News

POST TYPE

AUTOMOBILE

သူတစ်ပါး ထိခိုက်မှု အာမခံကြေး သြဂုတ် ၁ ရက်မှစ၍ နှစ်ဆ တိုးကောက်မည်
12-Jul-2016
ရန်ကုန်၊ ဇူလိုင် ၁၀

မော်တော်ယာဉ် ဥပဒေနှင့် မြန်မာ့ အာမခံ ဥပဒေတို့အရ မထား မနေရ ထားရှိရသော သူတစ်ပါး ထိခိုက်မှု အာမခံ (Third Party Liability) နှုန်းထားကို သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ နှစ်ဆခန့် တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းက ထုတ်ပြန်သည်။

လူစီးယာဉ် ပရီမီယံ နှုန်းထားများကို တစ်နှစ်စာအဖြစ် ယခင်က လူငါးဦးစီး ယာဉ်ဆိုလျှင် ကျပ် ၂၀၀၀ ကောက်ခံနေရာမှ ၅၀၀၀ ခန့်သို့လည်းကောင်း၊ ယခင်က လူ ၁၀ ဦးစီးယာဉ်ဆိုလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၅၀၀၀ သို့လည်းကောင်း တိုးမြှင့် ကောက်ခံမည်ဖြစ်ပြီး အခြားနှုန်းထားများကိုလည်း တိုးမြှင့်ထားကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ 

ထို့ပြင် ပေးလျော်မည့် လျော်ကြေးငွေများကိုလည်း ယခုထက် တိုးမြှင့် ပေးသွားမည်ဖြစ်ပြီး လက်ရှိ ပေးလျော်နေသော စက်တပ်ယာဉ်ကြောင့် ထိခိုက် သေဆုံးမှုအတွက် ကျပ် ငါးသိန်းမှ ကျပ် ၁၀ သိန်းသို့ တိုးမြှင့်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ဒီလို တိုးတာကြောင့် ဘာမှတော့ မဖြစ်နိုင်ပါဘူး။ သိန်းရာချီနဲ့ ကားတွေ ဝယ်စီးနေတာပဲလေ။ ထောင်ဂဏန်းပဲ ဆောင်နေရာတာဆိုတော့ လူတွေက သိပ်မမြင်ကြဘူး။ ဒါနဲ့ ပြည်သူတွေကို ဘာပြန်လုပ်ပေးနေတယ် ဆိုတာလည်း ကျွန်တော်တို့ မသိရဘူး”ဟု  မော်တော်ယာဉ် လုပ်ငန်းရှင် ဦးထွဋ်ထိပ်က ပြောဆိုသည်။
  


  • VIA