News

31-Mar-2019
မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ယနေ့နံနက်ပိုင်း ပစ်ခတ်မှုများအတွင်း အရပ်သား ၃ ဦး သေဆုံးကာ ၆ ဦး ထပ်မံဒဏ်ရာရသွားခဲ့သည်။
30-Mar-2019
မဲဆွယ်စည်းရုံးရေးရန်ပုံငွေ ရယူလက်ခံခြင်းနှင့်ပတ်သက်ပြီး တိကျသည့် လုပ်ထုံးလုပ်နည်းများကို ပါတီများအားလုံး လက်ခံသည့် မူဘောင်ဖြစ်လာစေရန်၊ မဲဆန္ဒရှင်စာရင်း၏ အရည်အသွေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများအပါအဝင် အရပ်ဘက် အဖွဲ့အစည်းများကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခွင့် ပြုရန်၊ လွတ်လပ်ပြီး အမှီအခိုကင်းသည့် ရွေးကောက်ပွဲကော်မရှင်တစ်ရပ် ဖြစ်လာစေရန် စသည့်အချက်များကိုလည်း ဆက်လက် အကြံပြုထားသည်ကို တွေ့ရသည်။
29-Mar-2019
“အိမ်သာတက်ရင် ဘယ်လိုဆေးကြောရမယ်၊ တက်ပြီးရင် လက်ဘယ်လိုဆေးရတယ်၊ ဒါတွေကို ပြောပြပေမယ့် သူတို့က ရေမှမရှိတာ ဆရာမ၊ ချွေတာသုံးနေရတာဆိုတော့ ကျွန်မတောင် ဘယ်လိုပြန်ပြောရမှန်း မသိဘူး”
27-Mar-2019
“ဝါးစိမ်းတုတ်နဲ့ရိုက်တယ်။ တစ်ခါတလေ ငရုတ်သီးထောင်းရင်း ထထရိုက်တယ်။ တံမြက်စည်းတွေဘာတွေ မလှည်းလို့တို့ သူတို့စိတ်အထင်မပြောင်လို့တို့ဆို ထမင်းမကျွေးဘူး။ သူ့သမီးကို ရိုက်ခိုင်းတယ်။ ရေပြင်ကြီးထဲ ခေါင်းထည့်ပြီးတော့ ရိုက်ခိုင်းတယ်”
24-Mar-2019
တရုတ်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင် (Xi Jinping) ကို ဆန့်ကျင်သော အင်အားစုများ၏ အသံသည် တစ်စတစ်စများပြားလာပါသည်။ တရုတ်ပြည်တစ်လွှား တီးတိုးပြောသံများကို ကြားကြရာမှ ယခုအခါဘေဂျင်း မြို့တော်သို့ ရောက်ရှိနေပါပြီ။ ထင်ထင်ရှားရှားတော့မဟုတ်။ သူ၏ (C.C.P China communist party) အတွင်းမှ လူအများက သူ၏ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်၍ ညှိနှိုင်း၍မရသော (Straight Jarkect) လို တုံ့ပြန်မှုများကို မနှစ်သက်ကြ။ သူ၏မကြာခင်က (One Belt One Road) ပရောဂျက်အတွက် အာဖရိကခရီးစဉ်အတွင်း ကလေးများကို ပေးမည့်ဆေးအတွင်း၌ သိန်းပေါင်းများစွာသော ဆေးပုလင်းများမှာ အပြစ်အနာအဆာတွေ ပါနေသည်။ ဤအဖြစ်အပျက်မှာ ထူးခြားပြီး ပေါ်လစီအမှားများ ပါဝင်နေမှုကြောင့် ဤကိစ္စအတွက် အပြစ်ပြောဆိုသံများမှာ မစ္စတာရှီကို ပြောဆိုနေသလားဟု ထင်မှားစရာဖြစ်နေသည်။
24-Mar-2019
လမ်းထဲက ကလေးအော်ငိုကြသည်။ ဆူတာကိုး။ ခွေးတွေက အူ။ နားငြီးလို့ထင်သည်။ ဒီအတိုင်းဆို အေးအေးချမ်းချမ်းရှိလှသည့် ရပ်ကွက်လေး သူတို့လာမှပဲ ဆူညံနေတော့သည်။ လော်သံကိုနှိမ်နင်းဖို့ ကိုယ်စားလှယ်တွေကို အားကိုးရမလားလို့။ သူတို့ ပိုလို့တောင် ဆူနေသေးသည်။ အဲ့တော့ လော်သံကိုကြောက်သူတို့ ကိုယ်စားလှယ်လောင်းတွေကို မေတ္တာပို့ကြသည်။ ကိုယ်စားလှယ်လောင်းရဲ့ အဖွဲ့တွေကတော့ ဂရုသိပ်မစိုက်။ ပန်းဖလက်တွေ ဝေကြသည်။ လူတွေကလည်း ပန်းဖလက်တွေကို လမ်းပေါ်ကိုလွှင့်ပစ်။ ကိုယ်စားလှယ် လောင်းတွေလာမှပဲ လမ်းပေါ်မှာ အမှိုက်တွေပွကုန် တော့သည်။
21-Mar-2019
၁၉၉၅ ဇန်နဝါရီတွင် KNU သည် မဲဆောက် မြောက်ပိုင်း၊ သောင်ရင်းမြစ်ပေါ်တွင်ရှိသော မာနယ်ပလောမှ ဌာနချုပ်ကို ဆုံးရှုံးခဲ့ရသည်။ ၁၉၉၄ ခုနှစ် နှောင်းပိုင်းတွင် ခရစ်ယာန်များလွှမ်းမိုးသော KNU ခေါင်းဆောင်ပိုင်းနှင့် ကွဲပြဲခဲ့ကြသည့် ဗုဒ္ဓဘာသာ ကရင်လက်နက်ကိုင်များက မြန်မာစစ်ဘက်၏ ပံ့ပိုးမှုဖြင့် စခန်းကို သိမ်းနိုင်ခဲ့ကြသည်။
17-Mar-2019
အီဂျစ်ပြည်တွင် ဖေးရိုးဘုရင်ကြီးဟု တင်စားခေါ်ဝေါ်ခြင်းခံရသူ ဟော့စနီမူဘာရက် (Hosni Mubarak) အနှစ် ၃၀ကြာ အုပ်စိုးနေခြင်းကို ပြည်သူလူထုက လမ်းများပေါ်ထွက်၍ဆန္ဒပြခြင်းဖြင့် လွန်ခဲ့သော ရှစ်နှစ်က အဆုံးသတ်စေခဲ့ကြပါသည်။ ထိုအချိန်မှစ၍ အီဂျစ်လူမျိုးသည် ရွေးကောက်ပွဲများ ကျင်းပခြင်းနှင့် ဆန္ဒခံယူပွဲများကျင်းပခြင်းကြောင့် ၉ ကြိမ်တိုင်တိုင် မဲများထည့်ခဲ့ကြပါသည်။ ယခုသမ္မတ စီစီ (Abdel Fattah el-SiSi) မှာ လွန်ခဲ့သောနှစ် ဧပြီလက ရွေးကောက်ပွဲပြန်လည်အရွေးခံရပြီး နောက်ထပ် ၄ နှစ် သူ၏သက်တမ်းကို အတည်ပြုခဲ့ကြပါသည်။
17-Mar-2019
မြစ်ဆုံစီမံကိန်းက နိုင်ငံရေးသတ်ကွင်းတစ်ခု ဖြစ်နေချိန်တွင် တိုင်းပြည်ခေါင်းဆောင်က ထောင်ချောက်အတွင်း ခုန်ဆင်းသွားနိုင်သည့် အခြေအနေကြောင့် စိတ်ပူပန်နေသူ များစွာရှိနေသည်။
10-Mar-2019
ကျော်စိုးထောက်ခံချက်နဲ့ ဘဏ်တွေက ပိုက်ဆံလိုက်ချေးမည်။ ဘဏ်တွေက အပေါင်တောင်းလျှင် အစိုးရရုံးကြီးနဲ့ လွှတ်တော်ကို အပေါင်ထားမည်။ ကျော်စိုးက ဝန်ကြီးချုပ်ဆိုတော့ အဲ့ရုံးကြီးက ဂရန်တွေ ကျော်စိုးဆီမှာ ရှိလောက်သည်။ လိုအပ်လျှင် ရန်ကုန်မြို့သစ်ကြီးကိုပါ အပေါင်ထားလိုက်မည်။
08-Mar-2019
ယင်ယုကိုကြည့်လိုက်လျှင် တကယ့်ပါရမီရှင်တစ်ဦးဟု ထင်စရာအကြောင်းမရှိ။ သူ့ကိုယ်အလေးချိန်ကလည်း ပေါင် ၁၀၀ ကျော်ကျော်လေးပဲ ရှိမည်ထင်သည်။ မြို့သားတစ်ဦးပီပီ ဆံပင်ကို ဆေးဆိုးထားသည်။ သူက ခေါင်းစွပ်လေးတစ်ခုကို စွပ်ထားသည်။ သူ့ခေါင်းစွပ်တွင် ရေးထိုးထားသည့် စာတန်းက Dope Shit ဖြစ်သည်။ တရုတ်သည် ဆူပါ ပါဝါအနေအထား မြင့်တက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အသက် ၂၀ ခန့်သာရှိသေးသည့် ကျောင်းသားအရွယ် အထင်ကြီးစရာမကောင်းသော ယင်ယုတစ်ယောက် အရေးပါသော နိုင်ငံ၏အခန်းကဏ္ဍတစ်ခုတွင် တာဝန်ထမ်းဆောင်နေရသူတစ်ဦးဟု ပြောလိုက်လျှင် ပိုပြီး အံ့အားသင့်သွားကြပေလိမ့်မည်။
07-Mar-2019
ဂျပန်နွေရာသီသည် အထီးကျန်အဘိုး အဘွားများကို သေမင်းနိုင်ငံ အမြန်ဆုံးပို့နေသည့် ရာသီဖြစ်နေသည်။ အဘွားချီကိုကတော့ ယနေ့အထိထိုအထီးကျန်စွာ သေဆုံးမှုကို မကြုံရသေး။ ယနေ့ သူ့မွေးနေ့ဖြစ်သော်လည်း သူ့ကိုဖုန်းခေါ်ပြီး မွေးနေ့ဆုတောင်းပေးသူမရှိ။ သူကလည်း လက်ဆောင်ကတ်ပေးစရာ တစ်ယောက်မှမရှိ။ သူက ဧကရာဇ် တိုင်ရှိုခေတ်တွင် မွေးဖွားလာသူဖြစ်သည်။ အသက် ၉၀ ကျော်သည့်တိုင် လောကတွင်နေထိုင်ရလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့။ သူ့မိသားစုအပါအဝင် ဆွေမျိုးမိတ်ဆွေတွေ အားလုံးတစ်ယောက်ပြီး တစ်ယောက်မရှိကြတော့ ပေ။ ယခုတိုက်ခန်းကို ၁၉၆၀ ပြည့်နှစ်ကတည်းက ခင်ပွန်းဖြစ်သူနှင့် ရောက်လာသည်။ ယခု သူ့ခင်ပွန်းလည်း မရှိတော့။
06-Mar-2019
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လာရောက်စခန်းချကာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့၏ အဂတိလိုက်စားမှုကိစ္စ ဖေဖော်ဝါရီလဆန်းမှ စတင်စုံစမ်းစစ်ဆေးနေသည်မှာ မတ်လထဲသို့ ရောက်လာခဲ့ပြီဖြစ်ရာ စစ်ဆေးမှု အချိန်ကြာလာသည်နှင့်အမျှ တနင်္သာရီတိုင်းသားတို့၏ ယုံကြည်မှုတို့ လျော့ကျလာသည်။
05-Mar-2019
အမေရိကရှိ အမြွှာမျှော်စင်တိုက်ကြီးနှစ်တိုက်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခြင်းခံရပြီး နှစ်လအကြာတွင် အသက် ၁၂ နှစ်ခန့်သာ ရှိသေးသည့် ဟမ်ဇာသည် အာဖဂန်ရိုးရာ ခေါင်းပေါင်းပါ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အစ်ကို သုံးယောက်နှင့်အတူ ပျက်စီးနေသည့် အမေရိကန်လုပ် ရဟတ်ယာဉ် တစ်စီးရှေ့တွင် လက်နက်များကိုင်ဆောင်ထားသည်ကို တွေ့လိုက်ကြရသည်။ ထိုဗီဒီယိုမှာ အယ်လ်ခိုင်းဒါးတို့အတွက် မီဒီယာကတစ်ဆင့် ဝါဒဖြန့်ခြင်းဖြစ်ပြီး၊ ဟမ်ဇာက အာရဗီဘာသာစကားဖြင့် ကဗျာတစ်ပုဒ်ကိုပင် ရွတ်နေလိုက်သေးသည်။ ထိုကဗျာမှာ တာလီဘန် ခေါင်းဆောင် မူလာမိုဟာမက် အိုမာရေးစပ်ထားသည့် ကဗျာဖြစ်သည်။