News

POST TYPE

AUTOMOBILE

သရုပ်ဆောင် မော်ဒယ်လ် မြနှင်းရည်လွင်နှင့် တွေ့ဆုံခြင်း
25-Sep-2017 tagged as


ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် မော်ဒယ်လ် မြနှင်းရည်လွင်နဲ့တွေ့ဆုံပြီး သူ့ရဲ့ကားလေးအကြောင်းနဲ့ ကားနဲ့ပတ်သက်တာလေးတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။ 
MHYL : မြနှင်း အခု လက်ရှိ အရင်ကတည်းက စီးနေတဲ့ကားကတော့ Lexus GS350 ၂၀ဝ၇ မော်ဒယ်လ်လေးရှိတယ်။ နောက်တစ်ခု မြနှင်းနဲ့ အမျိုးသားစီးနေတာကတော့  Mercedes S350 ၂၀ဝ၇ မော်ဒယ်လ်လေးပါ။ ကားတွေ ခဏခဏတော့ ပြောင်းသွားတယ်။ (ကား) Show Room လည်း ဖွင့်ထားတော့ အမြဲတမ်း ပြောင်းစီးဖြစ်နေတာပေါ့နော်။ 

Voice : ကား Show Room လည်း ဖွင့်ထားတယ်။ ကိုယ်တိုင်လည်း ကားအမျိုးမျိုး ပြောင်းစီးဖြစ်နေတာဆိုတော့ မြနှင်းအနေနဲ့ ဘယ်လိုကား အမျိုးအစားမျိုးက စီးရတာ သက်သောင့်သက်သာ ဖြစ်စေတယ်လို့ ထင်လဲ။ 
MHYL : မေမေတို့က လူကြီးတွေလည်းဖြစ်တယ်။ ကားမောင်းတတ်တဲ့လူကလည်း နည်းတယ်။ ဒရိုင်ဘာနဲ့ပဲ မောင်းတာ။ အိမ်ထောင်ကျမှ အမျိုးသားက ကား အရမ်း ဝါသနာပါတဲ့သူ ဖြစ်နေတာဆိုတော့ သူကြိုက်တဲ့ကားတွေပဲ လိုက်စီးဖြစ်တာ များတယ်။

Voice : မြနှင်းအနေနဲ့ဆိုရင်ရော ဘယ်လို ကားအမျိုးအစားလေးတွေ သဘောကျလဲ။ 
MHYL : မြနှင်းအတွက်ကတော့ Lexus လေး သဘောကျတယ်။ Toyota လေးတွေကတော့ မြန်မာပြည်နဲ့ အကိုက်ဆုံးပေါ့နော်။ နောက်တစ်ခုကတော့ Mercedes ပေါ့နော်။ သူကတော့ တကယ့်ကို Luxury ဖြစ်တယ်။ ဒါပေမဲ့လည်း အကုန်လုံးကိုကြိုက်ပါတယ်။ BMW တို့ ဘာတို့လည်း သဘောကျပါတယ်။ 

Voice : ကားတွေမှာ အလှဆင်ရတာမျိုးရော မြနှင်း သဘောကျလား။
MHYL : မြနှင်းက ကားဆို အမည်းရောင်တွေ သဘောကျတယ်။ ကားကို အရမ်းကြီး အလှဆင်တာ မကြိုက်ဘူး။ သူ့မှာ လိုအပ်တဲ့ဟာမျိုးကို ပြင်တာကိုပဲ ကြိုက်တယ်။ ကားနဲ့မကိုက်တဲ့ စတစ်ကာမျိုးကြီး ကပ်ထားတာမျိုး သဘောမကျဘူး။ 

Voice : ဒီနိုင်ငံကလမ်းတွေက ပြိုင်ကားတို့ ဘာတို့ စီးရတာ အဆင်မပြေတာမျိုး ရှိတယ်။ မြနှင်းရော ဒီနိုင်ငံ အနေအထားနဲ့ဆို ဘယ်လိုကားအမျိုးအစားက သင့်တော်တယ်လို့မြင်လဲ။
MHYL : မြနှင်းမြင်တာကတော့ ဒီနိုင်ငံက လမ်းအနေအထားနဲ့ဆို 4 Wheel က အဆင်အပြေဆုံးဖြစ်မယ်လို့ ထင်တယ်။ ဘာလို့လဲဆို မြန်မာပြည်ရဲ့ လမ်းအနေအထားကကို အဲလိုဖြစ်နေတာပေါ့နော်။ ဖိုးဝှီးထဲမှာတောင် Kluger တို့ ဘာတို့ဆို အဆင်ပြေတယ်။ အကြမ်းလည်း သုံးလို့ရတယ်။ တချို့ နာမည်ကြီးတဲ့ ပြိုင်ကားတွေ ဘာတွေဆိုရင်တော့ ဟိုနားဒီနား သွားတဲ့အခါ သုံးတာလောက်ပဲ ကောင်းတယ်လို့ မြင်ပါတယ်။ ကားအကောင်းတွေ ဘာတွေကျတော့ တစ်ခုခုဖြစ်သွားရင် နှမြောစရာကြီး။ 

Voice : ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘယ်လို အကြံပေးချင်လဲ။ 
MHYL : ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီး မြနှင်း အကြံပေးချင်တာက အခုနောက်ပိုင်း ကားမောင်းရင်း ဖုန်း သုံးလာကြတယ်။ မြနှင်း ကိုယ်တိုင်လည်း အရမ်းကြောက်တယ်။ အမျိုးသားကိုဆိုလည်း အမြဲမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းထဲကို အာရုံရောက်နေရင် အကွေ့တွေ ဘာတွေမှာ ဝင်လာတဲ့ကားတွေကို မမြင်ဘဲ တိုက်မိသွားမှာမျိုးတွေ အရမ်းစိုးရိမ်တယ်။ အဲလိုတွေက ကိုယ့်အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရသလို တခြားလူအတွက်လည်း ထိခိုက်နိုင်တာမို့  သတိထားဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS