖောက်တာပြုတာတို့ မရှိပါဘူး။ ဂန်းဆိုလည်း တစ်ခါလဲထားရင် တစ်နှစ်လောက် ကောင်းကောင်းသုံးလို့ရတယ်။ 

Voice : ဟိုက်ဝေးအတွက်ရော ဘာတွေကောင်းလဲ။ 
ZM : ဟိုက်ဝေးဆိုရင်လည်း သူက High Speed ပါတဲ့အတွက် တခြားကားကို ကျော်ချင်တယ်ဆိုလည်း High Speed နဲ့ အသာလေး ကျော်သွားလိုက်ရုံပဲ။ အခုထက်ထိတော့ စီးလို့လည်းကောင်းတယ်။ သက်သောင့်သက်သာလည်းရှိတယ်။ အဲကွန်းလည်းကောင်းတယ်။ ဝယ်ကတည်းက အေးနေတာပဲ။

Voice : ဝယ်ထားတာ ဘယ်လောက်ကြာပြီလဲ။
ZM : ဝယ်တာ တစ်နှစ်လောက်ရှိသွားပြီ။

Voice : တစ်နှစ်အတွင်းမှာရော ကားပျက်လို့ ပြင်ရတာတို့ ဘာတို့ရှိလား။ 
ZM : ခုတစ်နှစ်အတွင်းတော့ ကြီးကြီးမားမား ကားပျက်လို့ ပြင်ရတယ်ဆိုတာ မရှိသေးဘူး။ ကျွန်တော်ကလည်း အင်ဂျင်ဝိုင်၊ ရေ၊ လေ ပုံမှန်စစ်တယ်။ နောက်တစ်ခုက ပလပ်ခေါင်းတွေဆို သုံးလတစ်ခါဖြစ်ဖြစ် လဲတယ်။ နောက်ပြီး နယ်သွားရင် သွားရသလို ပုံမှန်စစ်တယ်။ အဲဒီလို ပုံမှန်စစ်ပေးတဲ့အတွက် ကားက ပေါ့ရွှတ်ပြီး စီးရတာ အဆင်ပြေတယ်။ 

Voice : ကားကို စတစ်ကာတွေ ဘာတွေကပ်ရတာရော ဝါသနာပါလား။
ZM : စတစ်ကာကတော့ ကျွန်တော် ထူးထူးခြားခြား မကပ်ဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း ကားဆို ရှုပ်ရှုပ်ယှက်ယှက် မကြိုက်ဘူး။ ကားဆို ရှင်းရှင်းလင်းလင်းပဲ သဘောကျတာ။ ဝယ်ထားကတည်းက ပါတဲ့ပုံလေးကလည်း အဖြူနဲ့အနက်ကလေးဆိုတော့ ကြိုက်တယ်။ တကယ်လို့ ဟောင်းသွားလည်း ခုလိုအတိုင်းလေးပဲ ပြန်ကပ်သွားဖို့ရှိတယ်။ တခြားနေရာတော့ မကပ်သေးပါဘူး။

Voice : ဒီကားနဲ့ နယ်ဘက်ကားရိုက်တွေဘာတွေ သွားရတာရော အဆင်ပြေရဲ့လား။
ZM : ကားလေးက သေးတဲ့အတွက် နယ်ဘက်တွေ ကားရိုက်ထွက်လို့ ယူသွားရရင်တော့ ကျွန်တော် ဟိုက်ဝေးမှာ ညကီလို ၈၀၊ ၇၀ လောက်ပဲ မောင်းတယ်။ အဲဒီလိုမောင်းတဲ့အတွက် ကားက အောက်ပိုင်းတွေဘာတွေ နာတာပြုတာလည်း မရှိဘူး။ ကားသေးကို ပြင်းပြင်းထန်ထန်တွေ မောင်းမယ်ဆိုရင်တော့ အောက်ပိုင်းတွေဘာတွေ ထိမှာပေါ့နော်။ အဲဒီလိုလေးတော့ ရှိတာပေါ့။ 

Voice : ကားနဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘာမှာချင်လဲ။
ZM : ကားနဲ့ပတ်သက်ပြီး အမှာစကားပြောရမယ်ဆို ကားအပေါ်မှာ တကယ်ဆို ခရေဇီဖြစ်တဲ့သူတွေလည်း ရှိတယ်။ အလုပ်အတွက် တကယ်သုံးနေတဲ့သူလည်း ရှိတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ညဘက်တွေဆို ပိုအန္တရာယ်ရှိတဲ့အတွက် ဆင်ဆင်ခြင်ခြင်းလေး မောင်းကြပါလို့ အကြံပေးချင်ပါတယ်။

ခိုင်ချယ်ရီထွန်း