POST TYPE

ARTICLE

အမေရိကန်ကမ်းရိုးတန်းအနီး ရုရှားဗုံးကြဲလေယာဉ်များ ချဉ်းကပ်ခဲ့
19-Apr-2017 tagged as အမေရိကန်


ဂျူနို၊ ဧပြီ ၁၉

အမေရိကန် ပြည်ထောင်စု အလက် စကာပြည်နယ်အနီးရှိ နိုင်ငံတကာ လေပိုင်နက်ထဲသို့ ရုရှားဗုံးကြဲလေယာဉ်များ ပျံသန်းဝင်ရောက်လာမှုများ ရှိသည်ဟု VOA သတင်း တစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ ဗုံးကြဲလေယာဉ်များမှာ စုစုပေါင်း ၂ စင်းရှိပြီး ကြားဖြတ် ထောက်လှမ်းသိရှိခဲ့ကြောင်း အမေရိကန် စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

အမေရိကန် ဖိုက်တာဂျက်များက အဆိုပါ ဗုံးကြဲလေယာဉ်များကို ကြားဖြတ် ဟန့်တားခဲ့သည်။

အမေရိကန် F-22 ဖိုက်တာ လေယာဉ်နှစ်စင်းက ရုရှား TU-95 ဗုံးကြဲလေယာဉ်များကို ကြားဖြတ် ဟန့်တားခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ပြောခွင့်ရအရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး ဂယ်ရီရော့စ်က ပြောကြားခဲ့သည်။ 

ကြားဖြတ် ဟန့်တားမှုသည် လုံခြုံခဲ့ပြီး ကျွမ်းကျင်တည်ငြိမ်မှု ရှိခဲ့သည်ဟု ဂယ်ရီရော့စ်က ပြောကြားခဲ့သည်။

မြောက်အမေရိက လေပိုင်နက်အနီးသို့ လေကြောင်းမှ ချဉ်းကပ်မှုများ ရှိခဲ့ကြောင်း မြောက်အမေရိက လေကြောင်း ကာကွယ်ရေး ထိန်းချုပ်ဌာနချုပ်က စစ်ဆေး တွေ့ရှိခဲ့ပြီး ကာကွယ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

အဆိုပါ အဖြစ်အပျက်ကို အဓိက ထိန်းချုပ် ကာကွယ်ခဲ့သည်မှာ မြောက်အမေရိက လေကြောင်း အာကာသ ကာကွယ်ရေး ကွပ်ကဲမှု ဌာနချုပ်က ဖြစ်သည်။

ရုရှားစစ်လေယာဉ်များသည် အလက် စကာပြည်နယ် ကိုဒိုက်ကျွန်းအနီး မိုင်တစ်ရာအထိ ပျံသန်း ဝင်ရောက်လာခဲ့ ကြောင်း Fox News က သတင်းထုတ်ပြန်ထားသည်။

ရုရှားတိုက်လေယာဉ်များကို အမေရိကန် တိုက်လေယာဉ်များက ၁၂ မိနစ်ကြာ ဝန်းရံပျံသန်းကာ လေပိုင်နက်မှ ဝေးရာသို့ ပြန်လည် တွန်းပို့ခဲ့သည်ဟု သတင်းများက ဆိုသည်။

ထို့နောက် ရုရှား ဗုံးကြဲလေယာဉ်များသည် ရုရှားအရှေ့ဖျားဒေသများဘက်သို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြသည်ဟု ဆိုသည်။ 

F-02