News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ထက်အောင်ရှိုင်းနှင့် တွေ့ဆုံခြင်း
21-Nov-2017

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ မကြီးစန်းနှင့် သူ၏ချစ်သူများ ဗီဒီယိုဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ တက်သစ်စ သရုပ်ဆောင် ထက်အောင်ရှိုင်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းလေးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ကား Model လေးပြောပြပေးပါ။
HAS : ကျွန်တော် လက်ရှိမှာ Crown 2014 စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
HAS : ခြောက်လလောက် ရှိသွားပါပြီ။

Voice : ဒီကားအရင်ကရော တခြား ဘယ်လိုကား အမျိုးအစားတွေ စီးခဲ့ဖူးလဲ။ 
HAS : ကျွန်တော်အရင်က Swift လေးစီးတယ်။ Swift အရင်က Fit စီးတယ်။

Voice : အရင်စီးခဲ့ဖူးတဲ့ ကားအမျိုးအစားတွေနဲ့ ဒီကားနဲ့ရော ဘာကွာခြားချက်တွေရှိလဲ။ 
HAS : ဒီကားကတော့ ဇိမ်ခံကားဆိုတော့ စီးရတာ ပိုပြီး သက်သောင့်သက်သာ ရှိတယ်။ ပြီးတော့ ငြိမ့်တယ်။ ခရီးသွားရတာတွေ အဆင်ပြေတယ်။ ဒါပေမဲ့ ဆီတော့ ပိုကုန်တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က ကားအကြီးတွေထက် ဆလွန်းကို ပိုပြီးသဘောကျတယ်။ အဲဒီအတွက် ဆလွန်းကိုပဲ ရွေးဝယ်ဖြစ်သွားတာပေါ့နော်။ 

Voice : စီးခဲ့ဖူးတဲ့ ကားတွေထဲမှာရော ဘယ်ကားကို အကြိုက်ဆုံးလဲ။ 
HAS : ဒီကားကို ပိုပြီး သဘောကျတယ်။ အရမ်းလည်း စီးလို့ကောင်းတယ်။ လူလည်း သက်သာတယ်။ စီးလို့ကောင်းသလို ဆီလည်း ပိုကုန်တာပေါ့ဗျာ။

Voice : ဒီကားနဲ့ကျ နယ်ဘက် ကားရိုက်ထွက်ဖို့ ခရီးထွက်ရတာရော အဆင်ပြေလား။
HAS : အဆင်ပြေတယ်။ အရင်ကားတွေတုန်းက အင်ဂျင်ပါဝါ သေးတာကြောင့်ရယ်၊ အရင်ကားတွေက ဒီထက် ပိုနိမ့်တဲ့အခါကျတော့ မောင်းတဲ့အခါ ညှာပြီးတော့ မောင်းနေရတာတွေရှိတယ်။ နယ်တွေ ဘာတွေ ပြန်တာဆို အရင်က သုံးနာရီ၊ လေးနာရီလောက် မောင်းနေရတဲ့ခရီးကို နှစ်နာရီခွဲ၊ သုံးနာရီလောက်ပဲ ကြာတော့တယ်ဆိုတော့  ပိုပြီး အချိန်ကုန်သက်သာတယ်။ 

Voice : နောက်ထပ်ရော ကားလဲဖို့ အစီအစဉ်ရှိလား။
HAS : နောက်ထပ် ကားလဲဖို့ ရှိပါတယ်။ ဆလွန်းကိုကြိုက်တယ် ဆိုပေမယ့် အိမ်ကကျတော့ ကျွန်တော့်ကို အလုပ်နဲ့ ပိုပြီးသင့်တော်မယ့် ကားအမျိုးအစားမျိုး လဲစေချင်တယ်။ ဒီကားလဲမယ်ဆို Alphard ဖြစ်ဖြစ် လဲခိုင်းတယ်။ ခုချိန်အထိတော့ ကျွန်တော် မလဲချင်သေးလို့ မလဲဖြစ်သေးပါဘူး။ နောက်ကျရင်တော့ လဲရမယ်။  

Voice : Alphard ကို ဘာလို့လဲခိုင်းတာလဲ။
HAS : Alphard ကျ ကျွန်တော့်အလုပ်အတွက် အဆင်ပြေတယ်။ ရှုတင်တွေ ဘာတွေ သွားရင်လည်း အဆင်ပြေတယ်။ အဝတ်အစားတွေ ပိုဆံ့တယ်။ နောက်ခန်းထဲမှာလည်း အင်္ကျီ ချိတ်ထားလို့ရတယ်။ အနုပညာရှင် တော်တော်များများကတော့ Alphard စီးကြတာ များတယ်။ သူတို့အလုပ်အတွက်က ပိုပြီး သင့်တော်တယ်။

Voice : လူငယ်တစ်ယောက်အနေနဲ့ရော ကားအပေါ်မှာ ခရေဇီဖြစ်တာမျိုးရှိလား။
HAS : ရှိပါတယ်။ ကျွန်တော် ၁၀ တန်းလောက်ကတည်းက အိမ်ကို ကားပူဆာတာ။ အရမ်းကြိုက်တယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ဆယ်ကျော်သက်ဘဝတုန်းက ကြိုက်ခဲ့တဲ့ပုံစံနဲ့ မတူတော့ဘူး။ အရင်တုန်းကဆို ပြိုင်ကားတို့ ဘာတို့လို ဝူးဝူးဝေါဝေါတွေ အရမ်းသဘောကျတာ။ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော် အဲလိုကားတွေ မကြိုက်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် ကားလေးတွေ၊ အလုပ်အတွက် အဆင်ပြေမယ်၊ အများအမြင်မှာလည်း တင့်တယ်တဲ့ ကားအမျိုးအစားလေးတွေပဲ သဘောကျတော့တယ်။ 

ခိုင်ချယ်ရီထွန်း

  • VIA