News

02-Jan-2020
ဒီနေရာမှာ ဂျပန်နိုင်ငံဆူနာမီဖြစ်စဉ်က အဖြစ်အပျက်လေးတစ်ခုအကြောင်း ဖတ်မိတယ်။ ဆူနာမီဖြစ်တော့ ရေလွှမ်းပြီးတစ်မြို့လုံးအတိ ဒုက္ခရောက်ကြတယ်။ အစားအသောက်ကအစ ခက်ခဲကုန်တယ်။ ကုန်တိုက်တွေမှာ တန်းစီကြရတယ်။ အားလုံးဒုက္ခရောက် ကြတာပဲ။
02-Jan-2020
ကုန်လွန်ခဲ့သော ၂၀၁၉ ခုနှစ်၏ မြင်ကွင်းသည် အဆင်း မလှခဲ့ပေ။ ၂၀၂၀ ဆိုသော နှစ်သစ်ထဲကို ချင်းနင်းဝင်ရောက်လာနေပြီဖြစ်သည့်အတွက် အစိုးရ၏ သက်တမ်းသည်လည်း ကုန်လွန်ဖို့ လွန်စွာနီးကပ်လာပြီ ဖြစ်သည်။ ပြည်သူ့ဘဝ ပြည်သူ့ဆန္ဒများကို အစိုးရက မည်မျှအထိ စွမ်းဆောင်နိုင်ခဲ့သည်ကို နှစ်စဉ်လိုလို ပြည်သူများက စောင့်ကြည့်နေခဲ့သည်။ ၂၀၁၉ ခုနှစ်ရဲ့ အဆိုးများ၊ စီမံခန့်ခွဲမှုအလွဲများကို သင်ခန်းစာယူကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ရန် ပြည်သူများက ယနေ့ထက်တိုင် မျှော်လင့်နေဆဲ ...
01-Jan-2020
Memory ဆိုသောခေါင်းစဉ်ဖြင့် ဖော်ပြသော ဆောင်းပါးနှင့် စာစုများမှာ The Voice Daily ကို ထုတ်ဝေနေသည့် Myanmar Partners Think Tank Group၊ ယခင် Living Color မဂ္ဂဇင်း၊ The Voice Weekly တို့ကို တည်ထောင်သွားသော ကွယ်လွန်သူ ဒေါက်တာနေဝင်းမောင် လွန်ခဲ့သော ၈ နှစ်ကျော်ခန့်က ရေးသားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲကောင်းများဖြစ်ပေါ်ရန် အမြဲပင်ဆန္ဒရှိခဲ့သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်သည့် ၈ နှစ်ပြည့်ကာလတွင် ၎င်း၏ အတွေးအခေါ်၊ အယူအဆနှင့် အမြင်များကို အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါသည်။ ယနေ့ သတင်းစာ၏ စာမျက်နှာ ၄ တွင် ဖော်ပြထားသည့် အယ်ဒီတာ့အာဘော်မှာလည်း တစ်ချိန်က ၎င်းရေးသားခဲ့ခြင်းဖြစ်ပြီး ယနေ့ထိတိုင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် များစွာ လတ်လတ်ဆတ်ဆတ်ရှိနေဆဲဖြစ်သည့်အတွက် အမှတ်တရအဖြစ် ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။
01-Jan-2020
ပို့ကုန်မြှင့်တင်ရေးကို မဖြစ်မနေပြုလုပ်ရန် လိုအပ်သွားပြီ ဖြစ်ပေသည်။ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံသားတိုင်းကို အလုပ်လုပ်ခွင့် ပေးရာတွင် အရင်းအမြစ်ချင်း နှိုင်းရအားသာချက် (COMPARATIVE ADVANTAGE ) ရှိသော လုပ်ငန်းများကို ဦးစားပေးတိုးချဲ့ရမည် ဖြစ်သကဲ့သို့ ယှဉ်ပြိုင်နိုင်စွမ်းအလို့ငှာ COMPETITIVE ADVANTAGE ရှိသော လုပ်ငန်းများထူထောင်ရန် လိုအပ်ပါသည်။
31-Dec-2019
တကယ်တော့ ငယ်ရွယ်နုပျိုခြင်း၏ အကြီးမားဆုံး တန်ဖိုးသည် နုပျိုခြင်းလည်းမဟုတ်၊ ရုပ်ရည်လှပခြင်းလည်းမဟုတ်၊ အားအင်နှင့်အလုပ်လုပ်နိုင်ခြင်းလည်း မဟုတ်၊ အမှားလုပ်နိုင်သည့် အခွင့်အရေးရော၊ လုပ်သင့်လုပ်ထိုက်သည့် အခွင့်အရေးကောင်းများကိုပါ ဖမ်းဆုပ်ထားဖို့ပင်မဟုတ်ပါလား။ လူတိုင်းလူတိုင်း ကမ္ဘာကြီးကို ပြောင်းလဲလိုကြသည်။ မနက်ဖြန်တွေ၏ အနာဂတ်သည် ပြောင်းလဲခြင်းများအောက်၌ လှပဖို့ စိတ်ကူးသည်။ လူတိုင်းဘဝတွင် လက်ရှိရောက်နေသောဘဝကို မဖြတ်သန်းခင် ဘဝအိပ်မက်ရည်ရွယ်ချက် စိတ်ကူးတွေ လှပနေသူချည်း ဖြစ်နိုင်သည်။ ထိုအိပ်မက်များသည် အပြစ်ကင်းနေပေလိမ့်မည်။ လူသားပီသမှုကိုလည်း ပြနေပေလိမ့်မည်။
29-Dec-2019
အနွေးထည်ဝယ်ယူသွားသော အမျိုးသမီးကြီး ရဲ့ပုံရိပ်များ ကျွန်တော့်အာရုံထဲ အလိုလိုရုပ်လုံး ပေါ်လာတယ်။ အမျိုးသမီးကြီးဟာ သူ့ကိုယ်သူအနွေး ဓာတ်ရရှိဖို့ကို သတိမမူ။ သူ့သားလေး အနွေးဓာတ်ရဖို့ကိုသာ စိတ်အားထက်သန်နေတာတွေ့ရတယ်။
29-Dec-2019
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူများဟာ အာခံတွင်းကင်ဆာ ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ တို့က အီးစီးကရက်သောက်တာဆိုပြီးလည်း လွတ်မယ် မထင်ပါနဲ့။ သူတို့ထဲမှာ ကင်ဆာကိုဖြစ်စေတဲ့ ကာစီနိုဂျင်စ်တွေ ပါဝင်ပါတယ်။
29-Dec-2019
လွန်ခဲ့သောတစ်နှစ်ခန့်က စတင်၍ ပြင်သစ်နိုင်ငံရှိမြို့ကြီးများ၏ လမ်းမများပေါ်တွင် အဝါရောင်ခါးပါတ် (Yellow Vest) ဟူ၍ တစ်ခါတစ်ရံ လူရာပေါင်း ထောင်ပေါင်းများစွာတို့ပါဝင်သော အလုပ်သမားများ၏ သပိတ်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြပါသည်။ Yellow Vest မှာ ပြည်သစ်မှ ကားသမားများ၏ ညအမှောင်တွင် ရောင်ပြန်ဟတ်နေသာဝတ်စုံဖြစ်၍ ကားတိုင်းတွင် ရှိကြရပါသည်။
22-Dec-2019
ယခုအခါ လွန်ခဲ့သည့်တစ်ပတ်က သီရိလင်္ကာသည် သမ္မတဂိုတာ ဘာယာ၊ ရာဂျာပတ်စားကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းဖြင့် သမ္မတမဟိန္ဒာရာဂျာပတ်စား၏ အစိုးရကို ပြန်လည်အသက်သွင်းလိုက်သလို ဖြစ်ခဲ့ရပါသည်။
22-Dec-2019
(၂) နေ့စဉ်မှာ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းကလည်း စားပေးသင့်ပါတယ်။ ဒါမှ မေမေလောင်းတို့ နဲ့ ဘေဘီလေးတွေ ကယ်ဆီယမ် အလုံအလောက်ရမှာပါ။ ကယ်ဆီယမ် အလုံအလောက် ရတဲ့အခါ အရိုးတွေ၊ သွားတွေကောင်းတယ်ပေါ့။ ဒိန်ချဉ်ဟာ ကယ်ဆီယမ်အပြင် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။
17-Dec-2019
ကျွန်တော့် အိတ်ကပ်ထဲသို့ ငွေတစ်ထောင် အတင်းပြန်ထည့်ပေး၏။ ကျွန်တော် ဘယ်လိုမှ ငြင်းမရခဲ့ပေ။ ကျွန်တော့်ဘက်က လိုလိုလားလား တောင်းဆိုသည်ကိုပင် မရောင်းသောသူ့ကို ကျွန်တော် တအံ့တဩ ဖြစ်ရပြန်၏။
15-Dec-2019
တက်စတိုစရုန်း ဟော်မုန်းအားကောင်းဆေးတွေဟာ ဟော်မုန်းတိုးတက်လာတာတော့ ဟုတ်ပါရဲ့။ အမျိုးသားတို့ နှလုံးတိုက်ခိုက်မှု Heart Attack ရနိုင်ခြေလည်း တက်လာတယ်လို့ ဆိုပါတယ်။ သွေးစီးကြောင်းထဲမှာ အနီရောင်သွေးဆဲလ်တွေ များလာစေပြီး ဝှေးဥကလေးတွေကိုလည်း ကျုံ့သွားနိုင်တယ်လို့ သုတေသနတွေက သတိပေးထားပါတယ်။
15-Dec-2019
နိုဝင်ဘာ ၉ ရက်နေ့က အိန္ဒိယတွင် အငြင်းပွားနေသော ဟိန္ဒူတို့၏ အထွတ်အမြတ်ထားရာနေရာတွင် ရာမကျောင်းဆောင်တည်ဆောက်ခွင့်ကို အိန္ဒိယအမြင့်ဆုံး တရားလွှတ်တော်က ချပေးလိုက်ပါသည်။ ဤနေရာသည် မွတ်စလင်တို့၏ မားစ်ဂျစ်ဗလီတည်ရှိခဲ့ရာ နေရာလည်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်က ထိုဗလီကို လူအုပ်စုဖြင့် ဝိုင်းဝန်းဖြိုချခဲ့ပါသည်။ ဟိန္ဒူများက သူတို့အောင်ပွဲအဖြစ် စနေနေ့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုလိုက်ကြပါသည်။
15-Dec-2019
တကယ်တော့ သည်ပွဲက ကျွန်တော်တို့တစ်တွေ မပြိုင်မီက ရှုံးနှင့်ပြီးဖြစ်သည်။ တရားမစွဲမီကပင် ကျွန်တော်တို့တစ်တွေ ရှုံးနှင့်ပြီးသား ဖြစ်သွားသည်။