News

POST TYPE

AUTOMOBILE

သရုပ်ဆောင် အောင်လေးနှင့် တွေ့ဆုံခြင်း
16-Oct-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ကြော်ငြာနဲ့ ဗီဒီယိုကားတွေမှာ သရုပ်ဆောင်ပြီး နာမည်ရလာတဲ့ လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးနဲ့ တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းလေးနဲ့ ကားနဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေကို မေးမြန်းထားတာလေးတွေကို စုစည်းဖော်ပြထားပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
AL : ကျွန်တော် အခုစီးနေတဲ့ ကားကတော့ Honda Fit ပါ။ 

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။
AL : အားသာချက်တွေကတော့ ကားက အရမ်း မကြီးတဲ့အတွက် ပါကင်ထိုးရတာလည်း အဆင်ပြေတယ်။ မောင်းရတာလည်း ပေါ့ပါးတယ်။ ပစ္စည်းလည်း မရှားဘူး။ လူငယ်နဲ့လည်း လိုက်တယ်။ ဈေးလည်း အရမ်းမကြီးဘူး။ ကားလမ်းပေါ်မှာလည်း အရမ်း နေရာမယူတဲ့အတွက် ရှောင်ရပြုရတာလည်း လွယ်တယ်။

Voice : ကားကို ကိုယ်တိုင် သဘောကျလို့ ဝယ်ထားတာလား။ ဒါမှမဟုတ် အလုပ်အတွက် အဆင်ပြေလို့ ဝယ်လိုက်တာလား။
AL : ကိုယ်တိုင်မောင်းပြီး သဘောကျလို့ ဝယ်ထားတာပါ။ အရမ်းမကျယ်ပေမယ့် ရှုတင်အတွက်လည်း သွားရလာရတာ အထောက်အကူ အများကြီး ဖြစ်ပါတယ်။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပရိသတ်ကိုရော ဘယ်လို အကြံပေးချင်လဲ။ 
AL : ကားမောင်းရင်း ဖုန်းမပြောဖို့၊ အာရုံ မများဖို့၊ အလော မကြီးဖို့၊ တစ်ဖက်ကားနဲ့ ခိုက်ရန်မဖြစ်ဖို့၊ အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်ဖို့ပါ။ 

Voice : လက်ရှိ စီးနေတဲ့ကားအပြင် တခြား ဘယ်လို ကားအမျိုးအစားတွေ သဘောကျသေးလဲ။
AL : ကျွန်တော် နောက်ထပ် လဲချင်တဲ့ကားကတော့ အလုပ်အတွက်လည်း အဆင်ပြေတဲ့ Alphard လေး လဲဖို့ရှိပါတယ်။

Voice : လူငယ်လည်း ဖြစ်တာဆိုတော့ ပြိုင်ကားလေးတွေရော သဘောကျလား။
AL : ပြိုင်ကားတော့ ကျွန်တော် သဘောမကျဘူးဗျ။ သူများကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ မြင်တယ်။ ညကတင် ကျွန်တော် ပြိုင်ကားတစ်စီးက အတင်းစွတ်မောင်းလာလို့ လမ်းဘေးကိုဆင်းပြီး ရှောင်လိုက်ရသေးတော့ အရင်ပြိုင်ကား မကြိုက်တဲ့အထဲ ပိုမုန်းသွားတယ်လို့ ခံစားရတယ်။ ပြိုင်ကားမောင်းတဲ့ လူတိုင်းကိုတော့ ပြောတာမဟုတ်ပါဘူး။

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့စာရင် ဒီနိုင်ငံရဲ့ အားသာချက်၊ အားနည်းချက်ကရော ဘာတွေ ကွာဟတယ်လို့မြင်လဲ။
AL : တချို့စည်းကမ်းမရှိတဲ့ ကားတွေကြောင့် လမ်းပိတ်ရတယ်။ ပြီးတော့ ယာဉ်မောင်းတွေက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အားနည်းတယ်။ အခုနောက်ပိုင်းကတော့ အားသာလာတာ ဘာတွေရှိလာလဲ။ ကျွန်တော်လည်း သတိမထားမိဘူး။

Voice : နောက်ဆုံး တစ်ခုအနေနဲ့ ကားနဲ့ပတ်သက်ပြီး အမှတ်တရ ရှိခဲ့တာလေးရှိရင် ပြောပြပေးပါ။
AL : အဖေ့ရဲ့ချွေးနှဲစာလေးနဲ့ ဝယ်ပေးထားတဲ့ ကားလေးက ကျွန်တော့်အတွက် အရမ်း အထောက်အကူပြုခဲ့တာလေးက အမှတ်တရပါ။

ခိုင်ချယ်ရီထွန်း

  • VIA
  • TAGS