News

POST TYPE

AUTOMOBILE

Galaxy Star Myanmar 2017 Winner ဆုရှင် နေမင်းအိမ်နှင့် တွေ့ဆုံခြင်း
23-Oct-2017

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ Galaxy Star Myanmar 2017 Winner Award ဆုရှင် နေမင်းအိမ်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ကားအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ မေးမြန်းထားတာတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
NME : ကျွန်တော် လက်ရှိ မြို့ထဲမှာရော ခရီးသွားရင်ပါ စီးဖြစ်နေတဲ့ကားကတော့ Honda Fit လေး ဝယ်ထားပါတယ်။ 

Voice : ဝယ်ထားတာရော ကြာပြီလား။
NME : ဝယ်ထားတာ တစ်လလောက်ပဲ ရှိသေးတယ်။ 

Voice : ဝယ်ထားတာ မကြာသေးဘူးဆိုတော့ ကားတွေ အများကြီး ရွေးချယ်စရာ ရှိတဲ့အထဲက ဒီကားလေး ရွေးဝယ်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။ 
NME : ဒီကားလေး ရွေးဝယ်ဖြစ်သွားရတဲ့ အကြောင် ရင်းက ရန်ကုန်မြို့ထဲမှာ ကားကျပ်တဲ့ပြဿနာက နေရာတိုင်းမှာ ကြုံတွေ့ရတယ်။ ဒီကားက အရမ်းကြီးတဲ့အထဲမှာလည်း မပါတဲ့အတွက် မြို့ထဲမှာ သွားရလာရတာ ယာဉ်ကြော ပိတ်တဲ့အချိန်တွေဆို ဒီကားလေးနဲ့ အတော်လေး အဆင်ပြေလောက်တယ်ဆိုပြီး ရွေးဝယ်ဖြစ်သွားတာပါ။ 

Voice : ကားကျတော့ ကိုယ်တိုင်ပဲ မောင်းတာလား။
NME : ကျွန်တော်ကိုယ်တိုင်ပဲ မောင်းတာပါ။ 

Voice : ဒီကားအပြင် တခြား ဘယ်လိုကားအမျိုးအစားတွေ သဘောကျမိသေးလဲ။
NME : ဒီကားအပြင် ကျွန်တော် စက်ရုပ်ကြိုက်တယ်။ ပြီးတော့ အခု နောက်ထွက်တဲ့အထဲမှာဆို Suzuki ကုမ္ပဏီကထုတ်ထားတဲ့ Ciaz ဆိုတဲ့ ကားအမျိုးအစားလေး ကြိုက်တယ်။ 

Voice : အဲဒီလိုဆို ခုရွေးထားတဲ့ ကားလေးက မြို့တွင်းမှာ သွားရလာရတာ အဆင်ပြေလို့ပဲ ဝယ်ထားတာပေါ့နော်။ 
NME : ဟုတ်ပါတယ်။ ဒီကားလေးက အလုပ်အတွက်ရော သွားရလာရတာရော အဆင်ပြေလို့ ဝယ်လိုက်တာ။ အနုပညာနဲ့ပတ်သက်ရင် ဂစ်တာတို့၊ ဘောက်စ်တို့က သွားလေရာ ထည့်သွားရတာမျိုး ရှိတယ်။ အဲဒီလို ပစ္စည်းတွေထည့်ဖို့ကျ ကားနည်းနည်းကြီးတာဆို ပိုပြီး အဆင်ပြေတာပေါ့နော်။ တကယ်တမ်း အဲလိုပစ္စည်းလေးတွေကို သွားလေရာ ထည့်သွားဖို့ဆိုရင်ကျ ကားကြီးကြီးနဲ့မှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် တကယ်တမ်း ရေရှည်အတွက်ဆိုရင်တော့ RAV-4 တို့၊ CRV တို့လို ကားအကြီးတွေပဲ ရေရှည်စီးသွားဖို့ ရှိပါတယ်။ 

Voice : ကားမှာ အလှဆင်ရတာတွေ ဘာတွေရော သဘောကျလား။ 
NME : သဘောကျပါတယ်။ ကျွန်တော့်မှာ ပြိုင်ပွဲပြီးပြီးချင်းကတည်းက သီချင်းတွေ တောက်လျှောက်လုပ်ဖို့ စီစဉ်နေတာ ဖြစ်တဲ့အတွက် လတ်တလောတော့ ကားအလှဆင်ဖို့ရာအတွက် အချိန် မပေးနိုင်သေးဘူး ဖြစ်နေတယ်။ 

Voice : ကားနဲ့ ပတ်သက်ပြီးတော့ရော ခရေဇီဖြစ် တာမျိုးရှိလား။
NME : ကားနဲ့ပတ်သက်လို့ကတော့ အထူးတလည် ခရေဇီဖြစ်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ စီးနေတဲ့ Honda Fit မှာဆိုရင် အခု နောက်ဆုံးထွက်တဲ့ မော်ဒယ်လ်ကို သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူက စက်ရုပ်ပုံ နည်းနည်း ပြောင်းသွားတာဆိုတော့ မီးခွက်ဒီဇိုင်း လှတယ်။ အဲလို မော်ဒယ်လ်မြင့်လာတဲ့ ကားတွေဆိုရင်တော့ ကျွန်တော်မှမဟုတ်ဘူး။ တော်တော်များများက သဘောကျကြမှာပါ။ 

ခိုင်ချယ်ရီထွန်း

  • VIA