News

POST TYPE

AUTOMOBILE

သရုပ်ဆောင်ယဉ်လက်နှင့် တွေ့ဆုံခြင်း
13-Nov-2017

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် ယဉ်လက်နဲ့တွေ့ဆုံပြီး သူ စီးနေတဲ့ ကားနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
YL : 2010 Fielder ပါ။

Voice : ဝယ်ထားတာရော ကြာပြီလား။
YL : ၂ နှစ်လောက်ရှိပါပြီ။

Voice : ဒီကားရဲ့ အားသာချက်၊ အားနည်းချက်လေးတွေ ပြောပြပေးပါနော်။
YL : အားသာချက်က 4 Wheel (4WD) ဖြစ်တဲ့အတွက် ဗွက်တောတွေ၊ အရမ်းဆိုးတဲ့ လမ်းကြမ်းတွေတောင် သွားရတာ အဆင်ပြေတယ်။ နောက်ခုံက ရှေ့ခုံလိုမျိုးပဲ နောက်လှန်ချတာတွေ ရှေ့ခေါက်ချတာတွေ လုပ်လို့ ရတဲ့အတွက် ခရီးသွားရင် လူအရမ်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ တော်ရုံကားတွေက အဲဒီလို လိုသလို ခေါက်ချိုးချတာတွေ လုပ်လို့မရဘူး။ ပစ္စည်းတွေ များလို့ ထိုးထိုးထောင်ထောင် အရာတွေပါလည်း ခုံကို တစ်ခြမ်းခေါက်ထားလိုက်လို့ရတယ်။ အားနည်းချက်က ခုထိတော့ ရှာမတွေ့သေးဘူး။

Voice : ဆီစားရော သက်သာလား။
YL : ဆီစားလည်း အရမ်း သက်သာတယ်။

Voice : ကားမှာ နေပူခံ Film စတစ်ကာလေးတွေ တပ်တာမျိုးရော ဝါသနာပါလား။
YL : ဟုတ်။ နေပူခံ စတစ်ကာ အမည်းလေးကပ်ထားတော့ အပြင်ကနေ အထဲကို မမြင်ရတဲ့အတွက် ကားပေါ်မှာတင် အဝတ်အစား လဲလို့လည်း ဖြစ်တယ်။ တော်တော် အဆင်ပြေပါတယ်။

Voice : ညီမအနေနဲ့ရော ဘယ်လို ကားအမျိုးအစားလေးတွေ သဘောကျလဲ။ 
YL : Land Rover 4 Wheel, Range Rover အဲဒီလိုမျိုးကြီးတွေ သဘောကျတယ်။

Voice : အနုပညာရှင် တစ်ယောက်အနေနဲ့ ကားတစ်စီးက ဘယ်လောက် အရေးပါတယ်လို့ မြင်လဲ။
YL : အနုပညာရှင်တွေ အတွက်ကတော့ ကားဆိုတာက မရှိမဖြစ်လောက်ကို အရေးပါပါတယ်။

Voice : ကားနဲ့ ခရီးထွက်ရတာရော ကြိုက်လား။
YL : ကားနဲ့ ခရီးထွက်ရတာ ကြိုက်ပါတယ်။ သဘောကျတယ်။

Voice : ညီမအနေနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းဖို့ ကားတစ်စီးမှာ ဘာက အဓိက ကျတယ်လို့မြင်လဲ။
YL : ယာဉ်အန္တရာယ် ကင်းရှင်းဖို့ ကားတစ်စီးလုံးရဲ့ ကြံ့ခိုင်ရေး ကောင်းဖို့ လိုအပ်ပါတယ်။ တစ်ခုတည်းကပဲ အဓိကကျတာ မဟုတ်ပါဘူး။ အားလုံးက သူ့နေရာနဲ့သူ အရမ်း အရေးပါပါတယ်။

ခိုင်ချယ်ရီထွန်း

  • VIA