News

19-Nov-2016
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့် တာဝန် စတင်ထမ်းဆောင်မည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပိုမိုအာဏာရှင်ဆန်လာသည့် ဖြစ်စဉ်များ၊ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး ဒီမိုကရေစီရေး မတည်ငြိမ်မှုတို့ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းအရေးကို ထရမ့် မည်ကဲ့သို့ ကိုင်တွယ်မည် ဆိုသည်မှာ ၎င်း၏ သမ္မတတာဝန်အတွင်း အကြီးမားဆုံးသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်။
19-Nov-2016
စားဝတ်နေရေး ကျပ်တည်းလာခြင်း၊ စီးပွားရှာရ ခက်ခဲလာခြင်းများအပြင် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးပွားလာခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု နည်းပညာနှင့် ဆေးဝါးပစ္စည်းများ ခေတ်မီတိုးတက်လာခြင်းတို့ကြောင့် မိဘတိုင်း သားသမီး ရယူသည့်အရေအတွက် လျော့ကျလျက်ရှိသည်။
19-Nov-2016
အောက်တိုဘာလ ၉ ရက်နေ့က အစပြုခဲ့သည့် မောင်တော အကြမ်းဖက် တိုက်ခိုက်မှုများမှာ တစ်လကျော်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ သေနတ်သံများ မတိတ်သေး။ လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း ကျဆုံးနေဆဲ ဖြစ်သည်။ မောင်တောခရိုင်က ကျေးရွာအချို့၌ ကထိန်လှည့်ရာတွင် လက်နက်ကိုင် လုံခြုံရေးများ လိုက်ပါနေရသည့် အခြေအနေ။
19-Nov-2016
စံပယ်၊ ပိတောက်၊ ယမင်းနှင့် ဇီယာတို့သည် အကြိုအကြားနှင့် နောက်ဖေး လမ်းကြားမချန် သွားလာတတ်ကြသူများပင်။ ထို့ကြောင့် ရန်ကုန်မြို့ အနောက်ဘက် မျက်နှာစာနှင့် ဆင်ခြေဖုံး မြင်ကွင်းများအကြောင်း သိလိုလျှင် သူတို့နှင့်လိုက်သွားနိုင်သည်။
19-Nov-2016
အစိုးရ အရာရှိ၊ ဝန်ထမ်းများ လစာ ဝင်ငွေ မလောက်ငသည့်ကြားမှပင် ယခင် အစိုးရ အဆက်ဆက် မီလီယံနာ ဝန်ကြီး၊ ဝန်လေး၊ အမှုထမ်း၊ အရာထမ်း များစွာကို မွေးထုတ်နိုင်ခဲ့သည်။
18-Nov-2016
လုပ်ငန်းရှင်များ မျှော်လင့်ထားသည့် ရင်းနှီးမြှုပ်နှံမှု မူဝါဒမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် ထွက်ရှိလာသည်။
17-Nov-2016
မူဆိုလိုနီသည် သမီးလေး အက်ဒါကို အလွန်ချစ်မြတ်နိုးခဲ့သည်။ သမီးလေးကြောင့် သူ၏ အရိုင်းစိတ်များလည်း ပျော့ပျောင်းနူးညံ့လာခဲ့ရသည်ဟု ဆိုကြသည်။ ထို့ပြင် သမီးအနာဂတ် အတွက်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မွေးကင်းစ ရက်ပိုင်းအရွယ် သမီးလေးကို မျက်စိအောက်က အပျောက်မခံ ဖြစ်ခဲ့ပြီး၊ ညအိပ်လျှင်ပင် အနားတွင် ထားအိပ်သည် ဟုဆိုကြသည်။ သမီးလေးက ညမအိပ်လျှင် သူက ထပြီး တယောထိုးပြသည်။ ဂီတက သမီးဖြစ်သူကို အိပ်ပျော်စေမည်ဟု သူကထင်ပြီး တယောထိုးသော်လည်း အက်ဒါက သူငိုချင်သလို ငိုသည်။ အိပ်ချင်မှ အိပ်သည်။ သမီးက မီးလင်းလျှင် မအိပ်ဟုထင်ပြီး ဖယောင်းတိုင်များကို ငြှိမ်းပစ်သည်။ သို့သော် သမီးဖြစ်သူက မအိပ်ဘဲ အော်ငိုသည့်အခါတွင် သူ့ဇာတိစိတ်များ ထိန်းမနိုင်သိမ်းမရ အုံကြွလာပြီး စာအုပ်များ၊ နာရီများ၊ ဖိနပ်များကို ပစ်ပေါက်သောင်းကျန်းခဲ့မှုများ ဖြစ်ခဲ့ရသည်။
16-Nov-2016
ကန့်သတ်နယ်မြေဖြစ်သော အထက်ပစ္စယာသို့ အမျိုးသားတို့ တက်ရောက်ခွင့်ကို စိစစ်ခွင့်ပြုနေသော်လည်း အမျိုးသမီးတို့ကိုမူ ပိတ်ပင်ထားသည်။
15-Nov-2016
လက်ရှိ စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာ ဈေးနှုန်းများ အားလုံးသည် စတင် ဖွင့်လှစ်ခဲ့သည့် ဈေးနှုန်းများထက် လျော့ကျလျက်ရှိပြီး အရောင်းအဝယ်သည်လည်း လျော့သထက် လျော့ကျလာကာ လူတို့၏ စိတ်ဝင်စားမှုနှုန်းသည်လည်း လျော့သထက် လျော့လာနေသည်ဟု ယင်းဈေးကွက် လေ့လာ စောင့်ကြည့်သူများက ဆိုသည်။
14-Nov-2016
“သို့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ကာလက ပါတီများ၏ ဆိုရှယ်မီဒီယာ လှုပ်ရှားမှုများတွင် မဲဆွယ် စည်းရုံးရေး စကားစုများ၊ ခွန်အားဖြည့် စကားစုများ၊ ရွေးကောက်ပွဲနှင့် ကိုယ်စားလှယ်လောင်း၏ သတင်း အချက်အလက်များ၊ Landscape များ၊ Info-graphic များ မတွေ့ရှိရသေးသည်ကတော့ အမှန်ပင်”
13-Nov-2016
“တစ်ခုခု မပြောခင် အရင်စဉ်းစားပါ။ တစ်ခုခု မစဉ်စားခင် အရင် စာဖတ်ပါ”ဟု အမေရိကန် စာရေးသူ ဖရန်လီဘိုးဝစ်ဇ်က ပြောဖူးပါသည်။ စဉ်းစား တွေးကြံမှုများတိုင်းသည် အပေါင်းလက္ခဏာ ဆောင်သော အရွေ့တစ်ခုကို ဦးတည်စေဖို့ရာ လေ့လာမှု ပြုရပါသည်။
13-Nov-2016
ဒေါ်နယ်ထရမ့် နိုင်သွားပြီ။ ပလေးဘွိုင် တစ်ယောက်ကဲ့သို့သော လူနေမှုပုံစံကို ဆယ်စုနှစ်ပေါင်းများစွာကြာ ကြွားဝါကျင့်သုံး ပြောဆိုခဲ့သူ၊ ကန်ထရိုက်တာများကို လိမ်ညာခဲ့သူ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အလုပ်ခန့်အပ်ခဲ့သူ၊ ဘုရားကျောင်းမတက်သူ၊ လစ်ဘရယ် အကြောင်းတရားများကို ထွေးပွေ့သူ၊ ဟီလာရီနှင့် ဘီကလင်တန်ကို သူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့သူသည် အမေရိကန်သမိုင်း၏ ဗဟိုချက်များကို ဆုတ်ဖြဲနေပြီ ဖြစ်သည်။ အမေရိကန်ပြည်သူများ၏ စိတ်ပျက်မှုများကို နားလည်သည့် ပေါ်ပြူလာ သူရဲကောင်းတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ပုံဖော်ပြီး ကြီးကျယ်သည့် အောင်ပွဲကို ထရမ့် ရယူသွားခြင်း ဖြစ်သည်။
13-Nov-2016
‘ရေအသက် တစ်မနက်’ ဟူသော မြန်မာဆိုရိုးစကားမှာ ကမ္ဘာပေါ်တွင် ရေ၏တန်ဖိုးကို အမြင့်ဆုံး ဖော်ကျူးလိုက်ခြင်းပင် ဖြစ်ပေသည်။ သို့သော် ထိုသို့ ဖော်ကျူးနေရုံ မျှဖြင့် မလုံလောက်ပေ။ အဖိုးတန်ဆုံးသော သဘာဝသယံဇာတကို အခြိုးခြံဆုံး၊ အချွေတာဆုံးနှင့် အကျိုးအရှိဆုံး သုံးစွဲရန် လိုအပ်လှ၏။ ဤသည်မှာ သယံဇာတ ကျင့်ဝတ်ပင် ဖြစ်သည်။
13-Nov-2016
ပြင်ဦးလွင် မြို့နယ်၏ မြေဧရိယာ ၄၈၈,၇၉၄ ဧကအနက် သစ်တောနယ်မြေ ၁၈ ခု၊ (၂၃ဝ,၅ဝ၇ ဧက) ရှိပြီး မြို့ဧရိယာ၏ ၄၇ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသည်။ ယင်းမြေတို့အနက် ကော်ဖီစိုက်ပျိုးရန်အတွက် ဧက ငါးသောင်းကျော်၊ အစုအဖွဲ့ပိုင် စိုက်ခင်းအတွက် ဧက သုံးထောင်ခန့်၊ ပုဂ္ဂလိက သစ်မာ စိုက်ခင်းအတွက် ဧက ၂၅ဝဝ ကျော်နှင့် ပိုးဇာခြံ ဧက ၆ဝ ကို ယခင်အစိုးရ လက်ထက်များတွင် ခွင့်ပြုပေးထားခဲ့သော်လည်း အမှန်တကယ် အကောင်အထည် မဖော်ခဲ့ကြကြောင်း
13-Nov-2016
ထိုင်းတို့မြေ ကျွန်စခန်းဆီမှ လွတ်မြောက်လာသည့်တိုင် ကိုကုလားအတွက် ပျော်ရွှင်ရမည့် နေ့ရက်တို့ မပိုင်သေး။ မဆိုင်သေး။ ဘဝ ရပ်တည် ရှင်သန်ရေးအတွက် မြန်မာပြည်တွင် မိတကွဲ ဘတကွဲ၊ မိသားစုကွဲနှင့် ကိုကုလား တစ်ယောက် ခရောင်းလမ်းနေ့ရက်တို့ ဆက်၍ အားတင်းကာ လျှောက်ရပါဦးမည်။