08-Dec-2020
ယောက်ျား ဖောင်စီး၊ မိန်းမမီးနေလို့ ဆိုရိုးစကားရှိခဲ့ပေမယ့် ယောကျာ်းအများစုက ဖောင်မစီး၊ ဖောင်မချတော့ ပါဘူး၊ အမျိုးသမီးတွေမှာတော့ သဘာဝတာဝန်အရ ကိုယ်ဝန်ဆောင်ရ၊ သား၊ သမီး မွေးဖွားရပါသေးတယ်။ လူ့ပြည်၊ လူ့လောကကြီး စည်ပင်ပွားများရာဟာ မိခင် တွေပဲ ဖြစ်ပါတယ်။ ပုခတ်လွှဲသောလက်တွေဟာ လောကကြီးကို စိုးမိုးနိုင်တာပေါ့။ ရှေ့တန်း စစ်မြေပြင် မှာရောက်နေတဲ့ စစ်သားတွေလို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကလည်း ရန်သူတွေ ဝန်းရံနေပါတယ်။ ကိုယ်တွင်း ပြောင်းလဲမှုတွေသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေးစတဲ့ အရေးအရာတွေရဲ့ တိုက်ခိုက်မှု တွေ ကိုလည်း ခံစားရတဲ့အတွက် အဘက်ဘက်က ထိုးနှက်တာကို ခံနေရပါတယ်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ သင်္ချိုင်းကို တစ်နေ့ မျက်စောင်းသုံးခါ ထိုးတယ်လို့ တင်စားပြောဆိုကြပါတယ်။