News

26-Nov-2016
သက်ငယ် မုဒိမ်းမှုများနှင့် ပတ်သက်၍ ဥပဒေကို ထိထိရောက်ရောက် ကိုင်တွယ် အသုံးပြုရေးနှင့် ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်နိုင်ရေးကို တောင်းဆိုမှု များလာသည့်အတွက် တရားစီရင်ရေး မဏ္ဍိုင်အပေါ် မေးခွန်း ထုတ်စရာ ရှိခဲ့သည်။
26-Nov-2016
ပထဝီ နိုင်ငံရေးအရ အန္တရာယ် ကြီးလာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေ မဖြစ်ရအောင် ချိန်ညှိနိုင်တဲ့ အမေရိကန် အင်စတီကျူးရှင်း၊ အဖွဲ့အစည်း၊ ယန္တရားများ ရှိနေပါတယ်။ ဒီလိုအခြေအနေအထိ ဖြစ်လာအောင် ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ မှန်းဆရခက်တဲ့ ထရမ့် (Trump the unpredictable) ရဲ့ ခပ်ရူးနှမ်းနှမ်း ပြောဆိုချက်တွေမှာ အာရှနိုင်ငံခေါင်းဆောင်များအတွက် သံတမန်ရေး၊ လုံခြုံရေး၊ စီးပွားရေး တွက်ချက်မှုများ ပြုနေရပါကြောင်း။
26-Nov-2016
စီးခွင့်ရှိသူများနှင့် စီးခွင့်မရှိသူများ ရောနှောထားသည့် ရန်ကုန်မြို့တွင် ဆိုင်ကယ်များကို ဖမ်းဆီးရသည့် ယာဉ်ထိန်းရဲများ အနေနှင့်လည်း မလွယ်ကူပေ။ ဥပဒေအရ ရင်မဆိုင်လိုကြသဖြင့် ထွက်ပြေးသူများလည်း ရှိသည်။ အရှိန်ဖြင့် မောင်းထွက်သည့် ဆိုင်ကယ်ကို ယာဉ်ထိန်းရဲများက ပြေးလိုက်၍ မဖမ်းဆီးနိုင်။
26-Nov-2016
ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ဒေသခံများ၏ လူမှုစီးပွားရေး ထိခိုက်သည့်အပြင် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်နေသည်။ ရွှေတူးဖော်သည့် နေရာမှ မြေစာများ ချင်းတွင်းမြစ်ထဲကို ဝင်ရောက်မှုကြောင့် ဒေသခံများ အသုံးပြုနေသည့် ချင်းတွင်းမြစ်ရေသည်လည်း နောက်ကျိနေကြောင်း စင်နိုင်းကျေးရွာမှ ဒေါ်ဇင်မာဝင်းက ဆိုသည်။
26-Nov-2016
“ဝ” အရေး စိုးရိမ်စိတ်များ မပျက်ပြယ်သေးချိန် နေရာသစ်တွင် ပဋိပက္ခ အသစ်များ အစပျိုးလာကြပြန်သည်။ သမားရိုးကျ တောတွင်း တိုက်ပွဲပင် မဟုတ်တော့ဘဲ မြို့ပြအထိ စစ်ပွဲသံများ ကူးစက်ခဲ့သည်။ ရခိုင်နှင့် “ဝ” အရေး ဗျာများနေရသော အစိုးရကို ပြဿနာ အသစ်အသစ်တို့က စောင့်ကြိုနေတော့သည်။
24-Nov-2016
တရုတ်နိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ပဋိပက္ခများ ထပ်မံလုပ်ဆောင်ဖို့ တိုက်တွန်းမှာ မဟုတ်သလို တော်လှန်ရေး အဖွဲ့အစည်းများအား ဖြိုခွင်းချေမှုန်းဖို့ တပ်မတော်အား ထောက်ပံ့ပေးမည်လည်း မဟုတ်ပါ
23-Nov-2016
ပြည်တွင်းစစ် အပါအဝင် နိုင်ငံရေး၊ စီးပွားရေး ခြစားခဲ့မှုများကြောင့် တစ်စစီ ဖွာဆန်ကြဲနေသော တိုင်းပြည်ကို အုပ်ချုပ်ရခြင်းထက် ဒီမိုကရေစီ သူရဲကောင်း ဖြစ်ရခြင်းက ပိုမိုလွယ်ကူပါလိမ့်မည်
20-Nov-2016
အတော်များများအတွက် ပူနွေးသော ထိုထမင်းတစ်နပ်သည် ထိုရက်အတွက် တစ်ခုတည်းသော အာဟာရ ဖြစ်သလို အချို့အတွက်ကတော့ မနေ့ညကတည်းက မစားလိုက်ရတာ ခုမှစားရတဲ့ ထမင်းတစ်နပ်လည်း ဖြစ်ပါသည်။ “ဒီလူရဲ့ နှလုံးသားကို စေ့ဆော်ပေးတဲ့ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်” ဟု ရိက္ခာရရှိသွားခဲ့တဲ့ မစ္စတာ အယ်ဒျူရာဒိုက ပြောကြားပါတယ်။ ယခုအခါ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂျော့မူနော့ဇ်ဟာ ကိုလံဘီယာ သွေးပါသူ အမေရိကန်တစ်ဦး ဖြစ်ပြီး ညပိုင်းတွင် အစာရေစာ လိုအပ်နေသူ အိမ်ခြေမဲ့များကို လိုက်လံကူညီနေသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်ကတည်း မူနော့ဇ်နှင့် မိသားစုဝင်များသည် တစ်ရက်မှမပျက် အာစိဏ္ဏကံ အလှူကားဖြင့် တံတားအောက်များကို လှည့်လည်လေ့ ရှိပါသည်။
20-Nov-2016
မန္တလေး မဟာမုနိဘုရား တောင်ဘက်ကပ်လျက်ရှိ အာနန္ဒာ ဘုရား စောင်းတန်းလေးထဲတွင် သစ်သားဆိုင်းဘုတ်အိုကလေး တစ်ခုရှိသည်
20-Nov-2016
ခြောက်လ ကြာတော့ ကုန်ဈေးနှုန်းတွေချည်း နှစ်ဆတက်မှ ကဲ ကျုပ်မပြောလား နှစ်ဆ တိုးအောင် လုပ်ပေးပါပြီဆိုတဲ့ မျက်နှာ ပြောင်ပြောင်သာ ထားတတ်ဖို့လိုတာ။
19-Nov-2016
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့် တာဝန် စတင်ထမ်းဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပိုမိုအာဏာရှင်ဆန်လာသည့် ဖြစ်စဉ်များ၊ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ဒီမိုကရေစီရေး မတည်ငြိမ်မှုတို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းအရေးကို ထရမ့် မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်မှာ ၎င်း၏ သမ္မတတာဝန်အတွင်း အကြီးမားဆုံးသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။
19-Nov-2016
စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ စီးပွားရှာရ ခက်ခဲလာခြင်းများအပြင် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးပွားလာခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု နည်းပညာနှင့် ဆေးဝါးပစ္စည်းများ ခေတ်မီတိုးတက်လာခြင်းတို့ကြောင့် မိဘတိုင်း သားသမီး ရယူသည့်အရေအတွက် လျော့ကျလျက်ရှိသည်။
19-Nov-2016
အောက်တိုဘာလ ၉ ရက်နေ့က အစပြုခဲ့သည့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တစ်လကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ ဖြစ်သည်။ မောင်တောခရိုင်က ကျေးရွာအချို့၌ ကထိန်လှည့်ရာတွင် လက်နက်ကိုင် လုံခြုံရေးများ လိုက်ပါနေရသည့် အခြေအနေ။