News

12-Jan-2020
ခေတ်ဟာ ရပ်တန့်မနေ ရွေ့လျားလာသည်နှင့် အညီ စာအုပ်ငှားဆိုင်လေးများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လို့လာလေပြီ။ ထိုအငှားဆိုင်လေးများနေရာတွင် စာအုပ်အရောင်းဆိုင်များစွာက နေရာယူလာကြတော့သည်။ စာအုပ်တစ်အုပ်၏ တန်ဖိုးဟာ တချို့သော သူများအတွက် မသိသာလှပေမင့် သာမန်လူတန်းစားတို့၏ တစ်နေ့တာဝမ်းရေးအတွက် ဖြေရှင်းလို့နေရသည့် ပမာဏဖြစ်နေပြီး ဝမ်းရေးကို ဦးစားပေးနေရသည့် အခြေအနေမို့ စာအုပ်စာပေဘက် မလှည့်နိုင်အားဘဲ တဖြည်းဖြည်း ဝေးကွာလာသည်မှာ သိပ်တော့လည်း မဆန်းဟုပင်ဆိုရတော့မည်ပင်။
12-Jan-2020
ဥရောပကောင်စီ၏ကော်မတီရုံးခန်းတွင် ဥပဒေပြုသူများ၊ ဥပဒေလုပ်ရန် လော်ဘီလုပ်သူများနှင့် ဟွာဝေးကုမ္ပဏီ (Huawei) ၏မန်နေဂျာများ တွေ့ဆုံဆွေးနွေးနေကြပါသည်။ ဥပဒေပြုသူများဘက်က အများသူငါ သိလိုသော မေးခွန်းကို တိုက်ရိုက်မေးသည်။ “ဟွာဝေးသည် တရုတ်ပြည်အတွက် စပိုင်လုပ်ပါသလား” ဟူသောမေးခွန်းဖြစ်ပါသည်။
09-Jan-2020
မေရိကန်က အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီကို လုပ်ကြံလိုက်ပြီးနောက် အီရန်က အီရတ်မှာရှိနေတဲ့ အမေရိကန်တပ်တွေကို တစ်ဒါဇင်လောက်ရှိတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် က twitter မှာ အားလုံးအေးဆေးပါ all is well ဆိုပြီး tweet လိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး မြင်ရတယ်ဆိုတာ နောက်နေ့မနက်ကျတော့ မိန့်ခွန်းပြောပြီး ရှင်းပြပါတယ်။ တင်းမာနေတဲ့ အခြေအနေတွေ အတိုင်းအတာ တစ်ခုအထိ လတ်တလော အေးဆေးဖြစ်နေတယ်လို့ ပြောတဲ့ ၁၀ မိနစ်လောက်ကြာ အဆိုပါ မိန့်ခွန်းကနေ အဓိက အချက် ၅ခုကို ထုတ်ပြပါ့မယ်။
08-Jan-2020
အမေရိကန်ဆန့်ကျင်ရေးစိတ်ဓာတ်တွေနဲ့ တစ်သားတည်းဖြစ်နေတဲ့ အီရန်ခုဆိုရင် အီရန်နိုင်ငံတစ်ဝန်းမှာ “အမေရိက သေပါစေ။ Death to America” ဆိုပြီး နေရာအနှံ့ ကြွေးကြော်နေကြပါတယ်။ အီရတ်ကသံရုံး ရှေ့မှာ အီရန်လိုလားသူတွေ ဆန္ဒပြကြတော့လည်း အမေရိကန်သေပါစေ အော်ပါတယ်။ ဗိုလ်ချုပ်ကြီးရဲ့ နာရေးအခမ်းအနားမှာလည်း အမေရိက သေပါစေလို့ အော်ပါတယ်။ နောက်ဆုံး အီရန်လွှတ်တော်ပါလီမန်ရဲ့ အမတ်တွေလည်း လွှတ်တော်ထဲမှာ မိနစ်အနည်းငယ်ကြာအောင် အမေရိက သေပါစေလို့ အော်နေကြတာဖြစ်ပါတယ်။
05-Jan-2020
ရုရှားတို့၏ စီးပွားရေးပမာဏများ ဒေါ်လာနှင့် တွက်ပါက အမေရိကန်ထက် ၁၀ ဆမျှငယ်ပြီး အမေရိကန်၏ အမြင့်ဆုံးကုမ္ပဏီ ၁၀ ခုအဆင့်ကိုပင်မမီပေ။ ယခုနှစ် စီးပွားရေးတိုးတက်နှုန်းမှာ ၁ ရာခိုင်နှုန်းပင် မပြည့်မီပေ။ ယဉ်ကျေးမှုဘက်ကလည်း ကိုရီးယားကကေပေါ့ (K-Pop) စတားများ၏ ရုပ်ရှင်ကိုပင်မီအောင် မလိုက်နိုင်ပေ။
05-Jan-2020
ငါးဟာ အားလုံးသိကြတဲ့အတိုင်း အိုမီဂါသရီး ပါဝင်တာမို့ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဆောင်းတွင်းကာလမှာ ငါးကို ပိုစားပေးရပါမယ်။
05-Jan-2020
သို့သော် ချောင်းကလေးထဲက ငါးသည် ချောင်းကလေးအကြောင်းသိပြီး ပင်လယ်ထဲက ငါးသည်ပင်လယ်ကြီးအကြောင်းသိမည်ဖြစ်သည်။သို့သော် ငါးသည် ငါးဖြစ်နေသည့်အတွက် လူတစ်ယောက်၏ ဒုက္ခကို သိမည်မဟုတ်ပါ။
02-Jan-2020
ဒီနေရာမှာ ဂျပန်နိုင်ငံဆူနာမီဖြစ်စဉ်က အဖြစ်အပျက်လေးတစ်ခုအကြောင်း ဖတ်မိတယ်။ ဆူနာမီဖြစ်တော့ ရေလွှမ်းပြီးတစ်မြို့လုံးအတိ ဒုက္ခရောက်ကြတယ်။ အစားအသောက်ကအစ ခက်ခဲကုန်တယ်။ ကုန်တိုက်တွေမှာ တန်းစီကြရတယ်။ အားလုံးဒုက္ခရောက် ကြတာပဲ။
02-Jan-2020
ကုန်လွန်ခဲ့သော ၂၀၁၉ ခုနှစ်၏ မြင်ကွင်းသည် အဆင်း မလှခဲ့ပေ။ ၂၀၂၀ ဆိုသော နှစ်သစ်ထဲကို ချင်းနင်းဝင်ရောက်လာနေပြီဖြစ်သည့်အတွက် အစိုးရ၏ သက်တမ်းသည်လည်း ကုန်လွန်ဖို့ လွန်စွာနီးကပ်လာပြီ ဖြစ်သည်။ ပြည်သူ့ဘဝ ပြည်သူ့ဆန္ဒများကို အစိုးရက မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့သည်ကို နှစ်စဉ်လိုလို ပြည်သူများက စောင့်ကြည့်နေခဲ့သည်။ ၂၀၁၉ ခုနှစ်ရဲ့ အဆိုးများ၊ စီမံခန့်ခွဲမှုအလွဲများကို သင်ခန်းစာယူကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ရန် ပြည်သူများက ယနေ့ထက်တိုင် မျှော်လင့်နေဆဲ ...
01-Jan-2020
Memory ဆိုသောခေါင်းစဉ်ဖြင့် ဖော်ပြသော ဆောင်းပါးနှင့် စာစုများမှာ The Voice Daily ကို ထုတ်ဝေနေသည့် Myanmar Partners Think Tank Group၊ ယခင် Living Color မဂ္ဂဇင်း၊ The Voice Weekly တို့ကို တည်ထောင်သွားသော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် လွန်ခဲ့သော ၈ နှစ်ကျော်ခန့်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲကောင်းများဖြစ်ပေါ်ရန် အမြဲပင်ဆန္ဒရှိခဲ့သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်သည့် ၈ နှစ်ပြည့်ကာလတွင် ၎င်း၏ အတွေးအခေါ်၊ အယူအဆနှင့် အမြင်များကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါသည်။ ယနေ့ သတင်းစာ၏ စာမျက်နှာ ၄ တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်မှာလည်း တစ်ချိန်က ၎င်းရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် များစွာ လတ်လတ်ဆတ်ဆတ်ရှိနေဆဲဖြစ်သည့်အတွက် အမှတ်တရအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။
01-Jan-2020
ပို့ကုန်မြှင့်တင်ရေးကို မဖြစ်မနေပြုလုပ်ရန် လိုအပ်သွားပြီ ဖြစ်ပေသည်။ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံသားတိုင်းကို အလုပ်လုပ်ခွင့် ပေးရာတွင် အရင်းအမြစ်ချင်း နှိုင်းရအားသာချက် (COMPARATIVE ADVANTAGE ) ရှိသော လုပ်ငန်းများကို ဦးစားပေးတိုးချဲ့ရမည် ဖြစ်သကဲ့သို့ ယှဉ်ပြိုင်နိုင်စွမ်းအလို့ငှာ COMPETITIVE ADVANTAGE ရှိသော လုပ်ငန်းများထူထောင်ရန် လိုအပ်ပါသည်။
31-Dec-2019
တကယ်တော့ ငယ်ရွယ်နုပျိုခြင်း၏ အကြီးမားဆုံး တန်ဖိုးသည် နုပျိုခြင်းလည်းမဟုတ်၊ ရုပ်ရည်လှပခြင်းလည်းမဟုတ်၊ အားအင်နှင့်အလုပ်လုပ်နိုင်ခြင်းလည်း မဟုတ်၊ အမှားလုပ်နိုင်သည့် အခွင့်အရေးရော၊ လုပ်သင့်လုပ်ထိုက်သည့် အခွင့်အရေးကောင်းများကိုပါ ဖမ်းဆုပ်ထားဖို့ပင်မဟုတ်ပါလား။ လူတိုင်းလူတိုင်း ကမ္ဘာကြီးကို ပြောင်းလဲလိုကြသည်။ မနက်ဖြန်တွေ၏ အနာဂတ်သည် ပြောင်းလဲခြင်းများအောက်၌ လှပဖို့ စိတ်ကူးသည်။ လူတိုင်းဘဝတွင် လက်ရှိရောက်နေသောဘဝကို မဖြတ်သန်းခင် ဘဝအိပ်မက်ရည်ရွယ်ချက် စိတ်ကူးတွေ လှပနေသူချည်း ဖြစ်နိုင်သည်။ ထိုအိပ်မက်များသည် အပြစ်ကင်းနေပေလိမ့်မည်။ လူသားပီသမှုကိုလည်း ပြနေပေလိမ့်မည်။
29-Dec-2019
အနွေးထည်ဝယ်ယူသွားသော အမျိုးသမီးကြီး ရဲ့ပုံရိပ်များ ကျွန်တော့်အာရုံထဲ အလိုလိုရုပ်လုံး ပေါ်လာတယ်။ အမျိုးသမီးကြီးဟာ သူ့ကိုယ်သူအနွေး ဓာတ်ရရှိဖို့ကို သတိမမူ။ သူ့သားလေး အနွေးဓာတ်ရဖို့ကိုသာ စိတ်အားထက်သန်နေတာတွေ့ရတယ်။
29-Dec-2019
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူများဟာ အာခံတွင်းကင်ဆာ ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ တို့က အီးစီးကရက်သောက်တာဆိုပြီးလည်း လွတ်မယ် မထင်ပါနဲ့။ သူတို့ထဲမှာ ကင်ဆာကိုဖြစ်စေတဲ့ ကာစီနိုဂျင်စ်တွေ ပါဝင်ပါတယ်။