News

16-Jun-2020
အမေရိကန်လူမျိုးတွေ၊ အမေရိကန်သတင်းဌာနတွေ ရေးသားပြောဆိုနေတဲ့ ဆိုရှယ်မီဒီယာမှတ်ချက်တွေ၊ သတင်းသုံးသပ်ချက်တွေမှာဆိုရင် အမေရိကန်ရဲ့ပြဿနာက ဘာလဲ၊ လူတွေရဲ့ မကျေနပ်နာကြည်းချက်တွေက ဘာတွေလဲ၊ တရားခံက လက်ရှိ အမေရိကန်သမ္မတလား၊ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကြောင့်လား၊ လက်ရှိနိုင်ငံရေးစနစ်ကြောင့်လား စသဖြင့် အမျိုးမျိုး ဆွေးနွေးငြင်းခုံနေကြပါတယ်။ အမေရိကန်တွေကိုယ်တိုင် အမေရိကန်ကို နားမလည်တဲ့ပုံစံမျိုး ရေးသားပြောဆိုမှုတွေ အများကြီး တွေ့ရပါတယ်။
15-Jun-2020
မြန်မာနိုင်ငံဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို လျစ်လျူရှုမှုအများဆုံးတိုင်းပြည်တွေထဲက တစ်ခုပါ။ ဒါကြောင့် Sex Edu တွေ သင်ကြားရချိန်မှာ ဆရာ၊ ဆရာမတွေ ရင်ဆိုင်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ဖြေလျှော့ပေးနိုင်မယ့် နည်းလမ်းကတော့ ကြိုတင်စဉ်းစားထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။
14-Jun-2020
ခေါင်းဆောင်ကြီးများ အဘယ်မျှ ရွံမုန်းနေသည်ကို သိနိုင်ပါသည်။ ကမ္ဘာအနှံ့ခေါင်းဆောင်များမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင် ထရမ့်ကို ရင်းနှီးခြင်းဖြင့် ဘာမှပြန်ရလိမ့်မည်မဟုတ်ကြောင်း သိထားပြီးကြပါပြီ။ ဗိုင်းရပ်စ်ပိုးနှင့် ပြည်တွင်းမတည်ငြိမ်မှုများကြောင့် အမေရိကန်တို့၏ ပျော့ကွက်ကို သိပြီးဖြစ်သည်။ အင်ပါယာကြီးတွင် အဝတ်မပါရှိကြောင်း သဘောပေါက်နေကြပါပြီ။
14-Jun-2020
ဖုန်းတွေကနေ ခဏလောက်ခွာပြီး နေသင့်တယ်ဆိုတာကို သိဖို့အတွက် ဉာဏ်ကြီးရှင်ကြီးနဲ့ တိုင်ပင်စရာ မလိုပါဘူး။ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ ဘာလိုသလဲဆိုတော့ စိတ်ခွန်အားတော့ လိုပါသတဲ့။ လူတစ်ယောက်ဟာ ပျမ်းမျှခြင်း တစ်ရက် ကို သုံးနာရီနဲ့ဆယ့်ငါးမိနစ်ကြာ ဖုန်းကို ပွတ်နေတတ်ပါသတဲ့။ ဒါက လက်တော့ပ်ရှေ့ထိုင်တာတွေ၊ Netflix ထိုင်ကြည့်တာတွေကို ထည့်မတွက်ထားပါဘူးတဲ့။ နည်းပညာပစ္စည်းတွေနဲ့ ခဏရှောင်နေနိုင်မယ်ဆိုရင် အာရုံစူးစိုက်နိုင်စွမ်း၊ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စွမ်း တွေကို တိုးတက်စေပြီး အဝလွန်နိုင်ခြေကိုလည်း လျှော့ပေးပါတယ်။ တစ်ချိန်လုံး ဖုန်းကို ငုံ့ပြီးပွတ်မိနေတယ်၊ ဖန်သားပြင်ကနေ မခွာနိုင် ဖြစ်နေတယ် ဆိုရင်တော့ အောက်ပါတို့ကို စမ်းကြည့်ပါလို့။
04-Jun-2020
အမေရိကန်တစ်ယောက်သုံးတဲ့ အသုံးအနှုန်းနဲ့ဆိုရင် အမေရိကန်မှာ လူတွေရဲ့ အခြေအနေကတဲတဲလေးပါ။ ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းတွေကလည်း တဲတဲလေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း တဲတဲလေး၊ နိုင်ငံရေး သဘောထားကွဲမှုတွေလည်း တဲးတဲလေး၊ လူတွေအားလုံးက ကိုယ့်လုံခြုံရေး၊ ကိုယ့်ရပိုင်ခွင့်၊ ကိုယ့်အခွင့်အရေးအတွက် သေနတ်ခလုတ်ပေါ်လက်တင်ပြီးသား၊ ထိတာနဲ့ ပွင့်မှာပဲ။ ဟုတ်ကဲ့။ ဒီ ကနေ့မှာတော့ဖြင့် 'အမေရိကန်နိုင်ငံ မီးတောက်နေပါပြီ'လို့သာ ဆိုချင်မိပါရဲ့ဗျာ။
03-Jun-2020
“ကာထားတဲ့အကာက အောက်မှာ ၁ လက်မခွဲ လောက် ဟနေတယ်။ အရင်က တစ်ခုံကို ၂ ယောက် ထိုင်ရာကနေ အခု ၅ ယောက်လောက် ထိုင်တာတွေလည်း တွေ့တယ်။ လူတွေက ပေါ့သွားတယ်။ ဆိုင်တွေလည်း စဖွင့်တုန်းက ဂရုစိုက်ကြတယ်” ဟု ...
29-May-2020
ကျောင်းသားတွေ၊ မိဘတွေနဲ့ ဆရာ၊ ဆရာမ တွေကိုယ်တိုင် စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာပြီး စာသင်ကျောင်းတွေနဲ့ ကျောင်းသားတွေအတွက် လုံလောက်တဲ့ပံ့ပိုးမှုတွေလည်း ပြည့်ပြည့်စုံစုံ ရရှိနေပြီဆိုရင်တော့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ဆိုရမှာပါ။
28-May-2020
မကြာမီအချိန် မိုးရာသီရောက်ရှိလာတော့မှာ ဖြစ်ပြီး မိုးများသည့် ရခိုင်ဒေသ၌ နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းလာတော့မည်ဖြစ်သည်။ မိုးရွာသွန်းမှုကြောင့် အချို့တိုက်ပွဲရှောင်စခန်းများဆိုလျှင် မနှစ်က စခန်းတစ်ခုလုံး ရေမြုပ်သည့်အထိ ရေကြီးရေလျှံမှု ဖြစ်ခဲ့ရပါသည်။ မိုးရာသီ ရခိုင်ပြည်နယ်၌ မုန်တိုင်း မကြာခဏ ဖြစ်ပေါ်တတ်၍ တိုက်ပွဲရှောင်စခန်းများ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။
27-May-2020
ဟာ...ခွကျပြီ။ လော်ရာတို့ကို ဘာသာပြန်ပြ လိုက်တော့ မျက်လုံးပြူးသွားတယ်။ ကျန်းမာရေး ပညာ ပေးအဖွဲ့ မန်နေဂျာ အီတလီသူက ကိုယ်ဝန်ဖျက်ချတာ နဲ့ သန္ဓေတားတာ ခြားနားပုံ၊ သန္ဓေတားတယ်ဆိုတာ ကလေးလေး အမေ့ဗိုက်ထဲ မရှိသေးခင်ကတိုင် ကြိုတား ထားတာဖြစ်လို့ လူသတ်မှုမြှောက်တယ်လို့ ထင်သလား လို့ ထပ်မေးတယ်။ သိပ်ထူးထူးထွေထွေ ပြန်မဖြေကြ။ ဒါနှင့် ပါစတာ အမြင်ကို မေးကြည့်ရတယ်။
26-May-2020
သေချာတာတစ်ခုက အခုလို ကိုဗစ်အကြီးအကျယ် ကိုက်နေတဲ့အချိန်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲ များဟာ နိုင်ငံရေးတန်ဖိုး ကြီးမားတတ်ပါတယ်။ ဆိုချင် တာက သက်ဆိုင်ရာနိုင်ငံအစိုးရများရဲ့ ကိုဗစ်အရေး ပေါ်အခြေအနေကာလ တုံ့ပြန်ဆောင်ရွက်ပုံကို မဲဆန္ဒ ရှင်ပြည်သူများက ရွေးကောက်ပွဲများမှာ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။
25-May-2020
“တရားမျှတမှု မရှိဘူးဆိုတဲ့ အတွေးမျိုး တွေးလိုက်ရင် အရမ်း မွမ်းကြပ်လာတာ။ တရားမျှတမှု မရှိဘူး။ ဒီဟာလေးတောင် တရားမျှတမှုအတွက် မရှာပေးနိုင်ဘူးဆိုပြီး စိတ်ထဲမှာ အရိုင်းစိတ်တွေ ဝင်လာတာပေါ့လေ။ စိတ်ကူးထဲမှာ လူတွေ လျှောက်သတ်နေတာပေါ့။ တခါတလေ သတ်တဲ့အထဲမှာ ကိုယ့်ကိုယ်ကိုယ်လည်း ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဟာကို ဆက်မတွေးချင်တော့လို့”
20-May-2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကလည်း ဖော့ဘူး များကို ကင်ဆာဖြစ်စေနိုင်သောအရာတစ်ခုဖြစ်ကြောင်းလည်း အတည်ပြုထားသည်များရှိသည်။ ယင်းပစ္စည်းများသည် မျိုးပွားမှုကို ထိခိုက်စေပြီး ဗီဇအပြောင်းအလဲကိုဖြစ်ပေါ်စေသည်။ ကျွန်မတို့သည် ဖော့ဘူးများအသုံးပြုခြင်းကို ကျောခိုင်ခြင်း မပြုလုပ်နိုင်လျှင်ပင် ယင်းပစ္စည်းများကို စနစ်တကျ စွန့်ပစ်တတ်ဖို့လိုသည်။
18-May-2020
“ ဒီကာလမှာ ကျန်းမာရေး ကောင်းအောင် ဘာစားပေးရမလဲဆိုတာ ဂရုမစိုက်နိုင်ဘူး။ ကျမတို့ နေတိုင်း ကန်စွန်းရွက် ငါးပိရည်နဲ့ စားနေတာတောင် မလောက်ငှတဲ့ ဘဝပါ”