News

24-Aug-2016
မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သော အာဏာရှင်စနစ်မှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည်တိုင်အောင် အကျဉ်းစခန်းများတွင် ညှဉ်းပန်းခြင်း၊ ကျွန်ကဲ့သို့ ခိုင်းစေပြီး လုပ်အားရောင်းစားခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မပြောင်းလဲဘဲ ဆက်လက်မင်းမူလျက် ရှိနေသေးသည်။
23-Aug-2016
သူမ ရေးသားသော အကြောင်းအရာများကို ထောက်ပြီး နိုင်ငံရေးကို စိတ်ကုန်ကာ အေးချမ်းစွာ နေထိုင်လျက်ရှိသည်ဟု ထင်ရသည်။ သို့သော် ထိုသို့ အေးချမ်းစွာဖြင့် မပူမပင် မကြောင့်မကြ နေနိုင်ရန်အတွက် မည်သို့ အခွင့်အရေးများ ရခဲ့သည် ဆိုသည်ကတော့ ဘုရားသခင်မှတစ်ပါး သိသူအခြားမရှိနိုင်ဟု ဆိုရမည်။
23-Aug-2016
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ်ကိုးနေသော်လည်း စီးပွားရေး အခြေခံအားနည်းမှုနှင့် တိုင်းရင်းသားအရေး ပဋိပက္ခများကြောင့် အင်အားကြီးနိုင်ငံအချို့၏ အကူအညီကို လိုအပ်လျက်ရှိသည်။ ဤကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန်သည် မြန်မာနိုင်ငံအတွက် လွန်စွာအရေးပါသည်။
21-Aug-2016
နိုင်ငံခြားရေးမူဝါဒ ထူးထူးခြားခြား ပြောင်းလဲ သွားတာမျိုး မတွေ့မိပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ပေါ့။ မြန်မာနိုင်ငံဟာ တရုတ်၊ အနောက်အုပ်စုတို့နဲ့ ဆက်ဆံရေးကို ဆက်လက် ဟန်ချက်ထိန်းထားချင်ပုံရပါတယ်။
21-Aug-2016
ဆင်းမ်ကတ်များ ပေါပေါသီသီ ကိုင်တွယ်လာကြခြင်းနှင့် မှတ်ပုံမတင်ထားသည့် ဖုန်းနံပါတ်များသာ များပြားနေသောကြောင့် ဖုန်းဖြင့်နှောင့်ယှက်မှုများ၊ အမှုအခင်းဆိုင်ရာများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ အသရေဖျက်မှုများ ဖြစ်ပေါ်လာပါက တိုင်ကြားမှုများ ပြုလုပ်၍ မရသကဲ့သို့ အော်ပရေတာများ အနေနှင့်လည်း ဖြေရှင်းပေးရန် အခက်တွေ့တတ်သည်။
21-Aug-2016
ဒီငနဲတွေရှေ့မှာ အကောင်အထည်ကြီး သွားပြလည်း သူတို့ ပြောနေတဲ့ ပိုကီမွန်လား ဘာလား အဲဒါတွေလောက် စိတ်မဝင်စားလို့ ကျုပ်ကို မော့ကြည့်တာတောင် မဟုတ်ဘူး။ ခက်သဗျာ ... ရန်ကုန်မှာ သရဲဖြစ်ရတာ တော်တော် မျက်နှာငယ်တာပဲ။
21-Aug-2016
တစ်ယောက်ယောက်က သေကြောင်း ကြံတော့မယ်ဆိုရင် ဘာတွေပြောမလဲ။ ဘယ်လို သံဘောင်ပေါ်က ဆင်းအောင် လုပ်ကြမလဲ။
21-Aug-2016
ငယ်ရွယ်စဉ် ဆိုတာ တက္ကသိုလ်တက်တဲ့ အရွယ်ပေါ့။ အဲဒီအရွယ်ကတည်းက စဉ်းစား တွေးခေါ်မှု ကောင်းရမယ်။ လိုချင်မှု ကြီးရမယ်။ ကြိုတင် ကြံဆမှု ရှိရမယ်။
20-Aug-2016
မြန်မာခေါင်းဆောင်များထဲတွင် Charismatic Leader ဖြင့် ထင်ရှားသူ နောက်တစ်ဦးမှာ အခြားမဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရေကြောမြေကြော ရှုံသွားသည့်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာခြင်း၊ ခေါင်းဆောင်နေရာ ရလာပုံ မတူညီခြင်းကြောင့် သူ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းထက်ပင် နိုင်ငံနယ်နိမိတ်ကျော်လွန် ထင်ရှားသူ ဖြစ်သည်။ Charismatic Leader တွင် အားသာချက်များစွာ ရှိသော်လည်း အားနည်းချက်တစ်ရပ်မှာ သူ့နေရာကို ဆက်ခံနိုင်မည့် ခေါင်းဆောင်ရှားပါးခြင်း ဖြစ်သည်။ ထို့ကြောင့် Charismatic Leader များ မရှိတော့လျှင် ခေါင်းဆောင်မှု လေဟာနယ် Leadership Vaccum ဖြစ်ပေါ်ပြီး သူတည်ဆောက်ခဲ့သော အဖွဲ့အစည်း သို့မဟုတ် ယဉ်ကျေးမှု ပြိုကျတတ်သည်။
18-Aug-2016
"တရုတ်နိုင်ငံဟာ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ဒါကြောင့် သူတို့ စိတ်ပျက်စေမယ့် အရာမျိုးကို ကျွန်မအနေနဲ့ လုပ်ဆောင်မှာ မဟုတ်ပါဘူး"
15-Aug-2016
အာဏာရ ငါးနှစ်သက်တမ်း၏ ပထမ ခြောက်လနီးပါး ရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသစ်သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပဋိပက္ခများကို ဖြေရှင်းရာတွင် ပြောင်းလဲမှု အရှိန်နှေးကွေးမှုကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရသည်။
14-Aug-2016
ပါးစပ်မှထွေးလိုက် သည့်အခါ တံတွေးသည် လေတွင်ပျောက်ကွယ်သွား သောကွမ်းယာမျိုးကို ဖန်တီးတတ်သည့်အတတ်ပညာအား ရှာဖွေပေးပါဦးလော့၊၊ မည်သည့်မော်တော်ယာဉ်က ဖြစ်စေ အရှိန်နှုန်း မြင့်ချင်သလောက် မြင့်ပါစေ ဖြတ်မောင်းလိုက်သည့်အခါ လမ်းပေါ်ရှိရေအိုင်များမှ နံဘေးသို့ ရေများလွင့်စင်မထွက်စေသည့် ဘီးတာယာများကို တီထွင်လိုက်နိုင်ပြီဆိုသည့် သတင်းမျိုးကိုလည်း မျှော်လင့်မိပါ၏၊၊
13-Aug-2016
ဇာတိမြေ ရေနံချောင်း၊ မုံရွာ၊ တောင်ကြီးမြို့များသို့ ဦးမောင်မောင်ဝမ်း ခရီးနှင်နေသည်။ အပန်းဖြေခရီးတော့ မဟုတ်။ မြန်မာလူငယ်တို့အတွက် ပညာအလင်းပေး ခရီးစဉ်များသာ။ ထပ်၍ ထပ်၍လည်း ဆန္ဒများ ပွေ့ပိုက်ကာ သူခရီးများကို နှင်နေဦးမည်က အမှန်။ ဆန္ဒပြင်းသော ဆယ်လမွန်၏ ခရီးတို့က မိုင်ထောင်ချီ ရှည်ကြာနေဦးမည်က မလွဲ။
13-Aug-2016
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ပိုကီမွန်ဂိမ်း ဆော့သူများကို ထင်ရှားသည့် နေရာများတွင် တွေ့နိုင်သည်။ လှည်းတန်း၊ မြို့တော်ခန်းမ၊ ရွှေတိဂုံဘုရား၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်၊ မဟာဗန္ဓုလပန်းခြံနှင့် အခြားသော လူစည်ကားရာ နေရာများတွင် ပိုကီမွန် ရောဂါစွဲစပြုသူများ မနည်းလှချေ။ ပိုကီမွန် အကောင်လေးများမှာလည်း လူစည်ကားရာ နေရာတွင်မှ ပိုမိုဖမ်းမိတတ်သည် မဟုတ်ပါလော။
12-Aug-2016
မူးယစ်ဆေးစီးကြောင်း ပြဿနာသည် လူပြောသူပြော များလွန်းနေပြီဖြစ်သည်။ လောင်းကစားနှင့် အခြားအပျော်အပါး ရေစီးများကလည်း .....ယင်းတို့အထဲမှ သာယာမိန်းမူးဖွယ် နောက်ထပ်စီးကြောင်း တစ်ခုကလည်း ရှိနေသေးသည်။ အချစ်ဆိုသည့် ရေစီးကြောင်း။