News

23-Oct-2016
ဒီမိုကရေစီ ခေတ်ဦးတိုင် ကန့်ကွက်ခံရဆဲ၊ ဒေသခံများ၏ သဘောထားမှာလည်း မပြောင်းလဲ။ အရာအားလုံးသည် အရင်အတိုင်း ဖြစ်နေဆဲ။
23-Oct-2016
မန္တလေးမြို့ကြီး၏ မြောက်ဘက် ၃၂ မိုင်အကွာတွင် ဗျိုင်းဖြူတစ်အုပ် နားနေဟန်နှင့် ဖြူလွှလွှတောင် တစ်စုရှိသည်။ ထိုတောင်တွေ အားလုံးကို ပေါင်းစုပြီး ခေါ်သည့်နာမည်ကတော့ စကျင်တောင်။
23-Oct-2016
လူတစ်ဦး၏ ဘဝကို မည်သည့် အနိဋ္ဌာရုံကမှ သေအောင် မသတ်နိုင်။ ၎င်း၏ စိတ်ဓာတ်ကသာလျှင် အရာရာကို ဆုံးဖြတ်သွားပေသည်။ အိပ်ရာပေါ်မှနေပြီး လူပေါင်း များစွာ၏ စိတ်ခွန်အားကို ပေးခဲ့ကာ အများအကျိုး ထမ်းဆောင်နေသည့် ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်က ဂျိုဟာ့ကို အသက် ဆက်စေခဲ့ခြင်း ဖြစ်သည်
23-Oct-2016
ကမ္ဘာကျော် အင်းလေးကန်ကြီး ထိန်းသိမ်းရေးကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဒေသတွင်းရှိ လူငယ်များ စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်နေကြသည်။ သူတို့သည် မည်သူများ ဖြစ်ကြသနည်း။ သူတို့သည် မည်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေကြသနည်း။
23-Oct-2016
ချင်းတွင်းမြစ် ကိစ္စကိုပဲကြည့်။ သေစရာရှိ စက်လှေပိုင်ရှင်လည်း မသေဘူး။ မြစ်ကြောင်း ခရီးသွားလာရေးမှာ တာဝန်ရှိတဲ့ လူကြီးတွေလည်း မသေဘူး။ သေရင် ပြည်သူတွေပဲ သေတော့တာ။
22-Oct-2016
ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးက မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသ တစ်ခုလုံးကိုပါ စိန်ခေါ်နေပြီ ဖြစ်သည်။ ဒေသတွင်း လုံခြုံရေးအဖွဲ့များ အနေနှင့် အင်ဒိုနီးရှားကျွန်းစုနှင့် ဖိလစ်ပိုင် တောင်ပိုင်းကိုသာ ဂရုစိုက်နေခြင်းမျိုး မပြုသင့်တော့ပါ။ ၎င်းတို့အနေနှင့် ရခိုင်မြောက်ပိုင်းရှိ လက်နက်ကိုင် လှုပ်ရှားမှုနှင့် ဂျီဟတ်လှုံ့ဆော်မှုကို စောင့်ကြည့်သင့်ပြီ ဖြစ်သည်။
22-Oct-2016
ဝိုင်းစုသည် တစ်ချိန်က ရှည်လျားလှသော ဆံပင်၊ ညိုစိုတင်းရင်းသော အသားအရေတို့ကို ပိုင်ဆိုင်ခဲ့ဖူးပြီး ဇာတ်သဘင် စင်မြင့်ထက် မီးရောင်စုံတွေ ရှေ့တွင် အလှဘုရင်မ တစ်ပါးအဖြစ်လည်းကောင်း၊ ရန်ကုန်မြို့၏ ပလက်ဖောင်း မှောင်ရိပ်များတွင် Offer ခေါ် ယောက်ျား ပြည့်တန်ဆာတစ်ဦး အဖြစ်လည်းကောင်း ရပ်တည်ခဲ့သည်ဟု ဆိုပါလျှင် ယုံနိုင်ဖွယ် မရှိ။
22-Oct-2016
ဖောက်ထွင်းရန် ကြံစည်နေသူများ၊ အိမ်ပေါ်တက် အလစ်သုတ်ရန် ကြံစည်နေသူများနှင့် ဒုစရိုက်မှု ကျူးလွန်သူများအတွက် သတင်းစကား တစ်ခုရှိသည်။ အကြံများကို လက်လျှော့လိုက်ရန် ဖြစ်သည်။
20-Oct-2016
မာကို မီလိုဆာဗစ် (Marko Milosevic) တစ်ယောက် အသက် ၄၀ ကျော်ပြီ။ ၁၉၇၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မွေးဖွားသဖြင့် အတိအကျ ဆိုရလျှင် ၄၂ နှစ် ရှိပြီဟု ဆိုရမည်။ သူ့ဖခင်မှာ ယခင်ဆားဘီးယန်း သမ္မတဟောင်း ဆလိုဘိုဒန် မီလိုဆာဗစ် ဖြစ်သည်။ ဖခင်ခေတ်ကောင်းစဉ်က ဆိုးသွမ်းရမ်းကားခဲ့သမျှ သူ့ဖခင် အရာကျသည့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်နေ့တွင် တိုင်းပြည်က ထွက်ပြေးသွားခဲ့ရသည်။ ရုရှားနိုင်ငံတွင် ဒုက္ခသည်တစ်ဦး အနေနှင့် ခိုလှုံပြီး ဇနီးဖြစ်သူ မီလီကာ ဂါဂျစ်၊ သားမာကိုတို့နှင့်အတူ နေထိုင်လျက်ရှိကြောင်း သိရသည်။
20-Oct-2016
“လူတွေ ဘာကြောင့် အကြမ်းဖက်ဝါဒကို ရွေးချယ်လာကြသလဲ ဆိုတာကို ကျွန်မတို့အားလုံး အတူတကွ အဖြေရှာဖို့ လိုပါတယ်။ ဒီကိစ္စက တချို့လူတွေ ထင်သလောက် မလွယ်ကူပါဘူး။ လူတွေ ဘာကြောင့် အကြမ်းဖက်ဝါဒကို ရွေးချယ်ကြသလဲ။ အကြမ်းဖက်ရတာကို သဘောကျလို့လား။ ဒီလိုလည်း ဟုတ်မယ် မထင်ပါဘူး”
18-Oct-2016
သမိုင်းတွင် ဘုရင်စနစ်ကို နှစ်သက်မြတ်နိုးစွာဖြင့် လက်ခံသော ပြည်သူများ နည်းပါသည်။ သက်တမ်းရှည် လက်ခံပြီး ချစ်ခင်ရန် ဆိုသည်မှာလည်း အလွန်မလွယ်သည့်ကိစ္စ ဖြစ်သည်။ ထိုင်းနိုင်ငံတွင်တော့ ဘူမိဘော၏ ရုပ်ပုံကို အိမ်တိုင်း၊ ဆိုင်တိုင်း၊ တစ်နိုင်ငံလုံး နေရာအနှံ့ အလေးအမြတ်ထားပြီး ချိတ်ဆွဲထားလေ့ ရှိကြသည်။ နှစ်ပေါင်းများစွာ ပြည်သူချစ်သော ဘုရင်တစ်ပါးဖြစ်ရန် မလွယ်သည့်ဂုဏ်ကို ဘူမိဘောသည် ထိန်းသိမ်းထားနိုင်ခဲ့သည်။
17-Oct-2016
၎င်းတို့ မည်သို့ စုစည်းခဲ့သနည်း၊ မူဂျာဟစ်ဒင်အဖွဲ့သစ် ပေါ်ပေါက်လာခြင်း ဟုတ်မဟုတ်နှင့် အင်စတီကျူးရှင်း ဖွဲ့စည်းပုံမရှိသော သာမန်အုံကြွမှု ဟုတ်မဟုတ် စသော အချက်များ မသဲကွဲသေးပါ။ သို့ရာတွင် အရေအတွက် များပြားမှုနှင့် အသေးစိတ် စီစဉ်နိုင်မှုတို့က ယခုအချိန်အထိ စနစ်တကျ ခုခံအကြမ်းဖက်မှု လက္ခဏာ အနည်းငယ်သာ ရှိခဲ့သော ရခိုင်ပဋိပက္ခတွင် မကြုံစဖူး ကြိုတင်စီစဉ်မှု အဆင့်တစ်ခုကို ထင်ဟပ်ပြသနေသည
16-Oct-2016
ထရမ့် ရှေ့တန်းရောက်လာမှုသည် အမေရိကန် ပေါ်ပြူလာဝါဒ၏ လူမျိုးရေး- အမျိုးသားရေး ရေစီးအားကောင်းမှုကို ဖော်ပြလျက် ရှိသော်လည်း ထရမ့်၏ မဲဆွယ်စည်းရုံးမူတွင် အရေးပါသော အချက်တစ်ချက် ပျောက်ဆုံးလျက်ရှိသည်။ ထရမ့် ပြောကြားနေသည့် ပြည်သူဆိုသည်မှာ မည်သူကို ကိုယ်စားပြုသည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေ။ ကြွယ်ဝမှုကို ခွန်အား၊ ဦးနှောက်တို့ဖြင့် ဖန်တီးခဲ့သည့် ကုန်ထုတ်လုပ်ရေး လူတန်းစားကို ပြည်သူ့ပါတီနှင့် ၎င်းတို့၏ မဟာမိတ်များက အားပေးခဲ့သည်။
16-Oct-2016
မြန်မာနိုင်ငံသည် လက်ဆောင်ပေးခြင်း၊ ဂါရဝပြုခြင်းစသည့် ယဉ်ကျေးမှု ကြီးမားသောနိုင်ငံ ဖြစ်ပြီး ဆိုးကျိုးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက လုပ်ငန်းတစ်ခုဖြစ်ရန် တံစိုးလက်ဆောင်ပေးရသည့် ယဉ်ကျေးမှုက အမြစ်တွယ်နေသည်။
16-Oct-2016
စာပေနိုဘယ်လ်ဆု သတင်း ထွက်လာချိန်တွင် ဘော့ဒီလန်သည် လက်စ်ဗီးဂတ်စ်ရှိ ကဇာတ်ရုံ တစ်ရုံတွင် ဖျော်ဖြေနေခဲ့သည်။ နိုဘယ်လ်ဆု ရသည့်သတင်းနှင့် ပတ်သက်ပြီး ဘော့ဒီလန်ကြီးက ဘယ်သတင်း မီဒီယာသမားကိုမှ မှတ်ချက်ပေးခြင်း အလျင်း မရှိပေ။ စာပေ၊ ကဗျာ အနုပညာ သဘောများ၊ အယူအဆများကို ၎င်း၏သီချင်းများတွင် ထည့်သွင်း ရေးစပ် သုံးသပ် တတ်သည်ဟု ဘော့ဒီလန် ကိုယ်တိုင်က ပြောခဲ့ဖူးသည်။