News

22-Sep-2018
ကိုယ်ကျင့်တရားဆိုသည်မှာ မိမိထံတွင်ရှိသော လုပ်ပိုင်ခွင့်ထက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်တတ်သည့် ကိုယ်တိုင်ကျင့်ရသော တရားကို ကိုယ်ကျင့်တရားဟု ဖွင့်ဆိုကြပါသည်။ အမှားနှင့် အမှန်ကို ကိုယ်တိုင်ပိုင်းဖြတ်ပြီး လုပ်ဆောင်နိုင်ခြင်းသည် ကိုယ်ကျင့်တရားဖြစ်သည်။ လူသားများဖြစ်နေသောကြောင့် လူ့လောက အဖွဲ့အစည်းအတွင်း နေထိုင်ရှင်သန်ခြင်းသည် လူသားပီသစွာဖြင့် အကောင်းဆုံးဖြစ်တည်ရပ်တည်နိုင်ရန် ကြိုးပမ်းကျင့်ကြံနေထိုင်ခြင်းကိုလည်း ကိုယ်ကျင့်တရားဟု ဆိုပါသည်။
22-Sep-2018
ဆရာကြီးပြောချင်တာက လူဆိုတာ တစ်ဦးတည်း ရပ်တည်လို့မရဘူးဆိုတာကို ပြောချင်တာ။ ဒါပေမဲ့ လက်တွဲခေါ်ခြင်းဟာ အကောင်းဆုံး မြေတောင်မြှောက်ပေးတာပဲဆိုတဲ့ သဘောတရားကိုလည်း ဖော်ဆောင်သွားတယ်။
22-Sep-2018
“ဒီနေ့ခေတ်လူငယ်တွေကတော့ အထူးတွေချည်းပဲ။ သူတို့က ခေတ်သစ်မှာ သတင်းခေါင်းကြီးတွေအဖြစ် ဖော်ပြနေကြတဲ့ စစ်ပွဲတွေကိုလည်း စိတ်မဝင်စားတော့ဘူး။ သူတို့အခွင့်အလမ်းတွေကို အင်တာနက်ပေါ်မှာရှာမယ်။ ညစ်ညမ်းပုံတွေကြည့်ချင်ကြည့်မယ်။ သူတို့ထင်တာ သူတို့လုပ်တယ်”ဟု သုံးသပ်ဝေဖန်မှု ပြုသွားသည်ကို ဆင်ခြင်ကြည့်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ မျိုးဆက်သစ်တို့သည် အထိန်းချုပ်ခံမည့်သူများ မဟုတ်တော့ခြင်းဖြစ်သည်။
20-Sep-2018
မည်သူ့ကို လူကုန်ကူးသည်ဆိုခြင်းမှာ ခန့်မှန်းရခက်လှသည်။ NGO အဖွဲ့အစည်းတွေကလည်း လူကုန်ကူးသူများကို ကူညီပေးသည့်အနေနှင့် တာဝန်ရှိသူများအား သတင်းပေးနေသည်။ ယနေ့ခေတ် လူကုန်ကူးမှုများကို လုပ်ဆောင်နေသည့် မာဖီးယားဂိုဏ်းသားတွေသည် ရုပ်ရှင်တွေထဲကလိုမဟုတ်။ မိန်းကလေးတွေကို ရုပ်ရှင်ထဲကလို ကားများထဲတွင် ကြိုးတုတ်၊ ပါးစပ်ဆို့ပြီး သယ်ဆောင်လာကြသည့်ခေတ် မဟုတ်တော့။ သူတို့ကိုယ်တိုင် နယ်စပ်ကို အေးဆေးစွာ ဖြတ်ကျော်ကူးလာရန် သွေးဆောင်စည်းရုံး သိမ်းသွင်းခြင်း ခံထားရသည်။
20-Sep-2018
“ဆိုင်ကယ်ပေါ် ရှေ့တစ်ယောက်နဲ့ နောက်တစ်ယောက် ညှပ်ခေါ်သွားတာ။ ကျွန်မ ကျောကုန်းကိုလည်း ချွန်တဲ့အရာနဲ့ ထောက်ပြီး အော်တာနဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ခေါ်သွားတာ” ဟု မိန်းကလေးက လက်ဆစ်များကို ချိုးနေရင်း Myanmar Now ကို ပြောပြသည်။
18-Sep-2018
ကမ္ဘောဒီးယားနိုင်ငံသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၃ ဦးကို တရုတ်လူမျိုးတို့၏ အငှားကိုယ်ဝန်ဆောင်များ ဘဝဖြင့် ဖမ်းဆီးလိုက်သည်ဆိုသော သတင်းက ဇူလိုင်လတွင် ဂယက်ထသွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဆေးခန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာ အငှားကိုယ်ဝန်ဆောင်များနှင့်အတူ ထိုလုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေးနေသည့် ခေါင်းဆောင်ငါးဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
17-Sep-2018
ယနေ့ “ကမ္ဘာရွာ” လို့ တင်စားခေါ်ဆိုနေကြသလို၊ တစ်နေရာကဖြစ်နေတဲ့ ဖြစ်ရပ်ကို ကမ္ဘာ့အခြားတစ်နေရာက အချိန်နှင့်တစ်ပြေးညီ သိနေနိုင်တယ်။ ကျန်းမာရေး၊ ပညာပေးလှုံ့ဆော်တဲ့အခါမှာ ဆေးရွက်ကြီး၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေး၊ စိတ်ကြွဆေး၊ အရက်စွဲပြဿနာတွေဟာ လူမှုပတ်ဝန်းကျင်မှာ မဆုံးနိုင်မြင်တွေ့နေရပါတယ်။ မူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ အရက်တို့ကြောင့် မုဒိမ်းမှု၊ ရန်ဖြစ်ခြင်းနဲ့ ရာဇဝတ်မှုအများအပြား ဖြစ်စေပါတယ်။
16-Sep-2018
“ကျွန်မ ဂျပန်ကိုသွားတော့ နာမည်ကြောင့် လူတွေက အံ့အားသင့်ကြတယ်။ လူက လူမည်းဖြစ်နေပြီး နာမည်က ဂျပန်နာမည်ဖြစ်နေလို့လေ” ဟု သူက ဆိုသည်။
16-Sep-2018
ဒါပေမဲ့ မီဒီယာတွေ၊ ပြည်သူတွေနဲ့ သမ္မတကြီး ဝင်ရှုပ်လိုက်တာ...။ ပြဿနာတွေ ပိုကြီးကုန်ပါရောလား။ လွှတ်ပေးတဲ့လူတွေပါ ပြန်အဖမ်းခံရရော။ ဘာမှမဟုတ်ဘဲ... အရက်ပုလင်းနဲ့ အမြည်းဖိုးလေး သိန်း ၇၀၀ ကျော်လောက်လေး ယူခဲ့တာကို အဖမ်းခံရပါလေရော။
15-Sep-2018
ခေါင်းဆောင်မှုအဖွဲ့သည် စီနီယာမန်နေဂျာကြီးများ သို့မဟုတ် ဌာနခွဲခေါင်းဆောင်များဖြစ်သင့်ပြီး၊ ခေါင်းဆောင်အဖွဲ့ဝင်အားလုံး ပူးပေါင်းစွမ်းဆောင်မှုဖြင့် အဖွဲ့ကြီးတစ်ခုလုံးကို တိုးတက်အောင်လုပ်ဆောင်နိုင်သော အဖွဲ့ကြီးဖြစ်ရန်လိုသည်။ ဤအဖွဲ့သည် အဖွဲ့အစည်း၏ ဗျူဟာ၊ ပန်းတိုင်၊ ဦးတည်ချက်၊ စီမံချက်များကို ချမှတ်ပြီး ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုသည်။
15-Sep-2018
မိမိလုပ်ငန်းခွင်ကို လှည့်ကြည့်လိုက်မိသည့်အခါ ဘာတွေတွေ့နိုင်သနည်း။ အလုပ်အပေါ် ငြီးငွေ့နေသူများ၊ စိတ်မဝင်စားစွာဖြင့် လုပ်ကိုင်နေသူများ၊ ကိုယ့်ခုံပေါ်တွင် ခွေယိုင်ကာထိုင်နေသူများ၊ စကားပြောနေသူများ၊ အလုပ်ကလွဲပြီး လုပ်ချင်ရာလုပ်နေသူများကို တွေ့ကြရမည်ဖြစ်သည်။ တစ်ချက်ပဲ စဉ်းစားစရာရှိသည်။ သူတို့အားလုံး ကိုယ့်အလုပ်အပေါ်တွင် ယုံကြည်မှုနည်းနေပြီလား။
15-Sep-2018
စွန့်ဦးလုပ်ငန်းရှင်လေးများအဖို့ ဈေးကွက်နှင့် ဖောက်သည်သည် အဓိကကျသည့်အောင်မြင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အက်မာနှင့် ပရင်းစ်တို့ နှစ်ဦးအတွက်မူ သူတို့ဈေးကွက်က ထင်သာမြင်သာမရှိလောက်အောင်ဖြစ်နေသည်ဆိုခြင်းမှာ ထူးဆန်းသည်ဟုဆိုရမည်။
14-Sep-2018
“ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးက များလာဖို့ပဲရှိတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ကို စစ်အေးတိုက်တာလို့ ပြောလို့ရတယ်၊ လူကြီးတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ သိတယ်ဆိုပေမယ့် သူတို့အားလုံးက ပါတနာတွေ ဖြစ်နေတယ်ဆိုတော့ သေသေချာချာ အရေးယူလို့မရတော့ဘူးပေါ့၊ ပြောမယ်ဆို အုပ်ချုပ်တဲ့လူကြီးတွေလိုတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
13-Sep-2018
“ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတွေဘက်က သတ်မှတ်ချက်တွေကို ဘယ်လောက်ထိ လိုက်နာလဲဆိုတာ ကြည့်မယ်။ ပြီးမှ လိုအပ်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးပြီး ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ တိုင်းအစိုးရဖြစ်ဖြစ် တစ်ခုခုကို တိုက်တွန်းသွားမယ်”
11-Sep-2018
မကြာသေးမီက ဖိလစ်ပိုင်သမ္မတ ဒူတာတေးတစ်ယောက် အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သည်။ အစ္စရေးခရီးစဉ်တွင် ဒူတာတေးက ယခင် အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဘားရက်အိုဘားမားအား တောင်းပန်လိုက်သဖြင့် အံ့အားသင့်စရာ ဖြစ်သွားရသည်။ တစ်ချိန်က သူသည် အိုဘားမားကို “son of a bitch” ဟူ၍ တစ်တစ်ခွခွ ဆဲခဲ့ဖူးသည် မဟုတ်ပါလား။