News

POST TYPE

AUTOMOBILE

သရုပ်ဆောင် နေဒွေးနှင့် တွေ့ဆုံခြင်း
18-Dec-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities' Choice ကဏ္ဍမှာတော့ သရုပ်ဆောင်နေဒွေးရဲ့ သူစီးနေတဲ့ ကားနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိမှာ ဘာကားအမျိုးအစားစီးနေလဲ။
ND : အခုစီးနေတာက Mark X ရယ်၊ Alphard 2006 ရယ် စီးနေပါတယ်။ 

Voice : အဲဒီနှစ်စီးထဲက ဘယ်ကားက ကိုယ်နဲ့ အဆင်ပြေတယ်လို့ မြင်လဲ။ 
ND : Alphard ကတော့ ရှုတင်သွားလာရတာ သုံးဖြစ်တယ်။ အပြင်ကို အလုပ်ကိစ္စ မဟုတ်တာအတွက်ကတော့ Mark X လေး စီးဖြစ်ပါတယ်။ Alphard က အဆင်မပြေဘူး။ လမ်းကောင်းတဲ့ နေရာတွေဆိုရင်တော့ Mark X ပဲ စီးဖြစ်တယ်။ 

Voice : ဒီကားနှစ်စီးစီးနေတဲ့အခါ အားသာချက်၊ အားနည်းချက်က ဘာတွေရှိတယ်လို့မြင်လဲ။
ND : Alphard ကတော့ ကျွန်တော်တို့ မင်းသားတွေအတွက် အဝတ်အစား လဲရတာ အဆင်ပြေတယ်။ ပြီးတော့ အထဲမှာ နေရထိုင်ရတာ အဆင်ပြေတယ်။ ဒါပေမဲ့ ကိုယ်တိုင် မောင်းမယ်ဆိုရင်တော့ မောင်းရခက်တာပေါ့နော်။ Max X 2013 Model u Sport Type ဆန်ဆန်ဆင်ထားတာဆိုတော့ သွားရလာရတာ လူငယ်ကျတယ်။ မောင်းရတာ အဆင်ပြေတယ်။ 

Voice : အဲဒီလိုဆိုရင် ကိုယ်တိုင်ကကျ Max X 2013 Model u Sport Type ကို ပိုသဘောကျတာပေါ့နော်။ 
ND : ဟုတ်။ နှစ်စီးယှဉ်စီးတဲ့အခါကျရင်တော့ Mark X ကို ပိုပြီးသဘောကျမိပါတယ်။ 

Voice : လူငယ်လည်း ဖြစ်တယ်ဆိုတော့ ကားအပေါ် ရူးသွပ်မှုကရော ဘယ်လောက်လောက်ရှိလဲ။ 
ND : အရင်ကတော့ အရမ်း ရူးသွပ်တယ်။ ကားတွေဆို လဲလဲစီးတယ်။ အခုနောက်ပိုင်းကျ ပိုက်ဆံကုန်လို့ လဲမစီးတော့ဘူး။ နောက်အမေကလည်း ဒီကားနှစ်စီးကို နှစ်ပေါက်အောင် စီးခိုင်းထားတာ။ နောက် လဲစီးမယ်ဆို အမှန်အတိုင်းပြောရရင် ဒီတစ်ခေါက်လဲစီးရင် အိမ်က ကန်ချခံရဖို့ပဲ ရှိတော့တယ်။ 

Voice : ကားအပေါ် ရူးသွပ်တယ်ဆိုတော့ ဘယ်လို ကားအမျိုးအစားတွေကို ခရေဇီဖြစ်လဲ။ 
ND : ဘယ်လို ကားအမျိုးအစားတွေ သဘောကျလဲဆို အခုစီးနေတဲ့ ကားအမျိုးအစား နှစ်ခုလုံးကို သဘောကျပါတယ်။ တစ်ခုက ရှုတင်အတွက် အသုံးဝင်တယ်။ Mark X ကျတော့ ကျွန်တော်ကြိုက်လွန်းအား ကြီးတဲ့ကား။ မန္တလေးက သူငယ်ချင်းတစ်ယောက် ဝယ်ကတည်းက ကျွန်တော် ဒီကားအမျိုးအစားကို လိုက်ဝယ်တာ။ ဒီ Mark X က မော်ဒယ်လ်အနိမ့်ကား အမျိုးအစားတွေ များတယ်။ ဒီကောင်က မော်ဒယ်လ် မြင့်တယ်။ ပုံစံပြောင်းသွားတယ်။ ဒီကောင်က မြန်မာနိုင်ငံမှာဆိုလည်း အစီးရေက လက်ချိုးရေလို့ရတယ်။ သိပ်မသွင်းထားသေးဘူး။

Voice : ဒီကားကျ ဘယ်မောင်းပဲလား။
ND : ညာမောင်းပဲဗျ။ ဘယ်မောင်းလည်း လာတယ်။ ကျွန်တော့်အတွက် ဘယ်မောင်းသွားလုပ်မယ်ဆို အန္တရာယ်ရှိတယ်။

ခိုင်ချယ်ရီထွန်း

  • VIA
  • TAGS