News

POST TYPE

AUTOMOBILE

မော်ဒယ်လ် ခိုင်သဉ္ဇာထွန်းနှင့် တွေ့ဆုံခြင်း
21-Aug-2017 tagged as

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍအတွက်တော့ ပြည်ပMiss ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ထားဖူးပြီး လတ်တလော မော်ဒယ်လ်အလုပ်တွေ လုပ်ကိုင်နေတဲ့ ခိုင်သဉ္ဇာထွန်းနဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားအကြောင်းလေးနဲ့ ကားနဲ့ပတ်သက်တဲ့ အသုံးဝင်ပုံ အကြောင်းလေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
KTZT : ခိုင်လက်ရှိ Mark 2 ရွှေငါး စီးနေပါတယ်။

Voice : ကားကို ကိုယ်တိုင်ပဲ မောင်းတာလား။
KTZT : ခိုင်ကိုယ်တိုင်ပဲ မောင်းတာပါ။

Voice : ကိုယ်တိုင် မောင်းနေတာဆိုတော့ မြို့ထဲ လမ်းတွေမှာ ကားမောင်းရတာ ဘယ်လိုခံစားရလဲ။
KTZT : ကားမောင်းရတာ ဘယ်လို ခံစားရလဲဆို ကားအရမ်းကျပ်လို့ အချိန်လည်း အရမ်းကုန်တယ်။ မနက် မနက်ဆို ရုံးချိန်လိုမျိုးနဲ့ ညနေ ၆ နာရီလောက် အချိန်တွေဆို အရမ်းကျပ်တယ်။ မနက်ဆို လှည်းတန်း စင်တာလောက်ကို ရောက်ဖို့ဆို ခိုင့်အိမ်က သင်္ဃန်းကျွန်းကနေ ဒီကို တစ်နာရီကျော်ကျော် ကြာတယ်။ ညနေဆိုလည်း အဲဒီလိုပဲ ခိုင်အလုပ်ကပြန်ရင် တစ်နာရီခွဲလောက်ကြာတယ်။

Voice : ဒီလိုကားတွေ ကျပ်နေတာ ဘာကြောင့်လို့ မြင်လဲ။
KTZT : ခိုင်ထင်တာက နံပါတ်တစ်ကတော့ လမ်းက ရှိသလောက်ကို အသုံးချခွင့်မရဘူး။ မြို့ထဲဘက် ကားကျပ်တာဆိုရင် လမ်းဘေးဈေးသည်တွေကို နေရာတစ်ခု ပေးထားတယ်။ ပြီးတော့ စည်းကမ်းမရှိ ယာဉ်ရပ်နားမှုတွေက အဆိုးဆုံးလို့ ထင်တာပဲ။ နောက်တစ်ခုက ဘတ်စ်ကားတွေ၊ သူတို့မှတ်တိုင်တွေက မီးပွိုင့် လွှတ် လွှတ်ချင်းမှာ လုပ်ထားတာတွေ ရှိတယ်။ အဲဒါတွေက ဆိုးတယ်လို့ ထင်တာပဲ။

Voice : ရွှေငါးက ခိုင်ကိုယ်တိုင်လည်း လက်ရှိမှာ မောင်းနေတယ်ဆိုတော့ အားသာချက်က ဘာတွေရှိ တယ်လို့မြင်လဲ။
KTZT : ရွှေငါးကတော့ ကားသမားတွေ အပြောအရ ဈေးကွက်ပေါ်က ကားပေါ့နော်။ ဈေးနှုန်းသင့်တင့်တယ်။ စီးရတာ တန်တယ်။ 

Voice : လက်ရှိမှာ မော်ဒယ်လ်လည်း လုပ်နေတယ်။ ပြင်ပ လုပ်ငန်းခွင်မှာလည်း လုပ်နေတာဆိုတော့ ကားတစ်စီးရဲ့ အရေးပါမှုကရော ဘယ်လောက်လောက်အထိ အရေးပါတယ်လို့ မြင်လဲ။
KTZT : ခိုင်ထင်တာကတော့ ကိုယ်ပိုင်ကားတစ်စီး ရှိဖို့က တော်တော်လေးကို အရေးပါ အရာရောက်တယ်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် အသုံးဝင်တယ်ပေါ့။ အခုဆို မိုးတွင်းဆိုတော့ ပိုဆိုးတယ်။ ခိုင့် အတွက်တော့ ကားက မရှိမဖြစ် တကယ့်ကို ခြေထောက် တပ်ထားသလိုပါပဲ။ ဖြစ်ဖူးတယ်။ တစ်ခေါက် ကားပျက်တာ ပြင်ထားတဲ့အချိန် ခြေထောက်ပြတ်နေသလိုပဲ။ အလုပ်လည်း မတွင်ကျယ်တော့ဘူး။ 

Voice : ကားမောင်းရတာရော သဘောကျလား။
KTZT : အရင်တုန်းကတော့ ခိုင်ကားမောင်းရတာ အရမ်းကြိုက်တယ်။ အခုမောင်းရတာ ကြာလာတော့ မကြိုက်တော့ဘူး။ ဟိုးအရင်တုန်းကဆို ကားကို ကိုယ်တိုင်မောင်းရမှ။ အခုကျ သူများမောင်းတာ ထိုင်စီးရတာ ပိုသဘောကျလာတယ်။

ခိုင်ချယ်ရီထွန်း

  • TAGS