News

POST TYPE

AUTOMOBILE

မော်ဒယ်လ် ကောင်းဝေယံဘုန်းမြင့်နှင့် တွေ့ဆုံခြင်း
06-Nov-2017

ဒီတစ်ပတ်ရဲ့ Celebrities’Choice ကဏ္ဍအတွက် တက်သစ်စမော်ဒယ်လ် ကောင်းဝေယံဘုန်းမြင့်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားနဲ့ပတ်သက်တာလေးတွေ မေးမြန်းဖြစ်ခဲ့တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
KWYBM : လက်ရှိ Alphard လေး စီးနေပါတယ်။ 

Voice : ဒီကားရဲ့ အားသာချက်က ဘာတွေရှိလဲ။
KWYBM : အားသာချက်ကတော့ လူများများစီးဖို့ပါပဲ။ ခရီးသွားရတာလည်း အဆင်ပြေတယ်။ ပြီးတော့ အတွင်းပိုင်း ကျယ်တဲ့အတွက် ခရီးထွက်တဲ့အခါ ဇိမ်ကျကျ စီးချင်တဲ့သူတွေအတွက် အဆင်ပြေတယ်။ 

Voice : ဒီကားအပြင် တခြား ဘယ်လိုကား အမျိုးအစားတွေ သဘောကျသေးလဲ။ 
KWYBM : ကျွန်တော် သဘောကျတာ SUV Type တွေ ကြိုက်တယ်။ သူက လမ်းကြမ်းသွားလည်း အဆင်ပြေတယ်။ အဲဒီလို အမျိုးအစားတွေ ကြိုက်တယ်။ 

Voice : သရုပ်ဆောင်တစ်ယောက်အနေနဲ့ကျ ဘယ်လိုကားမျိုးက အဆင်ပြေတယ်လို့မြင်လဲ။
KWYBM : သရုပ်ဆောင်တစ်ယောက်အနေနဲ့ကတော့ ဒီကားလေးက အတော်လေး အဆင်ပြေတယ်။ အတွင်းခန်း ကျယ်တဲ့အတွက် ကားထဲမှာပဲ နားနေတာမျိုးတွေ လုပ်လို့ရတယ်။ ခရီးထွက်တယ်ဆိုလည်း နောက်မှာ လူဆံ့တယ်။ 

Voice : လူငယ်လည်းဖြစ်တာဆိုတော့ ပြိုင်ကားလေးတွေ ဒါမှမဟုတ် မီနီကူးပါးလို ကားသေးသေးလေးတွေရော သဘောကျလား။
KWYBM : အဲဒီလိုလေးတွေလည်း သဘောကျပါတယ်။ ပြိုင်ကားဆိုလည်း တကယ့်ပြိုင်ကားပုံစံမျိုးကို သဘောကျတယ်။ အလှဆင်ထားတာမျိုးတွေ မကြိုက်ဘူး။ တကယ့်ပြိုင်ကားစစ်စစ် ပုံစံမျိုးတွေ သဘောကျပါတယ်။

Voice : ကားနဲ့ပတ်သက်ပြီး ရူးသွပ်တာမျိုးရောရှိလား။ 
KWYBM : ကားနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တော်တော်လေးတော့ ရူးသွပ်ပါတယ်။ ကားအကြောင်းဆို အကုန် လေ့လာတယ်။ ဝယ်မယ့် သူငယ်ချင်းတွေ ရှိရင်လည်း အကုန် ပြောပြတယ်။ ဒီကားအမျိုးအစားဆို ဘယ်လိုရှိတယ်ဆိုပြီး ကူညီပေးတာမျိုးတွေရှိတယ်။ 

Voice : အဲဒီလိုဆို ဒီနိုင်ငံအနေနဲ့ ဘယ်လိုကား အမျိုးအစားမျိုးက ပိုသင့်တော်တယ်လို့ထင်လဲ။
KWYBM : ဒီနိုင်ငံအနေအထားနဲ့ ဆိုရင်တော့ SUV ကားတွေက ပိုသင့်တော်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဆလွန်းလေးတွေဆိုလည်း အဆင်ပြေတယ်။

Voice : ဘဝမှာ ကားနဲ့ပတ်သက်ပြီး အမှတ်တရမျိုးရော ရှိခဲ့ဖူးလား။
KWYBM : အဲဒီလိုမျိုးတော့ မရှိခဲ့ဖူးပါဘူး။

ခိုင်ချယ်ရီထွန်း

  • VIA