News

POST TYPE

AUTOMOBILE

သရုပ်ဆောင် ခါရာနှင့် တွေ့ဆုံခြင်း
04-Sep-2017 tagged as


ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက် 2014 Mr. Asia Myanmar ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ သရုပ်ဆောင်ခါရာနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားလေးအကြောင်းနဲ့ ကားနဲ့ပတ်သက်တဲ့ သူ့အမြင်တွေ မေးမြန်းထားတာလေးတွေကို ဖော်ပြလိုက်ပါတယ်။ 

Voice : အခု ဘာကားလေးစီးနေလဲ။
KR : ကျွန်တော်လက်ရှိ Toyota Vanguard ၂၀၁၁ လေး စီးနေပါတယ်။ 

Voice : ဝယ်ထားတာ ကြာပြီလား။ 
KR : ဝယ်ထားတာတော့ မကြာသေးဘူး။ လေး၊ ငါးလလောက်ပဲ ရှိသေးတယ်။ 

Voice : ကားကိုယ်တိုင်ပဲ မောင်းတာလား။
KR : လွန်ခဲ့တဲ့နှစ်လလောက်ကတော့ ကျွန်တော် ဒရိုင်ဘာနဲ့ မောင်းတယ်။ နောက်ပိုင်း အလုပ်ရှိရင်တော့ ဒရိုင်ဘာနဲ့ မောင်းတယ်။ အလုပ်မရှိတဲ့အခါကျရင် ကိုယ်တိုင်ပဲ မောင်းဖြစ်တယ်။ ကိုယ်တိုင် မောင်းရတာကို ကြိုက်တယ်။ 

Voice : အခုစီးနေတဲ့ကားကရော အားသာချက် ဘာတွေ ရှိတယ်လို့မြင်လဲ။
KR : ဒီကားကတော့ အင်ဂျင်ပါဝါ တူးပွိုင့်ဖိုး (2.4 -၂၄၀ဝ စီစီ) ဆိုတော့ နင်းလိုက်တာနဲ့ ပါတယ်။ အင်ဂျင် ကောင်းတယ်။ ပြီးရင် အခန်းလည်း နည်းနည်း ကျယ်တယ်ဆိုတော့ ရှုတင်အတွက် အဆင်ပြေတယ်။ နောက်ကားက အမြင့်ဆိုတော့ ခရီးတွေ ဘာတွေ သွားရတာလည်း အဆင်ပြေတယ်။ မြို့တွင်းမှာဆိုလည်း လမ်းတွေက သိပ်ပြီးကောင်းတာ မဟုတ်တော့ အမြင့်လေးက ပိုအဆင်ပြေတယ်လို့ မြင်တယ်။

Voice : ကားနဲ့ ပတ်သက်ပြီးရော ခရေဇီဖြစ်တာမျိုးရှိလား။ 
KR : ကျွန်တော်က ဖြစ်နိုင်ရင် ပြိုင်ကားစီးချင်တာ။ ဒါပေမဲ့ ဒီလမ်းနဲ့တော့ ကျွန်တော်လည်း မွဲဆေးဖော်သလို ဖြစ်သွားလိမ့်မယ်။ အရင်က ကျွန်တော်လည်း စီးပါတယ်။ ပြိုင်ကားရှေ့က ဘန်ပါကြီး ပြုတ်ကျတာတို့ ဖြစ်တယ်။ လမ်းမကောင်းတော့ အင်ဂျင်ကို ငဲ့နေရတယ်။ ဘယ်လိုမှလည်း အဆင်မပြေဘူးဆိုတော့ နောက်ပိုင်းအမြင့်တွေပဲ ကျွန်တော် ရွေးချယ်လိုက်တယ်။ တစ်လောက ကျွန်တော့် Mazda 3 ၂၀၁၄ ကျွန်တော် ရောင်းလိုက်တယ်။ အကြောင်းအရင်းကလည်း ကျွန်တော် မြောက်ဒဂုံမှာ နေတယ်ဆိုတာ မြောက်ဒဂုံ ပြည်ထောင်စု လမ်းမကြီးက ပျက်စီးသွားတယ်။ လမ်းကလည်း တော်တော်ကြီးကြမ်းတယ်။ နောက် ကျွန်တော့်ကားက တော်တော်ကြီးပါတယ်။ ချိုင့်တွေကို ဆောင့်မိလိုက်တာနဲ့ တာယာက ပေါက်သွားပြီး ခဏခဏ ဘီးလဲရတယ်။ ခဏခဏ ခံရတဲ့အတွက် အဲဒီကားကို ရောင်းလိုက်ပြီး ဒီကားဝယ်လိုက်တာ။

Voice : ဒီနိုင်ငံအနေအထားနဲ့ဆိုရင်ရော ဘယ်လိုကားမျိုးက သင့်တော်မယ်ထင်လဲ။
KR : ဒီနိုင်ငံအနေအထားနဲ့ဆို 4Wheel ပဲ ကောင်းတယ်။ 

Voice : လမ်းပိုင်းဆိုင်ရာကိုရော ဘယ်လိုမြင်လဲ။ 
KR : ကျွန်တော် ငယ်ငယ်ကတည်းကနေ ခုထိ ဒီမှာတော့ လမ်းကောင်းတာတွေ မတွေ့ဖူးသေးဘူး။ တစ်လောကတော့ ပြင်ဦးလွင်လမ်းဆို တော်တော်လေး ကောင်းလာတာ တွေ့ခဲ့တယ်။ နောက် ရန်ကုန်-မော်လမြိုင်လမ်းဆိုလည်း တော်တော်လေး ကောင်းလာတယ်။ မောင်းရတာ စိတ်ချမ်းသာတယ်။ လမ်းကောင်းမှလည်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမှာလေ။ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ရေး ပိုကောင်းလာမှာ။ လမ်းကို ဘာလို့ ကောင်းကောင်းမွန်မွန် ဖြစ်အောင် မပြင်လဲ ကျွန်တော် စဉ်းစားလို့မရဘူး။ လမ်းတွေကို ကောင်းကောင်းလေး ဖြစ်စေချင်တယ်။ လမ်းကောင်းမှလည်း အဆင်ပြေမှာ။ အခုဆို ပြင်ဦးလွင်တို့၊ လားရှိုးတက်တဲ့လမ်းတွေဆို တော်တော်လေး ကောင်းလာတာ တွေ့ရတယ်။ အဲလိုလေးတွေချည်း ဖြစ်စေချင်ပါတယ်။ 

Voice : ကားမှာ အလှဆင်ရတာတွေရော သဘောကျလား။
KR : သဘောကျပါတယ်။ ရေမွှေးတွေ ဘာတွေ ထည့်ရတာ သဘောကျတယ်။ ရေမွှေးလေး ထည့်ထားတဲ့အခါ ကားပေါ်တက်လိုက်တာနဲ့ တော်တော်လေး Fresh ဖြစ်တယ်ဆိုတော့ စိတ်လည်းကြည်တယ်။ စိတ်ကြည်တော့ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်တယ်။ 

Voice : ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးရော ခါရာ့ရဲ့ပရိသတ်ကို ဘယ်လိုအကြံပေးချင်လဲ။ 
KR : ကားမောင်းတဲ့အခါ ခါးပတ်ကို မဖြစ်မနေ ပတ်ဖို့ မှာချင်ပါတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS