19-Dec-2020
ဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ နွေအကုန် မိုးအကူးကာလများဖြစ်ခြင်း၊ အထူးသဖြင့် မိုးရာသီ ကာလတွင်အဖြစ်များခြင်း၊ ကြေခဲသောအစာ၊ ပူလွန်း သောအစာ၊ ရောစပ်၍ မကောင်းသောအစာ၊ ဆန့်ကျင်ဘက်အစာများစားခြင်း၊ ပုပ်သိုးသောထမင်း ဟင်းလျာများစားခြင်း၊ အမှည့်လွန်သောအသီးများအစားများခြင်း၊ မသန့်ရှင်းသော ရေနှင့်အစားအသောက်များစားခြင်း၊ ပထမအစာမကြေမီ ဒုတိယ အစာစားခြင်း၊ ရံခါအစားများခြင်း၊ ရံခါအစားနည်း ခြင်း၊ အချိန်အခါမဟုတ်ဘဲ အစားစားခြင်း၊ အဆိပ် အတောက်ဖြစ်စေသော အစာကိုစားမိခြင်း၊ ရေတို့ တွင်လွန်စွာကစားခြင်း၊ ကြောက်လန့်ခြင်း၊ ပိုးတို့သည် အစာဟောင်းအိမ်၊ အစာသစ်အိမ်တို့ကို ဖျက်ဆီးခြင်း၊ နို့ဘူး၊ နို့သီးခေါင်းတို့ကို သန့်ရှင်းမှုမရှိခြင်း၊ အဆီ အစေးများသော အစားများစားခြင်း၊ မသန့်ရှင်းသော လက်လုပ်ချဉ်များ၊ ချဉ်ဖတ်များစားမိခြင်း၊ ကျင်ကြီးကျင်ငယ်တို့၏အဟုန်ကို တားမြစ်ခြင်းတို့ ဖြစ်သည်။