News

POST TYPE

AUTOMOBILE

တေးသံရှင် မင်းရတုပိုင်နှင့် တွေ့ဆုံခြင်း
01-Jan-2018 tagged as

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ တေးသံရှင် မင်းရတုပိုင်နဲ့တွေ့ဆုံပြီး ကားနဲ့ ပတ်သက်တာလေးတွေ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ 

Voice : မောင်လေးစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
MYTP : ကျွန်တော် အခုလက်ရှိ Honda Fit 2011 ကားအမျိုးအစားလေး စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား မောင်လေး။
MYTP : ဝယ်ထားတာတော့ တစ်နှစ်လောက် ရှိပါပြီ။ 

Voice : ဒီကားမတိုင်ခင်တုန်းကရော ဘာကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။
MYTP : ဒီကားအရင်တုန်းကတော့ Vanguard၊ Alphard စီးခဲ့ဖူးတယ်။ 

Voice : အဲဒီလို ကားအမျိုးအစားတွေစီးခဲ့ပြီး အခု ဒီကားလေး ဘာလို့ လဲဖြစ်သွားတာလဲ။ 
MYTP : ဒီကား ဘယ်လို လဲဖြစ်တာလဲဆိုတော့ အမေတို့က နယ်မှာကျတော့ Insight တို့ ဘာတို့ စီးတယ်။ ရန်ကုန်မှာကျ ဆီစားသက်သာတဲ့ကားမျိုး ဘယ်လိုအဆင်ပြေတာရှိလဲ။ နောက် ခရီးသွားလို့ကောင်းတဲ့ ကားအမျိုးအစားမျိုး ရှာတယ်။ ဦးလေးကလည်း ကားအရောင်းအဝယ်လုပ်တယ်ဆိုတော့ မင်း Honda Fit လေး စီးကြည့်ပါလားဆိုပြီး ဝယ်ဖြစ်သွားတာ။ 

Voice : ဒီကားကတော့ ညာမောင်းပေါ့နော်။ နောက်ပိုင်း ဘယ်မောင်းတွေပဲ သွင်းတော့မှာဆိုတော့ မောင်လေးအနေနဲ့ ညာမောင်းကားတွေအပေါ် ဘယ်လိုမြင်လဲ။ 
MYTP : အဲဒါကတော့ တခြားနိုင်ငံတွေမှာဆိုလည်း ကားတွေက ဘယ်မောင်းတွေပဲ အများဆုံးရှိတာဆိုတော့ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်လာပြီဆိုတော့ ကောင်းမှာပါ။ 

Voice : ဒီကလူတွေက ညာမောင်းနဲ့ပဲ မောင်းလာတာ အသားကျနေပြီဆိုတော့ ဘယ်မောင်းဆို အဆင်ပြေမယ်လို့ ထင်လား။ 
MYTP : ကားမောင်းတတ်တဲ့သူကျတော့လည်း ဘယ်လိုပဲမောင်းမောင်း အဆင်ပြေမယ်လို့ ထင်ပါတယ်။  အရင် ကျွန်တော် ဘယ်မောင်းလည်း မောင်းဖူးတယ်။ ကွာခြားချက်တော့ သိပ်မရှိပါဘူး။ 

Voice : ကားကရော ဘယ်အချိန်ကတည်းက စမောင်းဖြစ်တာလဲ။ 
MYTP : First Year လောက်ကတည်းက စမောင်းဖြစ်တာ။

Voice : ကားနဲ့ ပတ်သက်ပြီးတော့ရော အမှတ်တရတွေ ရှိခဲ့ဖူးလား။
MYTP : ကားနဲ့ပတ်သက်ပြီး အမှတ်တရရှိတာဆိုရင်ကတော့ ပိုက်ဆံတော်တော်ရှုံးသွားတာပဲ။ ဘာလို့လဲဆို အရင်ကျွန်တော် Surf ကားစီးတယ်။ ၃၆၀ ပေးရတယ် ဝယ်တုန်းက။ ပြန်ရောင်းတော့ ၁၆၀ ပဲ ရတယ်။ နောက် Alphard ဝယ်တယ်။ သူကျ ၂၅၀ လောက်ဝယ်ပြီး ပြန်ရောင်းတော့ ၁၈၀ ရတယ်။ ထပ်ရှုံးတော့ အမေက မဝယ်ပေးတော့ဘူး။ အဲဒီလို အမှတ်တရတွေပဲ ရှိတယ်။

Voice : ကားနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘယ်လိုအမှာစကားပြောချင်လဲ။ 
MYTP : ကားစီးရင် ခါးပတ်သေချာပတ်စီးပါလို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS