News

POST TYPE

AUTOMOBILE

ရန်ကုန်ရှိမြို့နယ် အခွန်ရုံးတိုင်းတွင် မော်တော်ယာဉ် ကြိုတင် ဝင်ငွေခွန် ပေးဆောင်နိုင်မည်
12-Jul-2016

ရန်ကုန်၊ ဇူလိုင် ၁၀ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အခွန်ရုံးတိုင်းတွင် ဇူလိုင်လ ဒုတိယပတ်အတွင်းမှ စတင်၍ မော်တော်ယာဉ် ကြိုတင် ဝင်ငွေခွန် ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနက One Stop Service ရုံးများ ဖွင့်လှစ်၍ ကောက်ခံပေးမည်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးရုံး၌သာ ကောက်ခံနေခဲ့ရာမှ ယခုအခါ မြို့နယ်ရုံးများတွင်လည်း အပြီး အစီး ပေးဆောင်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

“ဒီလို လုပ်ပေးတော့ ကောင်းတာပေါ့။ ကိုယ့်နေရာမှာပဲ ဘယ်မှ မသွားရဘဲ ဆောင်ရမှာဆိုတော့ အချိန်ကုန်ရော၊ လူပင်ပန်းရော သက်သာစေပါတယ်” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း ဦးကျော်မြင့်အောင်က ပြောဆိုသည်။ 

ထို့ပြင် ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်၍ မန္တလေးမြို့ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးတွင်လည်း မော်တော်ယာဉ် ကြိုတင် ဝင်ငွေခွန် ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။    


  • VIA